Tuesday, March 1, 2016

မြန်မာ့နိုင်ငံရေး အပ်ကွက်မိနေပြီလား

 

ချက်ကစားနည်းတွင် တစ်ဖက်ဘုရင်ကိုဖမ်း သောအခါ ဖမ်းသည့်ဘက်ကလည်းကောင်း၊ အဖမ်း ခံရသည့်ဘက်ကလည်းကောင်း နှစ်ဖက်လုံးရွှေ့စရာ အကွက်မကျန်သော်လည်း ဘုရင်ကိုမိပြီးပွဲသိမ်း အောင် မစွမ်းဆောင်နိုင်လျှင် အပ်ကွက်ဟုဆိုပါ သည်။ အပ်ကွက်မိလျှင် မတိုးသာမဆုတ်သာဖြစ်ပြီး သရေပွဲအဖြစ်သာ ကျေနပ်ကြရပါသည်။ကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်သည့် ၂၀၁၀ ခုနှစ်သည် ကမ်္ဘာတွင် ဒီမိုက ရက်တစ်ရီဆက်ရှင်(ဒီမိုကရေစီကျဆင်းမှု)ဖြစ်နေသော ကာလနှင့် တိုက်ဆိုင်နေပါသည်။ ပါကစ်္စတန်အရပ် သားဒီမိုကရေစီအစိုးရပြုတ်ကျသွားသော ဒီမိုကရေ စီကျဆင်းမှုမှာ ယိုင်လဲမှုအရှိန်အဟုန်ပို၍မြန်လာ သည်ဟုဆိုသည်။ တတိယလှိုင်းကာလ ၃၇ နှစ်ကို ၁၂ နှစ်စီပိုင်းကြည့်ပါက ဒီမိုကရေစီကျဆင်းမှုဖြစ် သည့်နိုင်ငံ ၁၉၇၄ မှ ၁၉၈၅ ခုနှစ်အတွင်း ၁၂ နိုင်ငံ၊ ၁၉၈၆ မှ ၁၉၈၈ ခုနှစ်တွင် ၁၅ နိုင်ငံဖြစ်လာပြီး၊ ၁၉၉၉ မှ ၂၀၁၀ အတွင်း ၂၆ နိုင်ငံအထိစာရင်း ပေါက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်က ရွေးကောက်ပွဲ ဒီမိုကရေစီရရှိပြီးနိုင်ငံ ၁၂၀ နိုင်ငံရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ၁၁၄ နိုင်ငံသို့ လျော့ကျသွားခဲ့သည်။ ၁၉၉၄ ခုနှစ်နောက်ပိုင်း အနည်းဆုံးအရေအတွက်ဟု ဆိုပါ သည်။ ထိုမျှမက စစ်ဘက်အာဏာသိမ်းမှုများ၊ အရပ်ဘက်အာဏာသိမ်းမှုများနှင့် ကမ်္ဘာကြီးတွင် ဒီ မိုကရေစီရေကြမ်းကြီးနှင့် ကြုံခဲ့ပြီး တတိယလှိုင်း ဆက်စပ်ကာလအတွင်းတည်ရှိခဲ့သော ဒီမိုကရေစီ နိုင်ငံအားလုံး၏ သုံးပုံတစ်ပုံနီးပါးခန့်မှာ ပြိုဆင်းသွား ခဲ့ရသည်ဟု ဆိုပါသည်။ ထိုင်းကဲ့သို့သော၊ နိုက်ဂျီး ရီးယားကဲ့သို့သောနိုင်ငံများတွင် ဤသို့ပြိုလဲမှုများ အကြိမ်ကြိမ်ကြုံခဲ့ရသည်။ တတိယလှိုင်းစတင်က တည်းက အရှည်ကြာဆုံးယိုယွင်းမှုကာလဟု သတ် မှတ်ပါသည်။

၁၉၉၀ နောက်ပိုင်းတွင် အရေးနိမ့်သွားသော ဒီမိုကရေစီ ၃၉ နိုင်ငံထဲမှ ၁၈ နိုင်ငံ၏ပျမ်းမျှလွတ် လပ်မှုအဆင့်မှာ အလွန်နိမ့်ပါးလျက်ရှိသည်ဟု ဖော် ပြပါသည်။ ဒီမိုကရေစီကျဆုံးခန်းများကို လွတ်လပ် မှုအဆင့်လျော့ပါးနေသော၊ အုပ်ချုပ်မှုစွမ်းရည်မှာ လည်း နိမ့်ပါးနေသောနိုင်ငံများကြုံတွေ့ခဲ့ရပါသည်။ ဤရှုထောင့်မှကြည့်လျှင် လောလောဆယ် ရွေး ကောက်ပွဲဒီမိုကရေစီရရှိပြီးနိုင်ငံများ၏ အရေအတွက် မှာ အန်္တရာယ်မျဉ်းပေါ်ပြေးနေသည်ဟု သုံးသပ်နိုင် ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဒီမိုကရေစီစတင်သည်မှာ ၂၀၁၀ ဖြစ်သည်။ ဒီမိုက ရေစီပန်းများအကြွေသဲချိန်တွင် ပွင့်လာသောပန်း တစ်ပွင့်ဖြစ်သည်။ သို့သော် ထိုပန်းပွင့်သည် အလွန် ကြွပ်ဆတ်သော အကိုင်းတွင်ပွင့်ခဲ့ခြင်းသာဖြစ်သည်။ အချိန်မရွေး ကျိုးပဲ့ကြေမွနိုင်သည့်အခြေအနေရှိ သည်။ ဤသည်ကို မြန်မာ့ဒီမိုကရေစီခရီးဦးဆောင် ဦးရွက်ပြုသူ အားလုံးကသိထားသည်။ ထို့ကြောင့် လည်း ““နောက်ပြန်မသွားပါ”” ဟု တစ်လေသံတည်း ပြောဆိုနေကြခြင်းဖြစ်သည်။ သူတို့၌ စိုးရိမ်စိတ်များ ရှိနေသည်။

မြန်မာ့ဒီမိုကရေစီရထားစတင်ထွက်သည့်အချိန် မှ ယနေ့တိုင် မြန်မာနိုင်ငံ၏ရေခံမြေခံမှာ သိသိသာ သာပြုပြင်ပြောင်းလဲမှုမရှိသေးပေ။ အခြေခိုင်နေ သောအကျင့်ပျက်ခြစားမှု၊ အားနည်းသောတရား ဥပဒေစိုးမိုးမှု၊ ရာဇ၀တ်မှုနှင့် မလုံခြုံမှု၊ နိုင်ငံရေး၊ လူ မှုရေးအကြမ်းဖက်မှု လွန်ကဲသောပါတီစွဲများဖြင့် လုံး ချာလိုက်၍နေပေသည်။

ဒီမိုကရေစီပထမသက်တမ်း ၅ နှစ်တွင် ထူးခြား စွာမြင်တွေ့ခဲ့ရသည့် သိမ်မွေ့ညင်သာမှုနှင့် ဒီမိုက ရက်တိုက်ဇေးရှင်းကို ကမ်္ဘာကချီးကျူးရသည်။ ယခု လည်း ချောမွေ့စွာတာဝန်လွှဲပြောင်းမှုကိုဆောင်ရွက် နေရာ သမိုင်းသစ်ဖြစ်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် မည်သည့်ခေတ်အခါကမှ ချောမွေ့စွာတာဝန် လွှဲပြောင်းမှုမျိုးဖြစ်ပေါ်ခဲ့ခြင်းမရှိပါ။ နိုင်ငံတော်နှင့် ဒီမိုကရေစီကို ဆက်လက်သယ်ဆောင်သွားမည့် ဒုတိယသက်တမ်းအာဏာရအစိုးရအဖို့ စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်နေရသည်။ ဒေါ်အောင်ဆန်းစု ကြည်အဖို့ တောင်အာဖရိကခေါင်းဆောင် နယ်လ် ဆင်မင်ဒဲလားနှင့် တစ်ထပ်တည်းကျသည့် နိုင်ငံ တော်တည်ဆောက်မှုကို လုပ်ဆောင်နေရတော့မည့် အခြေအနေဖြစ်သည်။

သူဦးစွာ ရင်ဆိုင်ရသည့်အကျပ်အတည်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်တန်းခေါင်း ဆောင်များသည် နိုင်ငံကိုအုပ်ချုပ်သည့်အတွေ့ အကြုံများကို တိုက်ရိုက်တာဝန်ယူဖူးခြင်းမရှိသည့် အခြေအနေဖြစ်သည်။ ဒီမိုကရေစီလှုပ်ရှားမှုများ အတွက် ဦးဆောင်ခဲ့သူများနှင့် ဖွဲ့စည်းထားသော ဗဟိုကော်မတီမှာလည်း အရွယ်လွန်နေသူများနှင့် စု စည်းကာအုပ်ချုပ်သည့်အသွင်မျိုးဖြစ်ခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရတစ်ရပ်ကို ဦး ဆောင်ဖူးသည့်အတွေ့အကြုံများရှိမနေဖူးသည့်အပြင် ပါတီအပေါ်အုပ်ချုပ်မှုမှာလည်း အာဏာရှင်ဆန် သည်ဟု ပြောရမည်ဖြစ်သည်။ ကမ်္ဘာပေါ်တွင် အထီး ကျန်ဖြစ်ခဲ့သည့်နိုင်ငံများနည်းတူ စွမ်းဆောင်ရည် ပြည့်ဝသောအစိုးရတစ်ရပ်ဖြစ်ထွန်းနိုင်ရန်အတွက် နိုင်ငံတကာအကူအညီများရရှိရန် ခက်ခဲနေဦးမည်ဟု အကဲခတ်ကြသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သော ခက်ခဲသည့် အမှန်တရားတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းင်း၏ပုဂ်္ဂိုလ်ရေးဆိုင်ရာအားသာချက်များဖြင့် ထောက်ခံသူတိုးပွားလာစေရန် ဆောင်ရွက်နိုင်ခဲ့ သည်။ ၎င်းင်း၏ပါတီအောင်ပွဲခံခဲ့သော်လည်း ရာထူး တာဝန်ခန့်အပ်ရေးမဟာဗျူဟာများကို တိတ်ဆိတ် ငြိမ်သက်မှုများဖြင့် ဆောင်ရွက်နေရာ ခေတ်မမီ တော့သည့်အာဏာရှင်အမူအကျင့်များကို စွန့်ပစ်နိုင် ခြင်းမရှိဟု ဝေဖန်ခံနေရသည်။

စီးပွားရေးဆိုင်ရာ ရင်ဆိုင်ရမည့်စိန်ခေါ်မှုများ တွင် အစိုးရဘဏ္ဍာရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ အကျင့်ပျက်ခြစားမှုများထိန်းချုပ်ရေး၊ လိုင်စင်ချထား ခြင်းနှင့်ဆိုင်သော လုပ်ငန်းစဉ်များပြုပြင်ပြောင်းလဲ ရေး၊ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိမည့်မူ ဘောင်များ စသည့်အချက်များက စောင့်ကြိုနေ သည်။
ထို့ပြင် မြစ်ဆုံကိစ်္စကဲ့သို့သော၊ လက်ပံတောင်း တောင်ကိစ်္စကဲ့သို့သော အမွေဆိုးများကိုလည်း မလွဲ မသွေလက်ခံရမည်ဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုခရီးကိုကြေညာထား ချက်မှာလည်းကောင်း၊ စစ်မှန်သောငြိမ်းချမ်းရေး လုပ် ငန်းစဉ်များကို ဆောင်ရွက်မည်ဟု ရည်မှန်းချက်မှာ လည်းကောင်း၊ တိုင်းရင်းသားများက မျှော်လင့်ချက် ကြီးစွာ ဖိအားပေးခံရမှုနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသ များတွင် ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးရောင်း ၀ယ်မှု၊ သစ်မှောင်ခိုလုပ်ငန်းများ၊ ကျောက်မျက်မှောင် ခိုတူးဖော်မှုလုပ်ငန်းများကို ကာကွယ်နိုင်ရန် လိုအပ် မှုအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးယန်္တရားစွမ်းဆောင် ရည်ကို မြှင့်တင်ရမည်ဖြစ်သည်။
တပ်မတော်နှင့် စနစ်တကျလက်တွဲနိုင်ရေးမှာ အခြေခံအကျဆုံးအချက်တစ်ချက်ထဲတွင် ပါဝင်နေ သည်။ နိုင်ငံတော်ငြိမ်းချမ်းရေးကို လုပ်ဆောင်မည် ဆိုလျှင် တပ်မတော်သည် ပြည်တွင်းရှိစစ်ရေးနှင့် ဆိုင်သော လှုပ်ရှားမှုများကို လွတ်လပ်စွာဆုံးဖြတ် ခွင့်နှင့် လုံခြုံရေးပတ်သက်သော ၀န်ကြီးဌာနသုံးခု စလုံး၏ ၀န်ကြီးများအပ်နှင်းပိုင်ခွင့်ရှိနေရာ ငြိမ်းချမ်း တည်ဆောက်မှုဖြစ်စဉ်သည် တပ်မတော်လက်တွင် ရှိနေသည်ဟုဆိုရပေမည်။

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့်ပတ်သက်၍ အဆုံးအဖြတ်ပြုနိုင်မည့် အခွင့်အရေးကိုလည်းရထားသည်။ လွှတ်တော်နှစ် ရပ်လုံးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီး ပုဒ်မ ၄၃၆ အရ လွှတ် တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက်ထောက် ခံမှသာ အခြေခံဥပဒေပြဋ္ဌာန်းချက်များကို ပြင်ဆင် နိုင်မည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သဘော တူညီချက်မပါဘဲ အခြေခံဥပဒေကိုပြင်ဆင်နိုင်မည် မဟုတ်ပေ။
နိုင်ငံတော်အာဏာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့ဆန်္ဒမဲဖြင့်ရရှိထားသော်လည်း မြန်မာ့နိုင်ငံရေးအခြေအနေက အပ်ကွက်မိနေသကဲ့ သို့ဖြစ်နေပြီလားဟု စဉ်းစားစရာဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်အတွက် အောင်မြင်ခြင်း သို့မ ဟုတ် ကျရှုံးခြင်းများအားလုံးကို တစ်ဦးတည်းက တာ ၀န်ယူရမည့်အဖြစ်သို့ရောက်ရှိနေသည်။

၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ဒီမိုကရေစီနောက် ကြောင်းပြန်သွားသော နိုင်ငံပေါင်း ၃၂ နိုင်ငံရှိပြီး၊ ဆူပူမငြိမ်သက်မှုနှင့် စစ်ပွဲများဖြစ်ပွားနေသည့်နိုင်ငံ ပေါင်း ၄၀ ရှိသည်။ ရှေ့မတိုးသား၊ နောက်မဆုတ် သာ အပ်ကွက်မိနေသောနိုင်ငံ ၂၄ နိုင်ငံရှိသည်ဟု ၂၀၁၃ ခုနှစ်စာရင်းများကဆိုသည်။
မြန်မာ့နိုင်ငံရေးအခြေအနေနှင့် စပ်လျဉ်း၍ ဆရာကျော်ဝင်းအလိုအရ ““ယခုရောက်ရှိနေသော အဆင့်မှာ စိတ်လှုပ်ရှားမှုနှင့်ယှဉ်သည့် လှုံ့ဆော်နိုင်ငံ ရေး (agitated politics)) မျိုးမဟုတ်တော့ ပညာနှင့် ယှဉ်သည့် ရည်မှန်းရှိရှိနိုင်ငံရေး (deliberate politics) ဖြစ်ဖို့လိုပြီ”” ဟု ဖြစ်ပါသည်။ ဆရာမင်းဇော်ဦး က ““လက်ရှိအနေအထားမှာ စစ်မှန်တဲ့ဒီမိုကရေစီကို ဘယ်လိုရမလဲဆိုတာထက် နောက်ပြန်လှိုင်းမထိဖို့ ဘယ်လိုကာကွယ်မလဲဆိုတာ အဓိကပါ။ မတည်ငြိမ် မှုတွေဖြစ်ပြီး ဒီမိုကရေစီကြိုးတန်းပေါ်က ပြုတ်မကျ ဖို့လည်း လိုပါတယ်”” ဟု ရေးသားခဲ့ပါသည်။

ချက်ကစားနည်းတွင် အပ်ကွက်ဖြစ်နေလျှင် တော့ ပွဲသစ်ပြန်စရလေ့ရှိပါသည်။

မောင်ချိုဝေ 
Hot News Weekly


0 comments:

Post a Comment