Saturday, September 5, 2020

ရန်ကုန်တွင် ကွာရန်တင်းစင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရ

ရန်ကုန်တိုင်းမှာ ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှု မြှင့်တက်လာပြီး ပိုးရှိလူနာနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့ Contact Person တွေများလာတာကြောင့် Quarantine စင်တာ မလုံလောက်တဲ့ပြသာနာ ရင်ဆိုင်နေရတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
” ခုဆိုရင် ကွာရန်တင်းတွေပြည့်နေလို့ ကျနော်တို့ လှိုင်က ပိုးတွေ့လူနာနဲ့ contact person တွေကို မှော်ဘီ GTC ကို သွားရောက်ပို့ဆောင်နေရတယ်။ အဝေးကြီးပဲသွားရတယ်။ Qစင်တာတွေက အရင်ကဖွင့်ထားတာတွေကို အကုန်ပြည့်နေတာ။ “လို့ လှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
လက်ရှိဖွင့်လှစ်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာ ပြည်ပကနေ ပြန်ရောက်လာသူတွေနဲ့ ပြည်တွင်းကူးစက်မှု လူနာရဲ့ တိုက်ရိုက်ဆက်စပ်သူတွေကိုပါ ထည့်ထားရတဲ့အခြေအနေတွေကြောင့် ကွာရန်တင်းစင်တာ လိုအပ်မှုတွေရှိလာနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းထဲကမြို့နယ်တွေမှာရှိတဲ့ အထက်တန်းကျောင်း ၊မူလတန်းကျောင်းတွေကို ကိုယ့်မြို့နယ်အလိုက် အရန် ကွာရန်တင်းစင်တာတွေပြုလုပ်ထားဖို့ ညွှန်ကြားမှုတချို့ရရှိထားတယ်လို့လည်း သိရပါတယ်။
အခုလက်ရှိ ရန်ကုန်တိုင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၃၇)ဦးအထိ ရှိနေပြီး Stay Home သက်မှတ်ထားတဲ့ မြို့နယ်တွေကတော့ အင်းစိန်မြို့နယ် အပါအဝင် မင်္ဂလာဒုံ၊ သာကေတ၊ ‌သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ လှိုင်မြို့နယ် စုစုပေါင်း ၇ မြို့နယ်ရှိပါတယ်။
>zawgyi<

0 comments:

Post a Comment