Saturday, September 5, 2020

ဘရာဇီးမှာ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၉၀၀ ကျော် ထပ်တိုး

ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ အသစ် ၅၁၁၉၄ ဦး ရှိခဲ့ပြီး သေဆုံးသူ ၉၀၇ ဦး ထပ်တိုးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဘရာဇီးမှာ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ စုစုပေါင်း အတည်ပြု ပိုးတွေ့လူနာ ၄.၁ သန်းနီးပါးရှိလာခဲ့ပြီဖြစ်ကာ အမေရိကန် ပြည်ထောင်စုပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် ရောဂါကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် တောင်အမေရိကဒေသရဲ့ အကြီးဆုံးနိုင်ငံဟာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု လျော့သွားတဲ့ ကနဦး လက္ခဏာတွေ တွေ့လာရပါတယ်။
ဘရာဇီးနိုင်ငံရဲ့ တရားဝင် သေဆုံးအရေအတွက်ဟာ စုစုပေါင်း ၁၂၅၅၂၁ ဦး သို့ရောက်ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဝန်ကြီးဌာနဟာ သောကြာနေ့မနက်အစောပိုင်းက သေဆုံးအရေအတွက် ပိုနည်းတဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
>zawgyi<

0 comments:

Post a Comment