Saturday, September 5, 2020

မိခင်ဖြစ်သူ၏ နောက်ဆုံးနာရေးကို သွားရောက်လိုသူ Quarantine ဝင်နေသည့် အမျိုးသမီးအား ကူညီပေး

မွန်ပြည်နယ် မော်လမြိုင် (၁၀) မြို့နယ်ဆောင်တွင် Quarantine ဝင်နေရသည့် ကျိုက်ခမီမြို့နေ ထိုင်းပြန် အမျိုးသမီး၏ မိခင်ဆုံးပါးသွားခဲ့သည့်အတွက် နောက်ဆုံးနာရေးသွားလိုကြောင်း အကူအညီ တောင်းခံလာသဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ကွန်ယက် အနေဖြင့် မော်လမြိုင်မှ ကျိုက်ခမီထိ လိုက်ပါပို့ဆောင်ကူညီပေးခဲ့ရကြောင်း အဆိုပါ ကွန်ယက်က သိရသည်။
ကျိုက်ခမီမြို့တွင် နေထိုင်သည့် ထိုင်းပြန်အမျိုးသမီးသည် မော်လမြိုင် (၁၀) မြို့နယ်ဆောင် တွင် Quarantine ဝင်နေစဉ်အချိန်တွင် မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါအမျိုးသမီး ထိစပ်ခဲ့သည့်နေရာများနှင့် အရာဝထ္တုတိုင်းကို ပိုးသတ်ဆေးဖြန်းပေးခဲ့ကြောင်းလည်းသိရသည်။
>zawgyi<
မိခင်ဖြစ်သူ၏ နောက်ဆုံးနာရေးကို သွားရောက်လိုသူ Quarantine ဝင်နေသည့် အမျိုးသမီးအား ကူညီပေး
Saturday, September 5, 2020
မွန်ပြည်နယ် မော်လမြိုင် (၁၀) မြို့နယ်ဆောင်တွင် Quarantine ဝင်နေရသည့် ကျိုက်ခမီမြို့နေ ထိုင်းပြန် အမျိုးသမီး၏ မိခင်ဆုံးပါးသွားခဲ့သည့်အတွက် နောက်ဆုံးနာရေးသွားလိုကြောင်း အကူအညီ တောင်းခံလာ သဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ကွန်ယက် အနေဖြင့် မော်လမြိုင် မှ ကျိုက်ခမီထိ လိုက်ပါပို့ဆောင် ကူညီပေးခဲ့ရကြောင်း အဆိုပါ ကွန်ယက်က သိရသည်။
ကျိုက်ခမီမြို့တွင် နေထိုင်သည့် ထိုင်းပြန်အမျိုးသမီးသည် မော်လမြိုင် (၁၀) မြို့နယ်ဆောင် တွင် Quarantine ဝင်နေစဉ်အချိန်တွင် မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါအမျိုးသမီး ထိစပ်ခဲ့သည့်နေရာများနှင့် အရာဝထ္တုတိုင်းကို ပိုးသတ်ဆေးဖြန်းပေးခဲ့ကြောင်းလည်းသိရသည်။

0 comments:

Post a Comment