Thursday, March 10, 2016

တင်းနစ်လောကသို့ တစ်ကျော့ပြန်လည်ဝင်ရောက်မည်ဟု ရှာရာပိုဗာ ကတိပြု၊၊ လေးနှစ်ကျော် ပွဲပယ်ခံရဖွယ်ရှိ


မယ်လ်ဒိုနီယမ်တားမြစ်ဆေးဝါးကို သတိလက်လွတ် အသုံးပြုခဲ့မိသည့်အတွက် တားမြစ်ဆေးစစ်ဆေးမှုကျရှုံးခဲ့ရသော ရှာရာပိုဗာသည် သူမအနေနှင့် ပွဲပယ်ပြစ်ဒဏ်ကာလ လွန်မြောက်ချိန်တွင် တင်းနစ်လောကသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာမည်ဟု ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် သူမ၏ပရိသတ်များကို ကတိပြု ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

နိုင်ငံရေးအခင်းအကျင်းသစ်နှင့်အပြိုင် သံအမတ်သစ်များ မြင်တွေ့ရမည်


မြန်မာနိုင်ငံတွင် ပထမဆုံးဒီမိုကရက်တစ် အရပ်သား အစိုးရတက်လာတော့မည့် ကာလအတွင်းအမေရိကန်၊ တရုတ်အပါအ၀င် နိုင်ငံအများအပြားက မြန်မာနိုင်ငံ ဆိုင်ရာ ၎င်းတို့၏သံအမတ်ကြီး များအား အသစ်ပြောင်းလဲခန့်အပ် မှုများ ပြုလုပ်နေသည်။

အရက်သောက်ပြီး တစ်နာရီအတွင်း လေဖြတ်ခြင်းနှင့် နှလုံးရောဂါထနိုင်သည့် အန္တရာယ်နှစ်ဆမြင့်မား

အရက်သောက်သုံးပြီးနောက် တစ်နာရီအတွင်း လေဖြတ်ခြင်းနှင့် နှလုံးရောဂါထခြင်းဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်နှစ်ဆမြင့်မား ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရသည်။
ယင်းအန္တရာယ်နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ သိရှိနိုင်ရန် လေ့လာမှုပေါင်း ၂၃ ခုတွင် လူသုံးသောင်းကျော်ကို သုတေသနပြု ခဲ့ခြင်းဖြစ်သည်။
အရက်အတန်အသင့်သောက်သုံးလျှင်ပင် အရက်သောက်သူ ၏ လေဖြတ်နိုင်ခြင်း (သို့မဟုတ်) နှလုံးရောဂါထနိုင်သည့် အန္တရာယ်ကို နှစ်ဆမြင့်တက်စေနိုင်ကြောင်း အမေရိကန်သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ဒီတစ်ပတ်ကြည့်ရမယ့် ရုပ်ရှင် - friend request


- ဒီတစ်ခါပိတ်ရက်မှာ ရုပ်ရှင်ကြည့်မယ် စိတ်ကူးထားသူတွေအတွက် လှုပ်လှုပ်ရှားရှားနဲ့ အသည်းထိတ်ရမယ့် ဇာတ်ကားလေးဖော်ပြလိုက်ပါတယ်။ ဇာတ်လမ်းကိုအကြောင်းအရာက ဆိုရှယ်မီဒီယာတွေကြားမှာ မွေ့လျော်တဲ့ ယနေ့ခေတ်ကာလနဲ့ အံကိုက်ရိုက်ကူးထားတဲ့ ဂျာမန်သည်းထိတ်ရင်ဖိုသရဲကားပါ။

Tuesday, March 8, 2016

အတုယူ မမှားစေရေး ဆင်ခြင်တွေး ယဉ်ကျေးကြပါ တို့မြန်မာ


ခေတ်ပြောင်း လာသည်နှင့်အမျှ ပွင့်လင်းမြင်သာမှု ရှိရေးကို ဦးစားပေးတောင်းဆို လာကြသည်။
သို့သော် ကိစ္စရပ်တိုင်း၌ ပွင့်လင်းမြင်သာမှု ရှိရေး တောင်းဆိုရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း ဆင်ခြင်စဉ်းစားသင့်သည်။ ''လျှို့ဝှက်အပ်သော အမှုကိစ္စကို ယင်းအမှုကိစ္စ မပြီးမီ မည်သူ့ကို မျှမပြောရ'' ဟု လမ်းညွှန်ထားသည်ကို မဟော်သဓာ ဇာတ်တော်တွင် ထင်ရှားစွာတွေ့မြင်နိုင် ပေသည်။ ထို့အတူ ဝတ်စား ဆင်ယင်ရေးတွင်လည်း ပွင့်လင်းမြင်သာမှု ရှိလွန်းလျှင် သင့်၊ မသင့် ဦးနှောက်ဖြင့် ဆင်ခြင်စဉ်းစား ဆောင်ရွက်သင့်သည်။ ''မြန်မာအမျိုးသမီးမှ ဟုတ်ပါလေ စ'' ဟု မေးရလောက်အောင် ဟီရိ(အရှက်)ကို စွန့်ပယ်ကြသည်။ ''အရှက်ရှိမှ အကြောက်ရှိ သည်''ဖြစ်ရာ ဟီရိ(အရှက်)ကို စွန့်ပယ်လိုက်သည်နှင့် သြတ္တပ္ပ (အကြောက်)ကိုပါ စွန့်ပယ်ပြီး ဖြစ်နေသည်ကို သတိမူသင့်သည်။ ဟီရိသြတ္တပ္ပ တရားနှစ်ပါးသည် လောကပါလ တရားနှစ်ပါး ဖြစ်သည်ဟု မြန်မာတို့ ယုံကြည်လက်ခံထားကြရာ ထိုတရား နှစ်ပါးကို စွန့်ပယ်လိုက်လျှင် လောကပါလတရား (လောကကို စောင့်ရှောက်သောတရား) ပျက်ယွင်း သွားပြီဖြစ်၍ လောက ကြီး ကမောက်ကမနှင့် ကျွမ်းထိုးမှောက်ခုံ ဖြစ်လာ မည့်အရေးကို မျှော်တွေး၍ အချိန်မီပြင်ဆင် သင့်ကြပေသည်။ ဆရာကြီးဇော်ဂျီက ''လေးစားထိုက်သော အလုပ်မှန်သမျှတွင် ဖြတ်လမ်း မရှိ'' ဟု မိန့်ဆိုခဲ့သည်ကို သိစေချင်သည်။ အမျိုးသားစာပေ တစ်သက်တာဆုရှင်၊ အမျိုးသား စာပေဆုများရှင်၊ စာပေဖြင့် ပြည်သူကို အကျိုးပြုနေသော ဆရာကြီး ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ''လေးစားထိုက်သော အလုပ်မှန်သမျှတွင် ဖြတ်လမ်းမရှိဆိုတဲ့ စကား ဒါ ကျွန်တော်ပြောတဲ့ စကားမဟုတ်ဘူး။ ဆရာဇော်ဂျီ ပြောခဲ့တဲ့စကားပါ။ သိပ်ကြိုက်တယ်။ သိပ်တန်ဖိုးထားတယ်။

ဓာတ်လှေကားထဲ တစ်လမျှ ပိတ်မိပြီး သေဆုံးနေသည့် အမျိုးသမီးကိစ္စ တရုတ်တွင် ဝေဖန်မှုများ မြင့်တက်နေ


တရုတ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ရာမှ အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်း ပိတ်မိပြီး သေဆုံးနေမှုအပေါ် အွန်လိုင်းတွင် ထိတ်လန့်တကြား ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။
အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦး၏ အခြေအနေ ဆိုးရွားစွာ ဖြစ်နေသော ရုပ်အလောင်းကို သူမ သေဆုံးပြီး တစ်လမျှ အကြာတွင် ဓာတ်လှေကားထဲ၌ ပြန်လည် တွေ့ရှိခဲ့သည်။ ဇန်နဝါရီ ၃၀ က ရှီယန်းရှိ ဂေါင်လင်း ရပ်ကွက်မှ လူနေတိုက်ခန်းတွဲ တစ်ခုတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်သားနှစ်ဦးက ဓာတ်လှေကားကို ဓာတ်အား ဖြတ်တောက် ခလုတ်ပိတ်သွားခဲ့သည်။ ထိုအချိန်တွင် အမျိုးသမီးမှာ ဓာတ်လှေကား အတွင်း၌ ရှိနေခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။

Monday, March 7, 2016

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင်မှု စတင်


စစ်ရေးလေ့ကျင့်မှုကို ပူးပေါင်းရန် တောင်ကိုရီးယား ဆိပ်ကမ်း ဘူဆန်မှ ထွက်ခွာလာသည့် အမေရိကန် လေယာဉ်တင်သင်္ဘော USS Bonhomme Richard (ဓာတ်ပုံ – Yonhap)

အမေရိကန်နှင့် တောင်ကိုရီးယားတို့ရဲ့ ပုံမှန်ပြုလုပ်တဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့် မှုတရပ်ကို မနေ့က စတင် လိုက်ပြီဖြစ်ပါတယ်၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပေါ် တန်ပြန်ဖို့ ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုကို မတ်လ ၇ရက်နေ့ကစ၍ ဧပြီလ အထိ ပြုလုပ်မှာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင်မှုမှာ အမေရိကန်တပ်သား ၁သောင်း ၇ထောင်နဲ့ ကိုရီးယားတပ်သား ၃သိန်း ပါဝင်မှာဖြစ်သလို မတ်လ ၇ရက်နေ ၁၈ ရက်နေ့အထိ အမိန့်ပေးမှု လေ့ကျင်ခန်းနဲ နောက်ပိုင်းမှာတော့ စစ်ရေးလေ့ကျင့်မှုဆိုပြီး ၂ပိုင်းခွဲခြားပြုလုပ်မှာဖြစ်ပါတယ်။

ဗျိုင်းနားလို့ ပေါက်ပင်ကိုင်းရတယ်


မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကအခြေခံ သည့်နိုင်ငံအဖြစ် ရပ်တည်နေရဆဲဖြစ်သည်။ တောင် သူလယ်သမားကြီးများသည် လယ်ယာထုတ်ကုန် လုပ်ငန်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို သယ်ပိုးနေကြသူများဖြစ်ကြသည်။ တိုင်းပြည်ရိက်္ခာဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေးတို့အတွက် အရေးပါသည့်ကဏ္ဍမှပါဝင်ဆောင်ရွက်နေကြ သူများဖြစ်ကြသည်။ ခေတ်အဆက်ဆက်နိုင်ငံတော် နှင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးနေကြသူများ ဖြစ်ကြသည်။သို့ဖြစ်၍ ကျေးဇူးရှင်ကြီးများအဖြစ် အသိအမှတ်ပြုခံရသူများဖြစ်သည်။သို့ရာတွင် တောင်သူလယ်သမားများ၏သမိုင်းကြောင်းကို ပြန် လည်ဆန်းစစ်ကြည့်ပါက ၎င်းင်းတို့၏ဘ၀မှာ သာယာ ချောမွေ့မှုမရှိသည်ကို ၀မ်းနည်းဖွယ်ရာတွေ့ရှိရ ပေသည်။ရှေးမြန်မာမင်းများလက်ထက်က တောင် သူလယ်သမားများသည် စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ၏ ဆယ်ဖို့ တစ်ဖို့၊ ဆယ်ခိုင်တစ်ခိုင်ကို တိုင်း ပြည်ရိက်္ခာ၊ တိုင်းပြည်ဘဏ္ဍာအတွက် ပေးသွင်းကြ ရသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ် သည့်အခါ ကိုယ့်ရိက်္ခာကိုယ်စား၍ စစ်သည်များ အဖြစ် အမှုတော်ထမ်းကြရသည်။ မင်းမျိုး၊ ပုဏ်္ဏား မျိုး၊ သူဌေးသူကြွယ်နှင့် ဆင်းရဲသားမျိုးဟူ၍ ရှိကြ သည့်အနက် နောက်ဆုံးအလွှာ၌သာ အသိအမှတ် ပြုခြင်းခံရသည်။

PATJASAN နဲ့ KIA ဘာလဲ ဘယ်လဲ


ဖေဖော်ဝါရီ ၂၄ ရက်က ပြည်ထောင်စုလွှတ် တော်၌ ၀ိုင်းမော်မဲဆန်္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်က ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွား နေသည့် ဘိန်းခင်းများတိုက်ဖျက်ရေးတွင် ပြည်သူတွေ ပါဝင်လာသည်ကို အစိုးရက ထောက်ခံကြိုဆိုဖို့ အရေးကြီးအဆိုတင်သွင်းခဲ့ပါသည်။PJS အဖွဲ့နှင့် ဘိန်းစိုက်သူများ၏ ပဋိပက်္ခဖြစ်စဉ်သတင်းများကို ဂျာနယ်အချို့တွင် ဖတ်ရပါသည်။

ချင်ပန်ဇီများတွင် ကိုးကွယ်ရာ ဘာသာရှိနိုင်ဟုဆို


ချင်ပန်ဇီများ တွင်လည်း ကိုးကွယ်ရာ ဘာသာရှိ နိုင်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြ ထားသည်။ အနောက် အာဖရိကတွင် ချန်ပန်ဇီ များသည် အစားအစာနှင့် အခြားပစ္စည်းများ ရရှိစရာ မရှိဘဲ သစ်ပင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက်လေ့ ရှိကြောင်း တွေ့ရှိ ခဲ့သည်။ ဂျာမနီနိုင်ငံ လိုက်ပဇစ်မြို့ရှိ မက်စ်ပလန့် အင်စတီကျုမှ သုတေသန ပညာရှင်များသည် ချင်ပန်ဇီ များ၏ အပြုအမူများကို လေ့လာမှု ပြုလုပ် ခဲ့သည်။

ရုပ်ချောရင် ဉာဏ်ရည် မြင့်တယ်လို့ အထင်ခံရလေ့ရှိ


လူများသည် ရုပ်ရည်ချောမော သူများအား ဉာဏ်ရည်မြင့် သူများ အဖြစ် ထင်မြင်လေ့ ရှိကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြ ထားသည်။

လေ့လာမှုကို စိန့်အန်ဒရူး တက္ကသိုလ်မှ ရှောင်တာလာမာစ်က ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တာလာမာစ်နှင့် အဖွဲ့သည် တက္ကသိုလ် ကျောင်းသားများအား ဓာတ်ပုံရိုက်ယူ ပြီးနောက် အလေ့လာခံ များကို ပေးအပ် ခဲ့သည်။ ယင်းနောက်တွင် အလေ့လာခံများအား ဓာတ်ပုံများကို ကြည့်ပြီး ဆွဲဆောင်မှု ရှိမရှိ၊ ဉာဏ်ရည် မြင့်ခြင်းရှိမရှိ၊ တာဝန်သိခြင်း ရှိမရှိနှင့် ပညာရေး ထူးချွန်မှုရှိ မရှိတို့နှင့် ပတ်သက်ပြီး သုံးသပ် မှတ်ချက်ချစေ ခဲ့သည်။

Thursday, March 3, 2016

သရုပ်ဆောင်၊ ထုတ်လုပ်သူ မိုးဟေကိုနှင့်တွေ့ဆုံခြင်း

‘‘ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ကြည့်တယ်၊ ပရိသတ်တစ်ယောက် အနေနဲ့လည်းကြည့်တယ်၊ အပြောင်းအလဲလည်း လိုချင်တယ်’’


သရုပ်ဆောင်မိုးဟေကို၏ မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ ပွဲဦးထွက်ရုပ်ရှင် ‘‘ရုံးပတီသီးလေးများ’’ဇာတ်ကားကို ပရိသတ်များ အားပေးခဲ့ကြပြီး ၎င်းတို့ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် ခိုးဆိုးလုနှိုက်ရုပ်ရှင်သည် မေလတွင် ရုံတင်တော့မည်ဖြစ်သည်။ ယင်းရုပ်ရှင်ရုံမတင်မီ မိုးရုပ်ရှင်ထုတ် လုပ်ရေး၏ ပဉ္စမမြောက်ဇာတ်ကားဖြစ်သည့် ခိုးဆိုးလုနှိုက်(၂) ဇာတ်ကားကို ရိုက်ကူးနေပြီဖြစ်ရာ သရုပ်ဆောင်တစ်ဦးအနေဖြင့်သာမဟုတ်ဘဲ ထုတ်လုပ်သူတစ်ဦးအနေဖြင့်ပါ လုပ်ငန်းများလုပ်ကိုင်လာသည့် မိုးဟေကိုအား ၎င်း၏ အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အချစ်


အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၎င်းအချစ်နှစ်မျိုး အပြင် တိရစ္ဆာန်၊အရာဝတ္ထု၊ အကြောင်းအရာများကို ချစ်သော အချစ်များလည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များအပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို ဖွဲ့ဆိုသတ်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှုများ ရှိသည်။

Tuesday, March 1, 2016

မြန်မာ့နိုင်ငံရေး အပ်ကွက်မိနေပြီလား

 

ချက်ကစားနည်းတွင် တစ်ဖက်ဘုရင်ကိုဖမ်း သောအခါ ဖမ်းသည့်ဘက်ကလည်းကောင်း၊ အဖမ်း ခံရသည့်ဘက်ကလည်းကောင်း နှစ်ဖက်လုံးရွှေ့စရာ အကွက်မကျန်သော်လည်း ဘုရင်ကိုမိပြီးပွဲသိမ်း အောင် မစွမ်းဆောင်နိုင်လျှင် အပ်ကွက်ဟုဆိုပါ သည်။ အပ်ကွက်မိလျှင် မတိုးသာမဆုတ်သာဖြစ်ပြီး သရေပွဲအဖြစ်သာ ကျေနပ်ကြရပါသည်။

အပျိုလား အအိုလား ခြားနားချက် ( အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဖတ်သင့်သည် )


တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။
ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)

Monday, February 29, 2016

မြို့တော် ဂျာကာတာရှိ ပြည့်တန်ဆာတန်း ခရိုင်ကို ဘူဒိုဇာဖြင့်ထိုး


အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ မီးအိမ်နီခရိုင်ဟု လူသိများသော ပြည့်တန်ဆာတန်းများကို ချေမှုန်းရေး စစ်ဆင်မှုတစ်ရပ်အဖြစ် ဘူဒိုဇာဖြင့် စတင်ထိုးဖျက်ကာ ရှင်းလင်းနေပြီ ဖြစ်ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

နတ်မြစ်အတွင်း၌ ဘင်္ဂါလီလူမျိုး နှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ


တပ်မတော်(ရေ)မှ စစ်ရေယာဉ်နှစ်စင်းသည် နတ်မြစ်အတွင်း လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၈ ရက် ည ၁ဝ နာရီခန့်၌ မောင်တောမြို့ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် မသင်္ကာဖွယ်ရာ လက်ခပ်လှေ တစ်စင်းအား တွေ့ရှိသဖြင့် စစ်ဆေးရာ ဘင်္ဂါလီလူမျိုးများဖြစ်သော မောင်တောမြို့၊ ကညင်ချောင်းကျေးရွာနေ မာမွတ်ရော်ဖီး၊ ၁၈ နှစ် (ဘ)ဦးအဒူရော်ဖီးနှင့် ဟာမက်ဒူရာမက်၊ ၁၈ နှစ် (ဘ)အဒူကူကူးတို့နှင့်အတူ လှေပေါ်တွင် အမည်းရောင် ပလတ်စတစ်အိတ် နှစ်အိတ်ဖြင့်

Model - Yamin Eaindray






သမ္မတရွေးမည့် ရက် ရှေ့တိုးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မည်ဟု ဦးဝင်းထိန်ပြော


ဒေါ်အောင်ဆန်းစုကြည် အနှေးနှင့်အမြန် သမ္မတဖြစ်မည်ဟု ဦးဝင်းထိန်က ဆိုသည်။ (ဓာတ်ပုံ-ဧရာဝတီ)

ပြည်ထောင်စုလွှတ်တော်က သမ္မတ ရွေးချယ်ရမည့် ရက်ကို မတ်လ ၁၇ ရက်နေ့အစား မတ် ၁၀ ရက်နေ့ အဖြစ် ပြင်ဆင်သတ်မှတ်ရှေ့တိုးပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဖြစ်ရမည်ဖြစ်ပြီး ချက်ချင်း အမြန် သမ္မတဖြစ်မည်လော၊ နောက်ပိုင်းမှ သမ္မတ ဖြစ်ခွင့်ရမည်လော ဆိုသည့် အနှေး၊ အမြန်ကိုသာ စောင့်ဆိုင်း ရမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။

Tuesday, February 23, 2016

Gonnshain Winnthtal