Sunday, September 6, 2020

ဧရာဝတီတိုင်းအတွင်း ထပ်တိုးပိုးတွေ့လူနာ ၂ ဦးမှာ ရဲတပ်ကြပ်တစ်ဦးနှင့် ရန်ကုန်ပြန်တစ်ဦးဖြစ်နေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက်မနက် ၈ နာရီ ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့သည့် ဧရာဝတီတိုင်းမှ ထပ်တိုးလူနာ ၂ ယောက်ထဲတွင် ကျုံပျော်မြို့နယ်မှ တစ်ဦးကတော့ အခေါင်မြို့ မှော်ထူရွာကဖြစ်ပြီး ရန်ကုန်ကအပြန် အသွားအလာကန့်သတ် စောင့်ကြည့်ကန့်သတ်နေရင်း ၁၀ ရက်အကြာမှာ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဟင်္သာတမြို့နယ်မှ တစ်ဦးကတော့ ရဲနယ်မြေရဲစခန်းက ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင် ပြည်နယ်မှ ခိုးဝင်ဘင်္ဂလီများကို လုံခြုံရေးယူရင်း ကူးစက်ခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment