Sunday, September 6, 2020

အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ထိုင်းနိုင်ငံမှဖြတ်၍ ဝင်ရောက်နိုင်မည့် တူးမြောင်းအသစ်အား တရုတ်နိုင်ငံမှအလိုရှိ

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ တင်းမာမှုများမြင့်တက်လာချိန်၌ပင် တရုတ်နိုင်ငံ အနေဖြင့် အိန္ဒိယသမုဒ္ဒရာဆီသို့ဝင်ရောက်ရာတွင် ခရီးအကွာအဝေး ကီလိုမီတာပေါင်း ၁,၁၀၀ အား ချုံ့ပစ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ Kra Isthmus မှတစ်ဆင့်ဖြတ်သန်း၍ တူးမြောင်း ဖောက်လုပ်ရန်ဆန္ဒရှိနေကြောင်း အင်တာနက်သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါသတင်းအနေဖြင့် ဖြစ်နိုင်ချေ နည်းမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ရမည်ဖြစ်ပေသည်။
လက်ရှိအနေအထားတွင် တရုတ်နိုင်ငံ၏ ဆီတင်သင်္ဘောကြီးများ၊ ကုန်သင်္ဘော များ၊ စစ်ရေယာဉ်များအနေ ဖြင့် မလက္ကာရေလက်ကြားမှတစ်ဆင့် စင်ကာပူနှင့် အနောက်မလေးရှားတို့ကိုပတ်၍ အိန္ဒိယသမုဒ္ဒရာဆီသို့ ခုတ်မောင်းသွားလာနေရခြင်း မှာ ၎င်းတို့အတွက် အားနည်းချက်တစ်ရပ်ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံ တောင်ဘက်ပိုင်းရှိ အက်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့အကြား “ထိုင်းတူးမြောင်း” တည် ဆောက်ဖောက်လုပ်ခြင်းဖြင့် အဆိုပါအားနည်းချက်အား တရုတ်နိုင်ငံအနေဖြင့် လျှော့ချနိုင်မည်ဟု ချိန်ဆသုံးသပ်လျက်ရှိပြီး စီမံကိန်းအနေဖြင့် ခန့်မှန်းခြေ ကာလတန် ကြေး အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ခန့်ကုန်ကျမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့အတွက် အမှန်တကယ် အသုံးဝင်မည်ဆိုပါက ငွေကြေး မည်မျှကုန်ကျစေကာမူ လုပ်ဆောင်မည့်သဘောရှိပါသည်။ အဆိုပါကိစ္စရပ်အား မဖြစ် နိုင်ဟုယူဆ၍ရသော်လည်း ပစိဖိတ်သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာအား ဆက်သွယ် ပေးသည့် ပနားမားတူးမြောင်းမှာ သက်သေပင်ဖြစ်ပေသည်။ ရာစုနှစ်တစ်ခုကျော်ကြာ ထိ အမေရိကန်တို့၏ လွှမ်းမိုးမှုဒဏ်ခံခဲ့ရစေသည့် ပနားမားတူးမြောင်းသည်လည်း နိုင်ငံခြားရေးမူဝါဒများဖြင့် မဖြစ်ဖြစ်အောင်ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။ ယခု အကောင်အထည်ဖော်လာနိုင်သည့် “ထိုင်းတူးမြောင်း” စီမံကိန်းသည် အဆိုပါကိစ္စရပ် ကဲ့သို့ နိုင်ငံခြားရေးမူဝါဒအရ အပြိုင်အဆိုင်ဖြစ်ဦးမည်ဖြစ်ပါသည်။ အဆိုပါ တူးမြောင်း အကောင်အထည်ပေါ်လာမည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအပေါ် ပိုမို လွှမ်းမိုးချုပ်ကိုင်လာနိုင်မည်ဖြစ်ပေသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံခြားရေးမူဝါဒအရ တရုတ်နိုင် ငံအား မျက်နှာသာလွန်စွာမပေးသည့် အစိုးရအာဏာရလာပါက ၎င်းစီမံကိန်း ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်စလင်သူပုန်များကို အားပေးသကဲ့သို့ပင်ဖြစ်သွား နိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ၎င်းတူးမြောင်းသည် တရုတ်နိုင်ငံ၏ “ပုလဲသွယ် (String of Pearls)” မူဝါဒမှ တစ်စိတ်တစ်ဒေသဖြစ်ပြီး ကမ္ဘောဒီးယား၊ သီ ရိလင်္ကာနှင့် Djibouti နိုင်ငံတို့မှ ဆိပ်ကမ်းများ၊ ရေတပ်အခြေစိုက်စခန်းများအပေါ် လွှမ်းမိုးချုပ် ကိုင်လာနိုင်ကာ တရုတ်ရေတပ်အနေဖြင့် အိန္ဒိယနိုင်ငံအား ပိတ်ဆို့ဝန်းရံ ခြိမ်းခြောက် လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source - Mg Moe

0 comments:

Post a Comment