Sunday, September 6, 2020

ရန်ကုန်တိုင်းအတွင်းရှိ စားသောက်ဆိုင်အားလုံး ပါဆယ်စနစ်ဖြင့်ရောင်းရန် ညွှန်ကြား

ရန်ကုန်တိုင်းထဲမှာ ရှိတဲ့စားသောက်ဆိုင်တွေအားလုံး ပါဆယ်စနစ်နဲ့ပဲ ပြန်ရောင်းကြဖို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
တိုင်းထဲမှာ ကိုဗစ်-၁၉ ပျံ့နှံ့တာကို ထိန်းချုပ်တာ အထောက်အကူဖြစ်ဖို့နဲ့ လူစုလူဝေးကို အတတ်နိုင်ဆုံးရှောင် ရှားနိုင်ဖို့ တိုင်းထဲမှာရှိတဲ့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေအနေနဲ့ စက်တင်ဘာ ၈ ရက်ကစလို့ ပါဆယ်စနစ်နဲ့ပဲ ရောင်းကြရမယ်လို့ဆိုပါတယ်။
နောက်ထပ်ညွှန်ကြားချက်တစုံတရာမရမချင်း ဆိုင်ထိုင်စနစ်နဲ့မရောင်းရဘူးလို့လည်း ညွှန်ကြားထားပါတယ်။
မြို့နယ်ကညွှန်ကြားစာရလို့ ဆိုင်တွေကို လိုက်ပြီး သတိပေး အကြောင်းကြားနေတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က ပြောပါတယ်။
ကိုဗစ်-၁၉ လူနာအများအပြားကို ရန်ကုန်တိုင်းမှာတွေ့ပြီးနောက်ပိုင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ထမင်းဆိုင်တွေကို ပါဆယ်စနစ်နဲ့ပဲရောင်းဖို့ ညွှန်ကြားခဲ့ဖူးပြီး ပိုးတွေ့တာ ပြန်လျော့လာတဲ့အချိန်မှာ သက် ဆိုင်ရာ ကော်မတီတွေက လိုက်စစ်ပြီး သတ်မှတ်ချက်နဲ့ ညီတဲ့ ဆိုင်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။
ရန်ကုန်တိုင်းထဲမှာပိုးတွေ့လူနာတွေပြန်များလာပြီးနောက်ပိုင်းသင်္ဃန်းကျွန်းမြို့နယ်၊မြောက်ဥက္ကလာပမြို့ နယ်၊ သာကေတမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ကို Stay at Home အစီအစဉ်မှာ အကျုံးဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Ref ; DVB

0 comments:

Post a Comment