Monday, March 7, 2016

PATJASAN နဲ့ KIA ဘာလဲ ဘယ်လဲ


ဖေဖော်ဝါရီ ၂၄ ရက်က ပြည်ထောင်စုလွှတ် တော်၌ ၀ိုင်းမော်မဲဆန်္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်က ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွား နေသည့် ဘိန်းခင်းများတိုက်ဖျက်ရေးတွင် ပြည်သူတွေ ပါဝင်လာသည်ကို အစိုးရက ထောက်ခံကြိုဆိုဖို့ အရေးကြီးအဆိုတင်သွင်းခဲ့ပါသည်။PJS အဖွဲ့နှင့် ဘိန်းစိုက်သူများ၏ ပဋိပက်္ခဖြစ်စဉ်သတင်းများကို ဂျာနယ်အချို့တွင် ဖတ်ရပါသည်။PJS ဆိုတာဘာလဲ။ လေ့လာစုံစမ်းကြည့်လိုက် သောအခါ နိုင်ငံရပ်ခြားတွင်သနေ်္ဓတည်လာကြောင်း တွေ့ရှိရသည်။ ၁၆.၇.၂၀၁၄ ရက်တွင် အမေရိကန် ပြည်ထောင်စု၌ KABA ခေါ်Kachin American Baptist Association အဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ အဖွဲ့ ၏ရည်ရွယ်ချက်များမှာ 
(၁) ကမ်္ဘာနိုင်ငံအသီးသီးမှ ကချင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ လုပ်ဆောင် မှုများသည် ကချင်ပြည်နယ်လွတ်မြောက်ရေး အတွက်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ၎င်းင်း ရည်ရွယ်ချက်များမပပျောက်အောင် KABA အဖွဲ့အစည်းက ထိန်းညှိဆောင်ရွက်ပေးနိုင်ရန်။ 
(၂) မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို နှစ်ခြင်း ခရစ်ယာန်ကိုးကွယ်ယုံကြည်သူအချင်းချင်းပူးပေါင်း ဆောင်ရွက်နိုင်ရန်။ 
(၃) ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားများအား နိုင်ငံတော်အစိုးရက ဖိနှိပ်ချုပ်ချယ်မှု၊ တိုက်ခိုက်မှုများရှိလာပါက နှစ်ခြင်း ခရစ်ယာန်ကိုးကွယ်ယုံကြည်သူများက ၀ိုင်းဝန်း တားဆီးနိုင်ရန်။ 
(၄) ကချင်တိုင်းရင်းသားများ ကြီး ပွားတိုးတက်ရေးအတွက် ပထမဆုံးဦးစားပေးဆောင် ရွက်ရမည်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ဖြစ်သဖြင့် အဖွဲ့များဖွဲ့စည်းပြီး မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရန်တို့ဖြစ်သည်။

KABA အဖွဲ့၏ရည်ရွယ်ချက်သည် KIA ၏ အနိ္တမရည်ရွယ်ချက်ဖြစ်သော ၀မ်ပေါင်နိုင်ငံထူ ထောင်ရေးနှင့် တူညီနေသည်။ နိုင်ငံရေးရည်မှန်း ချက်ရရှိရန် ဘာသာရေးကိုအသုံးချနေသည်။ အစိုးရနှင့် ကချင်တိုင်းရင်းသားများအကြား သပ်ဝင်လျှို ပြီး ဥပဒေမဲ့လုပ်ရပ်ကို အားပေးသမှုပြုလုပ်ရာတွင် အမှန်တရားဖြစ်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းဖြင့် အကာအကွယ်ယူထားသည်။

အထက်ပါ ရည်ရွယ်ချက်များကို အကောင် အထည်ဖော်ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (ုKBC)) မှ အထွေ ထွေအတွင်းရေးမှူး ဒေါက်တာ မလန်ဆန်ဆွမ် ဦး ဆောင်၍ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက် ရေးအဖွဲ့ (Patjasan) ကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ဆန်းမှ စတင်၍ ဖွဲ့စည်းခဲ့သည်။Patjasan ဆိုသည်မှာ ကချင်ဘာသာဖြင့် ရေး သားထားခြင်းဖြစ်ပြီး တိုက်ဖျက်ရေးအဖွဲ့ ဟု အဓိပ်္ပာယ်ရသည်။ ၎င်းင်းအဖွဲ့သည် ပြည်ထောင်စုအစိုး ရ၊ ပြည်နယ်အစိုးရထံတွင် တရားဝင်ဖွဲ့စည်းခွင့် မှတ် ပုံတင်မထားဘဲ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏အစီအစဉ်ဖြင့်သာ ဖွဲ့စည်းထားသည်။ ၎င်းင်း အဖွဲ့သည် မူးယစ်ဆေးဝါးသုံးစွဲ/ရောင်းချသူဟု သံ သယရှိသူ/ နေအိမ်များအား သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူများထံ အသိပေး အကြောင်းကြားခြင်းမရှိဘဲ ၀င်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းပြုလုပ်၍ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၌ ရိုက်နှက် အပြစ်ပေးခြင်း၊ ငွေကြေးဒဏ်ရိုက်ပြီးလာရောက်ရွေး စေခြင်း၊ လာရောက်ခေါ်ဆောင်ရွေးယူခြင်းမရှိပါကုKIAအကြမ်းဖက်သောင်းကျန်းသူများအဖွဲ့ထံသို့ တပ်သားသစ်အဖြစ် ပို့ဆောင်ခြင်း စသည်ဖြင့် လုပ် ဆောင်နေသည်။ဤလုပ်ဆောင်ချက်များကြောင့် ဒေသခံရှမ်းတိုင်းရင်းသားမျိုးနွယ်စုများက ဆန်္ဒဖော် ထုတ်ကန့်ကွက်လာကြသည်။ လူမျိုးရေးပဋိပက်္ခ အသွင်ဖြစ်ပေါ်လာခဲ့သည်။ Patjasan အဖွဲ့၏လုပ် ဆောင်မှုအချို့ကို ကောက်နုတ်တင်ပြလိုပေသည်။
၉.၉.၂၀၁၄ ရက်တွင် ဖားကန့်မြို့၊ မှော်ဝမ်း ရပ်ကွက်၊ အမှတ် (၁/၂၉)နေ မှော်ဝမ်းရပ်ကွက် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဥက်္ကဋ္ဌ ဦးဘရန်အောင်ဦးစီးအင်အား ၃၀ ခန့်သည် အမှိုက်ပုံးလမ်းဆုံ၌ ၂၀း၃၀ နာရီတွင် ဆိုင်ကယ် ၆ စီးဖြင့် ရောက်လာသော လူငယ် ၁၀ ဦးခန့်ကို စစ် ဆေးရန် တားဆီးစဉ် မရပ်တန့်ဘဲ ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီးရာ လပုံလ(၂၆ နှစ်၊ ကချင်/ ခရစ်ယာန်)နှင့် ထက်ဝေယံ (၁၆ နှစ်၊ ရှမ်း/ဗုဒ်္ဓ) တို့နှစ်ဦးဖမ်းမိပြီး ရိုက်နှက်မေးမြန်းခဲ့ပါသည်။

၁၅.၁၁.၂၀၁၄ ရက်တွင် မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက် လူထုအခြေပြုမူးယစ်ဆေးဝါး တိုက် ဖျက်ရေးအဖွဲ့ဝင် ၅၀ ခန့်ကို ဦးဖော်ရစ်အိုင်နော်က ဦးစီး၍ ယင်းရပ်ကွက်ရှိ အမှတ် ၇၁/၇၅/၇၆/၇၇/ ၇၈/၇၉ နေအိမ်များကို ၀င်ရောက်ပြီး မူးယစ်ဆေး ၀ါးရှိမရှိ လူငယ် ၇ ဦးအားဖမ်းဆီး၍ ၀န်ခံကတိဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ၈.၃.၂၀၁၅ရက်က မြစ်ကြီးနားမြို့၊ အာလံကျေးရွာနယ်မြေ ၂ ရှိ ကက် သလစ်ဘုရားရှိခိုးကျောင်းရှေ့သို့ ဆိုင်ကယ်ဖြင့် ရောက်လာသော ဦးဆော်ယော်ယံ (၄၀ နှစ်၊ လီဆူ/ ခရစ်ယာန်)ကို လူထုအခြေပြု မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့မှ ဦးဇော်ယော်ခေါင်းဆောင်သော အင် အား ၁၅ ဦးက ရပ်တန့်ခိုင်းရာ ဦးဆော်ယော်ယံက ရပ်တန့်မပေးသဖြင့် နေအိမ်အထိ လိုက်သွားကြပြီး ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကာ လုံကာဇွတ်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွား ကြပါသည်။

၁၅.၃.၂၀၁၅ ရက်တွင် လုံးခင်းကျေးရွာ၊ မှော်စီစာကျေးရွာနှင့် နမ်္မမြစ်ကျေးရွာတို့မှ ဓမ်္မဆရာ ဦဘရန်နန်ခေါင်းဆောင်သော တုတ်၊ ဓား၊ လက် နက်များကိုင်ဆောင်ထားသည့် လူထုအခြေပြုမူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင် ၃၀ ခန့်သည် ဆိပ်မူကျေးရွာအုပ်စု၊ နန့်မှော်ကျေးရွာအနီးရှိ အဲဗား ၀င်းနားမြေစာပုံတစ်ဝိုက်နေ ကျူးကျော်တဲများထဲသို့ ၀င်ရောက်ပြီး မူးယစ်ဆေးဝါးရှာဖွေခဲ့သည်။ တဲ အတွင်း နေထိုင်သူများနှင့် သွားလာသူများအား မှောက်ခိုင်းပြီး တုတ်ဖြင့်ရိုက်နှက်စစ်ဆေးသဖြင့် ခိုက် ရန်ဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ မှ ၃ ဦး(မစိုးရိမ်ရ)ဒဏ်ရာရခဲ့ပါသည်။
၂၇.၃.၂၀၁၅ ရက်ကလည်း ဖားကန့်မြို့နယ် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဥက်္ကဋ္ဌ ဦးမရန်ဂျန်လာခေါင်းဆောင်သော တုတ်၊ ဓား လက်နက်များကိုင်ဆောင်ထားသည့် အင်အား ၄၀၀ ခန့်သည် အဆိုပါ အဲဗားဝင်းနားကုမ်္ပဏီစွန့်ပစ်မြေ စာပုံအနီးရှိ ယာယီတဲ ၃ လုံးကို မီးရှို့ခြင်း၊ တဲ ၇ လုံးကိုဖျက်ဆီးခြင်း၊ တဲထဲရှိလူများကို အတင်းအဓမ်္မ ဆွဲထုတ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သံသယ ရှိသူများနှင့် လမ်းသွားလမ်းလာများအား စစ်ဆေး ရိုက်နှက်ခြင်းကို ဥပဒေမဲ့ပြုလုပ်ခဲ့သဖြင့်ယာယီတဲ တွင် နေထိုင်သူ ၇ ဦး(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ ကြပါသည်။

၃၀.၄.၂၀၁၅ ရက်တွင် ဖားကန့်မြို့နယ်၊ ဆိပ် မူကျေးရွာအုပ်စု၊ အမှတ် ၃ ရပ်ကွက်၊ ဖားပြင်လမ်း သို့ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ၀င် ၄၀ ခန့်သည်မော်တော်ယာဉ် ၃ စီးခြင်းဖြင့် ရောက်ရှိလာခဲ့ပြီး လူဝင်/လူထွက်စစ်ဆေးခြင်း၊ လူ နေအိမ်များကို ရှာဖွေစစ်ဆေးခြင်းပြုလုပ်နေခြင်း ကြောင့် ရှေ့တန်းအမှတ် (၁၀၂) ခြေလျင်တပ်ရင်း မှ ဗိုလ်ကျော်ထက်ဦးစီး ၃ ဦးက ဘယ်အဖွဲ့ကလဲ၊ ဘာတွေလုပ်နေတာလဲဟု မေးမြန်းရာ လူထုအခြေ ပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ လူ ၂၀ ခန့်ဝိုင်းထားပြီး ဗိုလ်ကျော်ထက်၏ဦးခေါင်းကို တုတ် ဖြင့်တစ်ချက်ရိုက်နှက်ခဲ့သဖြင့် ဖားကန့်မြို့မရဲစခန်း ၌ အမှုဖွင့်ထားပါသည်။

၈.၇.၂၀၁၅ ရက်တွင် မြစ်ကြီးနားမြို့၊ တပ် ကုန်းရပ်ကွက် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့မှ ဦးဂျွန်အောင်ခေါင်းဆောင်သော အင်အား ၄၀ ခန့်က ၀ိုင်းမော်မြို့၊ ၀ါးရှောင်ကျေးရွာ၊ ရပ်ကွက် ၃ နေ ဦးခေါယိမ်း(ခ)ဘောစ်ယိမ်း (၃၈ နှစ်၊ ကချင်/ခရစ်ယာန်)၏နေအိမ်ကို မူးယစ်ဆေး ၀ါးဝင်ရောက်ရှာဖွေရာ မတွေ့ချေ။ ဆေးမတွေ့သော် လည်း ဦးခေါယိမ်းကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်းတွင်တွေ့သော ဦးတူးအောင်(ခ)ဦးလအောင်ကို ပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းအဖွဲ့သည် ဦးယော်ထန့်၏နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာ ဖွေရာ ဦးယော်ထန့်၏နှမ မဂျာရာထုနှင့် မိခင်ဒေါ် ကော့အိမ်တို့ရှိနေပြီး မူးယစ်ဆေးဝါးမတွေ့ချေ။ သို့ ရာတွင် ဗီရိုထဲ၌ သိမ်းဆည်းထားသော ရွှေလက် ကောက်အသေး ၃ ကွင်း၊ ရွှေဆွဲပြား ၁ ခု၊ ငွေစက်္ကူ ရောရာ ၂၁ သိန်းကို ယူဆောင်သွားခဲ့ပါသည်။
၂၁.၇.၂၀၁၅ ရက်တွင် မိုးကောင်းမြို့နယ်၊ စီးဒီယန်ကျေးရွာနေ မောင်အေးဆိုင်း (၂၇ နှစ်၊ ရှမ်း၊ ဗုဒ်္ဓ)ကို လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက် ရေးအဖွဲ့က ၀ိုင်းဝန်းရိုက်နှက်မေးမြန်းခဲ့သဖြင့် ဒဏ် ရာရခဲ့ပါသည်။ ၎င်းင်းအဖွဲ့သည် တစ်ရွာတည်းနေ ဒေါ်မနိုင်တောင်နှင့် ဒေါ်မနန်းလပ်တို့၏ နေအိမ် အား ဆက်လက်ဝင်ရောက်ရှာဖွေရာအ၀တ်ဘိန်း (အဆင့်နိမ့်ဘိန်း)ဟုယူဆရသည့် တစ်လက်မခန့် အ၀ိုင်း ၄ ၀ိုင်းအားတွေ့ရှိရသဖြင့် ဖမ်းဆီးခြင်းမပြု ဘဲ ငွေ ၂၅၀”၀၀၀ ကျပ်သားအား တောင်းယူ၍ မည်သူ့ကိုမျှ ပြန်မပြောရန် နှုတ်ပိတ်ခဲ့ပါသည်။

၂၇.၇.၂၀၁၅ ရက်တွင် မြစ်ကြီးနားမြို့ လူထု အခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အင် အား ၇၀ ခန့်သည် ၀ိုင်းမော်မြို့နယ်၊ ခတ်ချိုကျေး ရွာအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာခဲ့ပါသည်။ ထို အထဲမှ တုတ်၊ ဓားကိုင်ဆောင်ထားသူအချို့သည် အုပ်ချုပ်ရေးမှူးရုံးထဲ ၀င်လာသဖြင့် ကျေးရွာ အထောက်အကူပြု ဦးမောင်မောင်က မှတ်တမ်း ဓာတ်ပုံရိုက်ကူးစဉ် ဏေအျေ်ေည တစ္ဦးက ရိုက်လို့မရ ကြောင်း တားမြစ်ရာမှ အချေအတင်စကားများခဲ့ ကြသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရင်ဖုက ရဲတပ် ဖွဲ့နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအတူပါမှသာ မူး ယစ်ဆေးဝါးဖမ်းဆီးရေးကို ဆောင်ရွက်၍ရကြောင်း ဥပဒေလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြား ခဲ့ရာ ၎င်းင်းတို့ပြန်လည်ထွက်ခွာသွားကြသည်။
ဤသည်တို့မှာ သာဓကအနည်းငယ်မျှသာဖြစ် သည်။ တစ်မျိုးသားလုံး၏ရန်သူဖြစ်သော မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကို တာဝန်သိစွာလုပ်ဆောင် ခြင်းမှာ ကောင်းမွန်သောလုပ်ရပ်ပါပေ။ သို့ရာတွင် ဥပဒေဘောင်ဝင်အောင်လုပ်ဖို့ လိုပါသည်။ မြန်မာ နိုင်ငံမူးယစ်အထူးအဖွဲ့သည် ဘိန်းနှင့် မူးယစ်ဆေး ၀ါးကို ကြပ်ကြပ်မတ်မတ်ဖမ်းဆီးအရေးယူခြင်း၊ ဘိန်း ခင်းဖျက်ဆီးခြင်းတာဝန်ကို အလေးပေးထမ်းဆောင် လျက်ရှိသဖြင့် သတင်းပေးပူးပေါင်းဆောင်ရွက်ပါက ဥပဒေနှင့်အညီ ဖမ်းဆီး/ဖျက်ဆီးနိုင်ပေလိမ့်မည်။ ယခုမူ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဆိုသည်ကပင် ပြည်ထဲရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသော အဖွဲ့မဟုတ်ချေ။၎င်းင်း အဖွဲ့၏ လှုပ်ရှားမှုများတွင် ၀ရမ်းမပါဘဲ ရှာဖွေဖမ်း ဆီးခြင်း၊ ဥပဒေမဲ့ရိုက်နှက်ခြင်း၊ မူးယစ်ဆေးဝါးရှာ ဖွေစဉ်တွေ့ရှိရသော ငွေကြေးပစ်္စည်းများကို အဖွဲ့ရန် ပုံငွေအဖြစ် သိမ်းဆည်းခြင်း၊ ဖားကန့်မြို့နယ်အတွင်း ရှိ ကုမ်္ပဏီများထံမှ ၎င်းင်းတို့အဖွဲ့ရန်ပုံငွေအဖြစ် ငွေ ကြေးကောက်ခံခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်တွေ ပါ ၀င်လာသည်။

ဥပဒေမဲ့လုပ်ရပ်များကြောင့် ဒေသခံများနှင့် ပဋိပက်္ခအသွင်ဆောင်ယူလာသည်။ ၁၂.၉.၂၀၁၅ ရက်က မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ရှမ်း မျိုးနွယ်စုများ ဓမ်္မာရုံ၌ ရှမ်းမျိုးနွယ်စုရိုးရာအဖွဲ့ ဥက်္ကဋ္ဌ ဦးစိုင်းထွန်းရင်ဦးစီးအဖွဲ့ဝင်များနှင့် PCG အဖွဲ့ ၀င် ဦးစမရာခွန်းအောင် ဦးစီးကချင်မျိုးနွယ်စုစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့တို့ တွေ့ဆုံ၍ Patjasan အဖွဲ့ ၏ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ၁၃း၃၀ နာရီမှ ၁၅း၃၀ နာရီအထိ ညှိနှိုင်းဆွေးနွေးခဲ့ကြ၏။

ဆက်လက်ဖော်ပြပါမည်

အောင်ဇေယျ
The Hot News Weekly 

0 comments:

Post a Comment