Sunday, September 6, 2020

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာတော် ၄ ပါး ပြန်လွတ်မြောက်လာ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ALP အတွက် လူသစ်စုသည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာ ၄ ပါး စက်တင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းက ပြန်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရပါတယ်။
၂၀၂ဝခုနှစ်၊ သြဂုတ်လ၊ ၁၈ရက်နေ့ ညပိုင်း (၉)နာရီအချိန်ခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ်များကိုင်ဆောင်လျှက် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လောကမူရပ်ကွက်ရှိ ရွှေစည်းဝ (ပြင်ဈေး)ကျောင်းတိုက်သို့ ရောက်ရှိလာပြီး မြောက်ဦးမြို့၊ လက်ကောက် ဈေးရပ်ကွက်ရှိ မြို့ဦးခေါင်းကျောင်း တိုက် ဆရာတော် ဦးဝဏ္ဏသာရနှင့် ရွှေစည်းဝ(ပြင်ဈေး) ကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယ အပါအဝင် သံဃာတော် ၃ ပါး၊ စုစုပေါင်း ၄ ပါးအား ALP အဖွဲ့အတွက် လူသစ်စုဆောင်း သည်ဟုဆိုကာ စွပ်စွဲပြောဆိုပြီး သင်္ကန်းများချွတ်၍ မျက်နှာများအား အဝတ်မဲများဖြင့် အုပ်ကာ ဆိုင်ကယ် ၇ စီးခန့်ဖြင့် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၁၈ဘရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
“ မနေ့ကပြန်လွတ်လိုက်တယ်။ ၁၁ နာရီအချိန်မှာ ကျောင်းကိုရောက်တယ်။ သူတို့ကတော့ ကိုယ်တော်တို့ကို သံသယတစ်ခုခုနဲ့ ခေါ်ယူစစ်ဆေးတာလို့ပြောလို့ရတယ်။အခုတော့ ဘာမှမဟုတ်လို့ပြန်လွတ်လိုက်တာ ဖြစ်တယ်။ အခုလို အမှားအမှန်သိပြီး ပြန်လွတ်ပေးလိုက်တာကို ဝမ်းသာတယ်”ဟု မြို့ဦးခေါင်းဆရာတော်က မိန့်သည်။
AA အဖွဲ့အနေဖြင့် ၎င်းတို့အားမထောက်ခံသည့်သူများအား တပ်သတင်းပေးများ၊ သစ္စာဖောက်များဟူ၍ခေါင်းစဉ်တပ်ကာ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသောကြောင့် ရခိုင်မြောက်ပိုင်းရှိဒေသခံများမှာ ၎င်းတို့နှင့်လွတ်ရာ မြို့ပေါ်တိုက်ပွဲရှောင် စခန်းများနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

0 comments:

Post a Comment