Sunday, September 6, 2020

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းကို လူ(၅၀)ဦးထက် မပိုရနှင့် လိုက်နာရမည့် စည်းကမ်းချက်များ အမိန့်ထုတ်ပြန်

ယခုလာမယ့် နိုဝင်ဘာလ ၈ နေ့ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောမှုတွေမှာ လူဦးရေ (၅၀)ဦးထက်မပိုရဘူးနဲ့ လိုက်နာရမဲ့ စည်းကမ်းချက်များကို စက်တင်ဘာလ ၆ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်( ၁၇၃ / ၂၀၂၀) အား အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ်လ (၁၂)ရက်ကထုတ်ပြန်ထားတဲ့ အမိန့်ကြေညာချက်မှာလူ ၃၀ဦးထက်စုဝေးခွင့် မပြုဘူးဆိုတဲ့ အမိန့်ကြေညာချက်ကို လက်ရှိထုတ်ပြန်လိုက်တဲ့ လူ၅၀ဦးထက်ပိုပြီးစုဝေးခွင့်မရဘူးဆိုတဲ့အမိန့်ကြေညာချက်နဲ့ ဖြည့်စွတ်ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောမှုတွေမှာ နေရာအနေအထား အကျယ်အဝန်းအပေါ်မှာမူတည်ပြီး ဟောပြောမှုတစ်ကြိမ်ပြုလုပ်ရင် လူ ၅၀ဦးထက်မပိုရဘူးလို့သိရပါတယ်။
ဟောပြောမှုအတွက် နေရာချထားဆောင်ရွက်ရာမှာလည်း လေဝင်လေထွက်ကောင်းတဲ့နေရာကိုရွေးချယ်ရမဲ့အပြင် လူတစ်ဦးနဲ့တစ်ဦးကို ၆ပေအကွာ ထားရှိရမှာဖြစ်ပြီး နေရာအနေအထားအကျယ်အဝန်းတွက်ချက်ရာမှာလည်း အခြေခံအနေနဲ့လူတစ်ဦးအတွက် ၃၆စတုရန်းပေနှုန်း နဲ့တွက်ချက်ရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်း သိရှိရပါတယ်။

0 comments:

Post a Comment