Saturday, September 5, 2020

ကိုဗစ်-၁၉ရောဂါပိုး နှစ်ကြိမ်ဆက်တိုက်မတွေ့တော့သည့် လူနာ ၂ ဦး တီးတိန်မြို့ပြည်သူ့ဆေးရုံမှဆင်း

ချင်းပြည်နယ် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ Case-345နှင့် Case-359တို့သည် ရောဂါပိုးနှစ်ကြိမ် ဆက်တိုက်မတွေ့တော့၍ယနေ့ နံနက် ၁၁နာရီကဆေးရုံမှ ဆင်းခွင့်ရပြီး Home Quarantine ဆက်လက်ခံယူမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဆေးရုံဆင်းခွင့်ရသူ ၂ ဦး သည် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာနှင့်တီးတိန်မြို့၊စကောလမ်းရပ်ကွက်​နေသူတို့ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်ပြီး တီးတိန်မြို့ပြည်သူ့ဆေးရုံ၊ဝန်ထမ်းအိမ်ရာရှစ်ခန်းတွဲ နှစ်ထပ်ဆောင်တွင် စောင့်ကြပ်ကုသမှု ခံယူသူ အမျိုးသားနှစ်ဦးဖြစ်သည်။
တီးတိန်မြို့၊ပြည်သူ့ဆေးရုံ၌ ယခုလတ်တလောအချိန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား (၂)ဦးကိုဆက်လက်စောင့်ကြပ်ကုသမှု ခံယူလျက်ရှိကြောင်းမြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
>zawgyi<
ကိုဗစ်-၁၉ရောဂါပိုး နှစ်ကြိမ်ဆက်တိုက်မတွေ့တော့သည့် လူနာ ၂ ဦး တီးတိန်မြို့ပြည်သူ့ဆေးရုံမှဆင်း
Saturday, September 5, 2020
ချင်းပြည်နယ် တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ Case-345နှင့် Case-359တို့သည် ရောဂါပိုးနှစ်ကြိမ် ဆက်တိုက်မတွေ့တော့၍ယနေ့ နံနက် ၁၁နာရီကဆေးရုံမှ ဆင်းခွင့်ရပြီး Home Quarantine ဆက်လက်ခံယူမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဆေးရုံဆင်းခွင့်ရသူ ၂ ဦး သည် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာနှင့်တီးတိန်မြို့၊စကောလမ်းရပ်ကွက်နေသူတို့ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်ပြီး တီးတိန်မြို့ပြည်သူ့ဆေးရုံ၊ဝန်ထမ်းအိမ်ရာရှစ်ခန်းတွဲ နှစ်ထပ်ဆောင်တွင် စောင့်ကြပ်ကုသမှု ခံယူသူ အမျိုးသားနှစ်ဦးဖြစ်သည်။
တီးတိန်မြို့၊ပြည်သူ့ဆေးရုံ၌ ယခုလတ်တလောအချိန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား (၂)ဦးကိုဆက်လက်စောင့်ကြပ်ကုသမှု ခံယူလျက်ရှိကြောင်းမြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

0 comments:

Post a Comment