Thursday, March 10, 2016

နိုင်ငံရေးအခင်းအကျင်းသစ်နှင့်အပြိုင် သံအမတ်သစ်များ မြင်တွေ့ရမည်


မြန်မာနိုင်ငံတွင် ပထမဆုံးဒီမိုကရက်တစ် အရပ်သား အစိုးရတက်လာတော့မည့် ကာလအတွင်းအမေရိကန်၊ တရုတ်အပါအ၀င် နိုင်ငံအများအပြားက မြန်မာနိုင်ငံ ဆိုင်ရာ ၎င်းတို့၏သံအမတ်ကြီး များအား အသစ်ပြောင်းလဲခန့်အပ် မှုများ ပြုလုပ်နေသည်။နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပခါနီးမှစ၍ ယခုသမ္မတလောင်း ရွေးချယ်ရေးလုပ်ငန်းစဉ် များ စတင်သည့် သီတင်းပတ်အထိ အကူအပြောင်းကာလအတွင်း အနောက်ဥရောပနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၀ ခန့်၏သံအမတ်ကြီးပေါင်း ၂၀ ခန့်အားမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအဖြစ် တာဝန်ထမ်းဆောင် ရန် ခန့်အပ်ခဲ့ကြသည်။ အာဏာရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့စဉ်ကတည်းက ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံအတွက် များစွာသင့်လျော်သည်ဟု ထင်မြင်ပြီးယင်းမူဝါဒကို အောင်အောင်မြင်မြင် ဆက်လက်ကျင့်သုံးနိုင်မည် ဟုယုံကြည်ကြောင်း ရွေးကောက်ပွဲအနိုင်ရချိန်တွင် တရုတ်နိုင်ငံပိုင်သတင်းဌာနအား ဖြေကြားထား သည်။

ပြီးခဲ့သည့် တစ်လအတွင်း မှာပင် အမေရိကန်၊ နော်ဝေး၊ နယ်သာလန်၊ အီရန်၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ ပေါ်တူဂီနိုင်ငံများ ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ကြီး ခုနစ်ဦးအား ခန့်အပ်ရန် လက်ရှိမြန်မာအစိုးရက သဘောတူခဲ့ ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီး ရာထူးရယူဖွယ်ရှိကြောင်း သတင်းမှားထွက်ပေါ်နေပြီး ရွေးကောက် ပွဲအပြီး၌ လွှတ်တော်ဝင်းအတွင်း နိုင်ငံတကာသံတမန် ၄၀ ကျော်နှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့ပြင်ဂျပန်အပါအ၀င် ကမ္ဘာ့နိုင်ငံကြီးအ ချို့က ဒေါ်အောင်ဆန်းစုကြည် အား​ ၎င်းတို့နိုင်ငံသို့လာရောက် ရန် သံတမန်များမှတစ်ဆင့် ဖိတ် ကြားခဲ့သည်။

ဆယ်စုနှစ် နှစ်ခုတာအတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အ မေရိကန်သံအမတ်ကြီးအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ မှစ၍ တာဝန်ထမ်းဆောင် ခဲ့သူ ဒဲရစ်မစ်ချယ်လ်သည် ၀ါရှင် တန်သို့ ယခုရက်ပိုင်းအတွင်း ပြန် တော့မည်ဖြစ်ပြီး ၎င်း၏နေရာ တွင် သံအမတ်အသစ်အဖြစ် အ လန်စကော့မာရှယ်က ၀င်ရောက် တာဝန်ထမ်းဆောင်တော့မည် ဖြစ်သည်။ မစ္စတာမစ်ချယ်လ် သည် မြန်မာနှင့် အမေရိကန်ပြည် ထောင်စုအကြား ဆက်ဆံရေးကို ပြန်လည်ချိတ်ဆက်မြှင့်တင်ပေးခဲ့ သည့် သံအမတ်ကြီးတစ်ဦး ဖြစ် သည်။ လတ်တလောပြုလုပ်ခဲ့ သော မစ္စတာမစ်ချယ်လ်နှင့် 7Day သတင်းဌာန သီးသန့်အင် တာဗျူး၌ ၎င်း၏ရာထူးကို ဆက်ခံမည့်သူအတွက် To do List ၌ မည်သည်များပါဝင်သလဲ ဟု မေးမြန်းရာ အမေရိကန်သံခင်း တမန်ခင်း အဖွဲ့အနေဖြင့် မြန်မာ ၏ အစိုးရလက္ခဏာဖွဲ့စည်းတည် ဆောက်ပုံများတွင် ကူညီတည် ဆောက်ပေးရန်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုး တက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် အ ခြေခံအဆောက်အအုံ၊ ကျန်းမာ ရေးကဏ္ဍအစရှိသည်တို့တွင် ကူညီရန် လုပ်ဆောင်မည်ဟု ဆို သည်။

‘‘ဒီပြုပြင်ပြောင်းလဲမှုမှာ မိတ်ဖက်ဖြစ်လိုတဲ့ ကျွန်တော်တို့ ရဲ့ ဟိုးအရင်ကတည်းက မူဝါဒ ကို ဆက်လက်ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ၊ ဒီမို ကရေစီဆက်လက်ဖြစ်ပေါ်ရေးအ ပေါ်မှာ ကျွန်တော်တို့တတ်နိုင်တဲ့ နေရာကနေပြီး စောင့်ကြည့်ပြီး ဆိုလိုတာကတော့ ဒီကအောက် ခြေလူတန်းစား အလွှာမှာရော၊ အစိုးရပိုင်းမှာရော နှစ်ရပ်စလုံးက လူတွေကို ဒီမိုကရက်တစ် Mindset ဖြည့်ဆည်းပံ့ပိုးပေးဖို့ ပေါ့’’ဟု ၀ါရှင်တန်သို့ပြန်တော့ မည့် သံအမတ်ကြီးမစ်ချယ်လ်က သံအမတ်သစ်၏ တာဝန်များနှင့် ပတ်သက်၍ ပြောကြားသည်။

သံအမတ်အသစ် မစ္စတာ မာရှယ်အနေဖြင့် ပြီးခဲ့သည့်နှစ်က ၎င်း၏မြန်မာခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ကောင်းမွန်ခိုင်မာ သည့် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရန်၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသဆိုင်ရာ ကိစ္စ များတွင် ပူးပေါင်းဆောင်ရွက်ရန် ရှိနေကြောင်း ပြောကြားခဲ့ဖူးသည်။ မစ္စတာမာရှယ်သည် ၁၉၈၅ ကတည်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ခဲ့ပြီး ရာထူးအဆင့်ဆင့် မြင့်တက်လာကာ လက်ရှိအရှေ့ အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ ဒုတိယအကြီးအကဲ ဖြစ်သည်။ ၎င်းသည် အရှေ့တောင်အာရှနိုင်ငံများ၌ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၂၀၁၀ မှ ၂၀၁၃ အထိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့အတူ မြန်မာနိုင်ငံသို့လည်း မကြာခဏ လာရောက်ခဲ့ဖူးသူဖြစ်သည်။

ပြောင်းလဲတိုးတက်နေသည့် အာရှသည် ကမ္ဘာတွင်အရေးပါ သည့် ဒေသဖြစ်၍ မြန်မာနိုင်ငံ၏ အောင်မြင်မှုသည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသားအ ကျိုးစီးပွားအတွက်၊ လုံခြုံရေးအ တွက်လည်း အရေးပါလှကြောင်း အမေရိကန်သံအမတ်ကြီးက ပြောကြားသည်။

ကမ္ဘာ့စူပါပါဝါအင်အားကြီး နိုင်ငံဖြစ်သည့် အိမ်နီးချင်း တရုတ်နိုင်ငံကလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလို တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ်အား ခန့်အပ်ခဲ့သည်။ ယင်းနောက် တရုတ်သံအမတ် ကြီး နိုင်ငံတကာသံအမတ်များအ နက် မစ္စတာဟုန်လျန်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအနိုင်ရပြီးချိန် ပထမဆုံး တွေ့ဆုံသူဖြစ်လာခဲ့သည်။ စစ်အစိုးရလက်ထက်ဆယ်စုနှစ်များ အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ကြားတွင် အစိုးရချင်းဆက်ဆံ ရေး၊ စစ်တပ်ချင်းဆက်ဆံရေး၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှစ်ပါတီအကြားဆက်ဆံရေး သာရှိခဲ့ပြီး အတိုက်အခံခေါင်း ဆောင်ကို တရုတ်ကဆက်ဆံမှု အစဉ်အလာမရှိခဲ့ဖူးပေ။ သို့သော် တရုတ်နိုင်ငံ၏သမိုင်းတွင် ပထမ ဆုံးဟုဆိုရလောက်အောင် အ ခြားနိုင်ငံတစ်နိုင်ငံ၏ အတိုက်အ ခံခေါင်းဆောင်ကို တရုတ်အစိုးရ ပေါ်လစ်ဗျူရိုခေါင်းဆောင်များက မြင့်မြင့်မားမား ဆက်ဆံမှုအဖြစ် ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလို၌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ အလည် အပတ်လာရောက်ရန် တရုတ်ကွန်မြူနစ်ပါတီ(CPC) က တရားဝင်ဖိတ်ကြားခဲ့သည်။ စီပီစီ၏ အတွင်းရေးမှူးချုပ်ဖြစ်သည့် တရုတ်သမ္မတ စီကျင်းပင်၊ တရုတ်ဝန်ကြီးချုပ် လီကီကျန်းတို့အပါအ၀င် ပေါ်လစ်ဗျူရိုခေါင်းဆောင်များက တွေ့ဆုံခဲ့ကြသည်။ ယင်းခရီးစဉ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်သစ်အား ခန့်အပ်ခဲ့သည်။

‘‘ကျွန်တော်တို့ဟာ မြန်မာ နိုင်ငံကို ကုလသမဂ္ဂမှာ မြန်မာ နိုင်ငံရဲ့ ဂုဏ်၊ နိုင်ငံတစ်နိုင်ငံအနေ နဲ့ ဂုဏ်သိက္ခာရှိဖို့အတွက် ကျွန်တော်တို့ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရတုန်းက ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို အဲဒီသန်လျင်မြစ်ဘက်ကို သွားဖို့ တံတားကို တည်ဆောက်တာက တော့ ပြည်သူလူထုရဲ့ စားဝတ် နေရေးအတွက် ကျွန်တော်တို့ ထောက်ခံတာဖြစ်ပါတယ်’’ဟု တရုတ်သံအမတ်ကြီး ဟုန်လျန်က ယခင်က ကုလညီလာခံများ၌ တရုတ်၏ ဗီတိုအာဏာသုံး၍ မြန်မာစစ်အစိုးရကို ကာကွယ်ခဲ့ဖူး သည့် လုပ်ရပ်နှင့်ပတ်သက်၍7DayDaily သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသည်။ လာမည့်ဒီချုပ် အစိုးရသစ်လက်ထက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင် ရေးမူကြီး ငါးရပ်ကို ဆက်လက် ကျင့်သုံးမည်ဟု ဆိုသည်။

မြန်မာ၏နိုင်ငံခြားဆက်ဆံ ရေး အထူးသဖြင့် အနောက်နိုင်ငံ များနှင့် ဆက်ဆံရေးသည် ၂၀၁၂ နောက်ပိုင်းမှစ၍ တိုးတက် လာခဲ့သည်။ ၂၀၁၅ ရွေးကောက် ပွဲကျင်းပခါနီးမှစ၍ အစိုးရသစ် အာဏာလွှဲခါနီး ယခုလအထိ အ တောအတွင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အသစ်ခန့်အပ်သည့် နိုင်ငံများတွင် နော်ဝေး၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဆွစ်ဇာ လန်၊ အိုင်ယာလန်၊ ဆွီဒင်၊ ပေါ် တူဂီ၊ ကိုရီးယား အစရှိသည်တို့ လည်း ပါဝင်သည်။

သံအမတ်အချို့သည် သံအ မတ်သက်တမ်းစေ့၍ အသစ် ပြောင်းလဲခန့်အပ်ခြင်း ဖြစ်သည်။ နယ်သာလန်အနေဖြင့်မူ၂၀၁၅ ဇူလိုင်တွင် ဘန်ကောက်အခြေ စိုက် မြန်မာနိုင်ငံဆိုင်ရာနယ်သာလန်သံအမတ် ခန့်အပ်ခဲ့ပြီးနောက် တစ်နှစ်မပြည့်မီ ၂၀၁၆ မတ်လ တွင် ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအ မတ်ကို ခန့်အပ်ခဲ့သည်။

ဦးသိန်းစိန်အစိုးရလက် ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် ငွေရေးကြေးရေး အကူအညီ အဓိကပေးခဲ့သည့် နော်ဝေးအနေ ဖြင့် လက်ရှိသံအမတ်ကြီး မစ္စစ်အန်းအော်လီစတက်နေရာတွင် မစ္စစ်တူနယ်တီးနပ်စ်ကို ခန့်အပ်ရန် သဘောတူညီခဲ့ပြီဖြစ်သည်။ သံအမတ်သစ် မစ္စစ်တီးနပ်စ်သည် စီးပွားရေးဆိုင်ရာ၊ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ တာဝန်များလည်းထမ်းဆောင် ခဲ့ဖူးသူ ဖြစ်သည်။

‘‘ဂျပန်ကလည်း ခင်ဗျားသိတဲ့အတိုင်း အစွမ်းကုန်ကူညီပေးမှာပါ’’ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ တမန်တစ်ဦးက ပြောသည်။

အများပြည်သူထောက်ခံမှု ဖြင့် ရွေးကောက်ပွဲရလဒ်အရ တက်လာမည့်အစိုးရသစ်ကို ကူ ညီပေးရမည်ဟုနိုင်ငံတကာ သံတ မန်များအနေဖြင့် ယူဆနေကြောင်း သံတမန်အသိုင်းအ၀ိုင်း က ဆိုသည်။

7Day Daily

0 comments:

Post a Comment