Monday, March 7, 2016

ချင်ပန်ဇီများတွင် ကိုးကွယ်ရာ ဘာသာရှိနိုင်ဟုဆို


ချင်ပန်ဇီများ တွင်လည်း ကိုးကွယ်ရာ ဘာသာရှိ နိုင်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြ ထားသည်။ အနောက် အာဖရိကတွင် ချန်ပန်ဇီ များသည် အစားအစာနှင့် အခြားပစ္စည်းများ ရရှိစရာ မရှိဘဲ သစ်ပင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက်လေ့ ရှိကြောင်း တွေ့ရှိ ခဲ့သည်။ ဂျာမနီနိုင်ငံ လိုက်ပဇစ်မြို့ရှိ မက်စ်ပလန့် အင်စတီကျုမှ သုတေသန ပညာရှင်များသည် ချင်ပန်ဇီ များ၏ အပြုအမူများကို လေ့လာမှု ပြုလုပ် ခဲ့သည်။အနောက် အာဖရိကရှိ သုတေသန ပြုလုပ်ရာ နေရာလေးခုတွင် ကျောက်ခဲပုံများကို တွေ့ရှိ ပြီးနောက် သုတေသန အဖွဲ့သည် ယင်းနေရာ များတွင် ကင်မရာများကို လျှို့ဝှက်ထားရှိ ခဲ့သည်။ ဂီနီဘစ်ဆောက် နိုင်ငံရှိ သုတေသနပြုရာ နေရာတစ်ခုတွင် ချင်ပန်ဇီ များသည် သစ်ပင် တချို့ထံသို့ ပုံမှန် လာရောက်ပြီး ကျောက်ခဲများ ဖြင့် ပစ်ပေါက်လေ့ ရှိကြောင်း မှတ်တမ်းတင် နိုင်ခဲ့သည်။ ချင်ပန်ဇီ အထီးများသည် ဘာသာရေး ဓလေ့ဆန်ဆန် ပုံမှန်ပြု လုပ်လေ့ရှိ သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အမများနှင့် ချင်ပန်ဇီပေါက်စ များလည်း ပါဝင် လာတတ်သည်။

ချင်ပန်ဇီ အထီး အကောင်ကြီးကြီး တစ်ကောင်က သစ်ပင်နားကပ် လာတယ်။ ပြီးတော့ အပင်ကိုခဏ ရပ်ကြည့်တယ်၊ ပြီးရင် ကျောက်ခဲကို အားကုန်သုံးပြီး ပေါက်တော့တာပဲ ဟု လေ့လာမှုတွင် ပါဝင်ခဲ့သည့် လော်ရာကီဟိုး က ပြောဆို ခဲ့သည်။ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်းသည် ရံဖန်ရံခါ မှသာ ပြုလုပ်သော အပြုအမူ မဟုတ်ဘဲ ရက်ပိုင်း အလိုက် ပုံမှန် ဖြစ်နေသော အပြုအမူဖြစ်နေ သောကြောင့် ဘာသာရေးဆန်သည်ဟု ပြောလို့ရကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ချင်ပန်ဇီများ၏ အပြုအမူများနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောဆိုရန် အခြေခံအချက်များ ရှိနေကြောင်း ကီဟိုးက ဆိုသည်။ ပထမအချက်မှာ ချင်ပန်ဇီ အထီးသည် သစ်ပင်ကို ကျောက်ခဲဖြင့် ပစ်ခတ်ခြင်းဖြင့် အထီး စွမ်းရည်ပြ ခြင်းလည်း ဖြစ်နိုင်ခြင်း ဖြစ်သည်။ ဒုတိယ အချက်မှာ လမ်းမပျောက်စေရန် အမှတ်အသား ထားရှိ ခြင်းလည်း ဖြစ်နိုင်ကြောင်း ကီဟိုး က ပြောသည်။ အနောက် အာဖရိကရှိ တိုင်းရင်းသား မျိုးနွယ်စု များသည် ၎င်းတို့က မြင့်မြတ်သည်ဟု ယူဆသော သစ်ပင်များ အောက်တွင် ကျောက်ခဲများကို စုပုံထားရှိလေ့ရှိ ခဲ့သည်။

Source:DM
Messenger News Journal

0 comments:

Post a Comment