Sunday, September 6, 2020

ခြံအမှတ်-၅၄ COVID-19 သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူး စည်းရုံးရေး ခရီးစဉ် အပြောင်းအလဲ မရှိ

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ် ခြံအမှတ်-၅၄တွင် နေထိုင်သူ ၁ ဦး COVID-19 ပိုး ကူးစက် ခံရတာကို ဒီကနေ့ စစ်ဆေးတွေ့ ရှိခဲ့ပေမယ့် စက်တင်ဘာ ၈ ရက် ကော့မှူးမြို့ကို သွားရောက်မယ့် ခရီးစဉ် အပြောင်းအလဲ မရှိဘူးလို့ သတင်း ရရှိပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူး ခရီးစဉ်ကတော့ အပြောင်းအလဲ မရှိပါဘူး ဟု မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံရေး ပါတီများ စက်တင်ဘာ ၈ ရက်က စတင်ပြီး မဲဆွယ် စည်းရုံးခွင့် ပြုကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ ခြံအမှတ်-၅၄ရှိ ပိုးတွေ့ရှိသူကို လှည်းကူးမြို့နယ်က ဖောင်ကြီးဆေးရုံမှာ တင်ပို့ကုသ နေကာ သူနဲ့ထိတွေခဲ့တဲ့ အခြား ၆ ဦးကိုလည်း Hotel Quarantine ထားရှိပြီး နေအိမ်ကို Lock Down ချထားတယ်လို့လည်း သတင်း ရရှိပါတယ်။

0 comments:

Post a Comment