Sunday, September 6, 2020

ကူးစက်မှုနှုန်းမြင့်တက်နေသော COVID-19 ကြောင့် ရန်ကုန်တိုင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များ စက်တင်ဘာ ၈ ရက်မှစ၍ ပါဆယ်စနစ်ဖြင့်သာ ပြန်လည်ရောင်းချရမည်ဖြစ်

လက်ရှိတွင် ကူးစက်မှုနှုန်းမြင့်တက်နေသော COVID-19 ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအားလုံးတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်၊ ထမင်းဆိုင်များအားလုံးမှာ စက်တင်ဘာလ ၈ ရက်နေ့ကစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည် ဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဆိုင်ထိုင်စားသည့်စနစ်ကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကာ တစ်စုံတစ်ရာ ညွှန်ကြားချက် မထုတ်ပြန်မခြင်း ယခုအမိန့် အတိုင်းသာ ရောင်းချရမည်ဖြစ်ကြောင်းလည်း အမိန့်စာများတွင် ဖော်ပြထားသည်။
အဆိုပါအမိန့်ညွှန်ကြားချက်ကို ယနေ့(စက်တင်ဘာ ၆)ရက်တွင် တာမွေ၊ ကြည့်မြင်တိုင်မြို့နယ်များအပါအဝင် မြို့နယ်အသီးသီးရှိ ပြည်သူများသို့ အသိပေးခြင်းများ ပြုလုပ်လျှက်ရှိသည်။

0 comments:

Post a Comment