Monday, March 7, 2016

ရုပ်ချောရင် ဉာဏ်ရည် မြင့်တယ်လို့ အထင်ခံရလေ့ရှိ


လူများသည် ရုပ်ရည်ချောမော သူများအား ဉာဏ်ရည်မြင့် သူများ အဖြစ် ထင်မြင်လေ့ ရှိကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြ ထားသည်။

လေ့လာမှုကို စိန့်အန်ဒရူး တက္ကသိုလ်မှ ရှောင်တာလာမာစ်က ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တာလာမာစ်နှင့် အဖွဲ့သည် တက္ကသိုလ် ကျောင်းသားများအား ဓာတ်ပုံရိုက်ယူ ပြီးနောက် အလေ့လာခံ များကို ပေးအပ် ခဲ့သည်။ ယင်းနောက်တွင် အလေ့လာခံများအား ဓာတ်ပုံများကို ကြည့်ပြီး ဆွဲဆောင်မှု ရှိမရှိ၊ ဉာဏ်ရည် မြင့်ခြင်းရှိမရှိ၊ တာဝန်သိခြင်း ရှိမရှိနှင့် ပညာရေး ထူးချွန်မှုရှိ မရှိတို့နှင့် ပတ်သက်ပြီး သုံးသပ် မှတ်ချက်ချစေ ခဲ့သည်။ယင်းနောက်တွင် သုတေသန ပညာရှင် များသည် အလေ့လာခံများ၏ သုံးသပ်ချက်နှင့် ဓာတ်ပုံပါ ကျောင်းသား များ၏ ပညာရေး မှတ်တမ်းများကို နှိုင်းယှဉ်ခဲ့သည်။ လေ့လာမှု အရ ဆွဲဆောင်မှု ရှိသော မျက်နှာရှင် များသည် ဉာဏ်ရည်မြင့်သည်ဟု သတ်မှတ်ခံခဲ့ ရကြောင်း ပညာရှင် များတွေ့ရှိခဲ့သည်။

ဆွဲဆောင်မှုရှိသူ များအား ဉာဏ်ရည်မြင့်သည်ဟု ယူဆခြင်းကို ဆွဲဆောင်မှုရှိ ခြင်းကြောင့် ဆုံးဖြတ်နိုင် စွမ်းကင်းမဲ့ ရမှု အခြေအနေဟု ပညာရပ်ဆိုင်ရာ လေ့လာမှုများတွင် ခေါ်ဆို နေသည်။ ၀ါဝါမြင်တိုင်း ရွှေမထင်နဲ့ ဟု ပြောစကားများရှိနေ သော်လည်း လူများသည် မျက်နှာ အသွင်အပြင်ကို မြင်ပြီး နောက်တွင် ယင်းမျက်နှာ အသွင်အပြင် အပေါ် မူတည်ပြီး မျက်နှာရှင်နှင့် ပတ်သက်၍ ထင်မြင်ချက်များကို ပေးလေ့ ရှိကြောင်း တွေ့ရှိခဲ့ ရသည်ဟု ပညာရှင်များက ပြောဆိုခဲ့သည်။

Source:DM
Messenger News Journal

0 comments:

Post a Comment