မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကအခြေခံ သည့်နိုင်ငံအဖြစ် ရပ်တည်နေရဆဲဖြစ်သည်။ တောင် သူလယ်သမားကြီးများသည် လယ်ယာထုတ်ကုန် လုပ်ငန်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို သယ်ပိုးနေကြသူများဖြစ်ကြသည်။ တိုင်းပြည်ရိက်္ခာဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေးတို့အတွက် အရေးပါသည့်ကဏ္ဍမှပါဝင်ဆောင်ရွက်နေကြ သူများဖြစ်ကြသည်။ ခေတ်အဆက်ဆက်နိုင်ငံတော် နှင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးနေကြသူများ ဖြစ်ကြသည်။သို့ဖြစ်၍ ကျေးဇူးရှင်ကြီးများအဖြစ် အသိအမှတ်ပြုခံရသူများဖြစ်သည်။သို့ရာတွင် တောင်သူလယ်သမားများ၏သမိုင်းကြောင်းကို ပြန် လည်ဆန်းစစ်ကြည့်ပါက ၎င်းင်းတို့၏ဘ၀မှာ သာယာ ချောမွေ့မှုမရှိသည်ကို ၀မ်းနည်းဖွယ်ရာတွေ့ရှိရ ပေသည်။ရှေးမြန်မာမင်းများလက်ထက်က တောင် သူလယ်သမားများသည် စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ၏ ဆယ်ဖို့ တစ်ဖို့၊ ဆယ်ခိုင်တစ်ခိုင်ကို တိုင်း ပြည်ရိက်္ခာ၊ တိုင်းပြည်ဘဏ္ဍာအတွက် ပေးသွင်းကြ ရသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ် သည့်အခါ ကိုယ့်ရိက်္ခာကိုယ်စား၍ စစ်သည်များ အဖြစ် အမှုတော်ထမ်းကြရသည်။ မင်းမျိုး၊ ပုဏ်္ဏား မျိုး၊ သူဌေးသူကြွယ်နှင့် ဆင်းရဲသားမျိုးဟူ၍ ရှိကြ သည့်အနက် နောက်ဆုံးအလွှာ၌သာ အသိအမှတ် ပြုခြင်းခံရသည်။
ကိုလိုနီနယ်ချဲ့လက်အောက်ကျရောက်သည့် အခါ၌လည်း လယ်ယာမြေများကို မိမိကိုယ်ပိုင်လုပ် အားဖြင့် ခုတ်ထွင်ပြီး၊ ဆန်ရေစပါးများကို ဆင်းရဲ ဒုက်္ခခံ၍ ထွန်ယက်စိုက်ပျိုးထုတ်လုပ်ပေးကြရသည်။ အရင်းရှင်ကုမ်္ပဏီကြီးများက ထွက်ရှိလာသည့်စပါး များကို ဈေးနှိမ်ဝယ်ယူကြသည်။ အမျိုးမျိုးသော နည်းလမ်းများဖြင့် ခေါင်းပုံဖြတ်မှု၊ သွေးစုပ်ခြယ်လှယ် မှုဒဏ်ကို ခံကြရသည်။ မိမိလုပ်အားဖြင့် ပင်ပန်းကြီး စွာ ဓားမဦးချခုတ်ထွင်ထားသည့် လယ်ယာမြေများ ကို ကြွေးရှင်များလက်သို့ ၀ကွက်ပြီးပေးအပ်လိုက် ကြရသည်။ လယ်ယာပိုင်ရှင်ဘ၀မှ လယ်မဲ့ယာမဲ့ ဘ၀သို့ရောက်ခဲ့ရသည်။ လယ်ကျွန်၊ ယာကျွန်များ အဖြစ် သက်ဆင်းကြရသည်။ နောက်ဆုံးသေမထူး နေမထူးသည့်ဘ၀တွင် ဆရာစံဦးဆောင်သည့် လယ် သမားအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ရသည်။
မြန်မာနိုင်ငံဗြိတိသျှလက်အောက်မှ လွတ်လပ် ရေးရရှိခဲ့သော်လည်း တောင်သူလယ်သမားတို့၏ ဘ၀မှာ မလွတ်မြောက်ခဲ့ပေ။ မြေရှင်၊ ငွေရှင်ကြီးများ ၏ အမြတ်ထုတ်သွေးစုပ်မှုဒဏ်ကို အလူးအလဲခံကြ ရပြန်သည်။ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး လယ် ယာမြေဝေချမ်းရေးစသည့် အစီအမံများဆောင်ရွက် ခဲ့ကြသော်လည်း ဟန်ပြမျှသာဖြစ်ခဲ့သည်။ ထိရောက် မှုမရှိခဲ့ပေ။ မြေမဲ့ယာမဲ့များဖြစ်သည့်အားလျော်စွာ မြေရှင်ကြီးများထံမှ မြေယာများကို သီးစားခများ မ တန်တဆပေး၍ လုပ်ကိုင်ကြရသည်။ စိုက်ပျိုးရေး စရိတ်များကို မြေရှင်ငွေရှင်ကြီးများထံမှ အတိုးကြီး ပေး၍ ချေးယူကြရသည်။ ကျွဲနွားများနှင့် အတူ ပင် ပန်းကြီးစွာရုန်း၍ စိုက်ပျိုးထုတ်လုပ်ကြသည့် တောင် သူလယ်သမားကြီးများမှာ ရာသီကုန်ဆုံးချိန်တွင် ဆန်ကောနှင့် ကောက်ဆွသာအနိုင်နိုင် ကျန်ခဲ့တော့ သည်။ မြေရှင်ငွေရှင်ကြီးများပြုလုပ်သမျှ ခါးစည်း၍ ခံကြရသည်။ အဖိနှိပ်ခံ၊ အခြယ်အလှယ်ခံ၊ သွေးစုပ် ခံဘ၀ဖြင့်သာ ရပ်တည်ခဲ့ကြရသည်။ အုပ်စိုးသူများ ထံမှလည်း အကာအကွယ်များ မရရှိခဲ့ကြပေ။
တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကာလရောက်ရှိမှသာတောင်သူလယ်သမား များ အသက်ရှူချောင်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ် သီး စားချထားရေးဥပဒေနှင့် ၁၉၆၅ ခုနှစ် သီးစားချထား ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေများ ပြဋ္ဌာန်း၍ သီးစားခများမတန်တဆပေး၍ စိုက်ပျိုးနေရသည့် ဘ၀ မှ လွတ်မြောက်မှုကို ရရှိခဲ့သည်။ လယ်လုပ်သူ၊ လယ် လုပ်ပိုင်ခွင့်မူအရ မြေရှင်ကြီးများထံမှမြေကို အမှန်တကယ်လုပ်ကိုင်သည့် တောင်သူလယ်သမား အခွင့် အရေးကာကွယ်သည့်ဥပဒေပြဋ္ဌာန်းကာ ကြွေးမြီနှင့် စပ်လျဉ်း၍ မြေယာ၊ ထွန်တုံးထွန်းတံ၊ လယ်လုပ်ကိရိယာနှင့် အိမ်ရာများကို မတရားသိမ်း ယူခြင်းမှကာကွယ်ပေးခဲ့သည်။ မြေယာပြဿနာ များကို တောင်သူလယ်သမားကိုယ်စားလှယ်များပါ ၀င်သည့် မြေယာကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်း ၍စီမံဆောင် ရွက်ခွင့်များပေးအပ်ခဲ့သည်။
၁၉၈၈ ခုနှစ်နှောင်းပိုင်းမှစ၍ တောင်သူလယ် သမားများ၏ဘ၀မှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွား ပြန်သည်။ တောင်သူလယ်သမားများလုပ်ကိုင်လျက် ရှိသည့် လယ်ယာမြေများကို အကြောင်းအမျိုးမျိုးပြ ၍ မတရားသိမ်းယူခြင်းခံခဲ့ရသည်။ လယ်မဲယာမဲ့ ဘ၀သို့ ရောက်ရှိခဲ့ကြပြီး၊ စိုက်ပျိုးရေးစရိတ်အတွက် နိုင်ငံတော်မှထုတ်ပေးမှုမှာ ပြည့်စုံလုံလောက်မှုမရှိ။ ပြင်ပငွေရှင်များထံမှ အတိုးကြီးပေး၍ ချေးယူကြရ သည်။ သီးနှံပေါ်ချိန်၌လည်း ကုန်သည်ပွဲစားငွေရှင် ကြီးများ၏ ဈေးနှိမ်၍ ၀ယ်ယူမှုရှိခဲ့ကြပြန်သည်။ ထို့ ကြောင့်ပင် တောင်သူလယ်သမားများဘ၀မှာ လူ မွေးမပြောင်၊ ဆင်းရဲမွဲတေသည့်ဘ၀မှ မလွတ် မြောက်နိုင်ခဲ့ကြပေ။ တောင်သူလယ်သမားအများစု မှာ မိမိတို့ဘ၀ရပ်တည်ရေးအတွက် မြို့ကြီးများသို့ ပြောင်းရွှေ့အခြေချပြီး ကျပန်းအလုပ်သမားများ အဖြစ် အသက်မွေးဝမ်းကြောင်းပြုကြရသည်။ ကျေး လက်ဒေသများမှ လူငယ်အများအပြားသည် ပြည်ပ နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြသည်။ ထို့ ကြောင့် လယ်ယာမြေလုပ်သားများရှားပါးကာ လယ် ယာကုန်ထုတ်လုပ်မှုကို ထိခိုက်စေသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧကများ လျော့ နည်းလာမှု၊ လယ်ယာလုပ်သားရှားပါးမှု၊ လယ်ယာ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းအားနည်းမှုနှင့် ရာသီဥတု ဖောက်ပြန်မှုတို့ကြောင့် အချို့သောစိုက်ပျိုးသီးနှံများ မှာ အရည်အတွက်အရရော၊ အရည်အသွေးအရပါ ကျဆင်းလာသည်။ ယခင်က မိမိတို့နိုင်ငံမှ ပြည်ပ သို့ တင်ပို့နေရသည့် စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပနိုင်ငံများမှ ပြန်လည်တင်သွင်းနေရသည်ကို တွေ့ရှိနေရပေသည်။
နိုင်ငံတော်၏စီးပွားရေးမူဝါဒတွင် ဈေးကွက်စီး ပွားရေးကို ကျင့်သုံးရန်ပြဋ္ဌာန်းထားသည်။ ကုန်သည် ပွဲစား၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက် မူဝါဒနှင့်အညီဆောင်ရွက်နိုင်ခွင့်ရှိနေကြသည်။ သို့ ရာတွင် တောင်သူလယ်သမားများမှာမူ မိမိတို့လယ် ယာမြေများကို မိမိတို့စိတ်ကြိုက်စီမံခန့်ခွဲမှုနှင့် လွတ် လပ်စွာစိုက်ပျိုးထုတ်လုပ်နိုင်သည့်အခွင့်အရေးများ အပြည့်အ၀မရရှိခဲ့ကြပေ။
လယ်ယာမြေသည် တောင်သူလယ်သမားများ ၏ အသက်ဖြစ်သည်။ လယ်ယာမြေများသိမ်းယူခံရ ခြင်းသည် ၀ိညာဉ်ကိုနုတ်ယူခြင်းနှင့်တူသည်။ ၁၉၈၈ ခုနှစ်နှောင်းပိုင်းကာလမှစ၍ ယခင်ကပြဋ္ဌာန်းခဲ့သည့် တောင်သူလယ်သမားများအား အကာအကွယ်ပေး သည့် ဥပဒေများမှာ အကျိုးသက်ရောက်မှုမရှိတော့။ စိုက်ပျိုးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အကျွမ်းတ၀င်မရှိ သည့်ပုဂ်္ဂလိကကုမ်္ပဏီများ၊ အသင်းအဖွဲ့များက ရေ နက်ကွင်းစိုက်ခင်း၊ စပါး၊ ငါး စီမံကိန်းနှင့် အကျိုးတူ စိုက်ပျိုးရေးစီမံချက်စသည့် အမည်အမျိုးမျိုးဖြင့် လယ်ယာမြေများကို ရယူခဲ့ကြသည်။ ပလပ်မြေနှင့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ် ခြင်းထက် တောင်သူလယ်သမားများ လက်ရှိစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် မြေယာများကို သိမ်းယူစိုက် ပျိုးခဲ့ကြသည်။ အကြောင်းအမျိုးမျိုးဖြင့် တောင်သူ လယ်သမားများထံမှ စိုက်ပျိုးမြေများမှာ သိမ်းယူခြင်း ခံခဲ့ကြရသည်။
လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်က ၂၀၁၆ ခုနှစ်၊ ဇန်န ၀ါရီ ၂၁ ရက်အထိလယ်ယာမြေအမှုတွဲ (၁၉၈၃၆) ကို အစိုးရအဖွဲ့သို့ပေးပို့ခဲ့သည်။ မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီအမှုတွဲ (၁၂၉၇၀)ကို ဖြေ ရှင်းပေးနိုင်ခဲ့ကြောင်းနှင့် မြေသိမ်းဆည်းမှုဧက (၃၅ ၉၉၀.၇၂) ဧကကို သက်ဆိုင်ရာများက ပြန်လည် စွန့်လွှတ်ခဲ့ကြောင်း သိရှိရပေသည်။ သို့ရာတွင် လက် တွေ့တာဝန်ယူဆောင်ရွက်ပေးရမည့် ပုဂ်္ဂိုလ်အဖွဲ့ အစည်းများ၏ အရေးယူဆောင်ရွက်ခြင်းနှေးကွေးမှု ကြောင့် ကာယကံရှင်များလက်ဝယ်သို့ အပြည့်အ၀ ရောက်ရှိခြင်းမရှိသေးဟု သိရှိရပေသည်။
မြေယာပြဿနာများပြီးပြတ်နိုင်မှုမရှိခြင်းမှာ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်မှ တာဝန်ရှိသူများ အနေဖြင့် အောက်ခြေအထိကွင်းဆင်းဆောင်ရွက် မှုအားနည်းခြင်းအပါအ၀င်ဥပဒေ၊ နည်းဥပဒေ၊ လုပ် ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ၊ ကော်မရှင် ၏ သုံးသပ်အကြံပြုချက်နှင့် အစီရင်ခံစာများအပေါ် လိုက်နာဆောင်ရွက်မှုအားနည်းချက်များကြောင့် ဖြစ် သည်။ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ ၂၅ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည့် စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထား ကြောင်း သိရှိရပေသည်။
တောင်သူလယ်သမားများသည် အဖွဲ့အစည်း ၏ ဆောင်ရွက်ပေးရန် နှောင့်နှေးမှုကိုလည်း မခံနိုင် ဘဲ မိမိတို့ပိုင်ဆိုင်ခဲ့သည့်မြေယာများကို ၀င်ရောက် ထွန်ယက်ကြသည်။ အချို့က ထွန်တုံးတိုက်ပွဲဆင်နွှဲ ခြင်းဟူ၍ ပြောကြသည်။ ထိုသို့လုပ်ဆောင်မှုကြောင့် တောင်သူလယ်သမားများမှာ ဖမ်းဆီးချုပ်နှောင်ခံရ ခြင်း၊ ထောင်ဒဏ်ကျခံရခြင်းများရှိခဲ့သည်။ လက်ရှိ ပြဋ္ဌာန်းထားသည့်တောင်သူလယ်သမားများ အခွင့် အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကလည်း တောင်သူလယ်သမားများအား လုံ လောက်စွာ အကာအကွယ်ပေးနိုင်ခြင်းမရှိခဲ့ပေ။
တောင်သူလယ်သမားများမှာ ယခုကဲ့သို့အဖြစ် ဆိုးများဖြင့် တွေ့ရခြင်း၏အဓိကတာဝန်ရှိသူများမှာ မည်သူနည်း၊ ပြောကြမည်ဆိုပါက သံသရာလည်နေ ပေလိမ့်မည်။အချုပ်အားဖြင့်ဆိုရပါမူ ပေါက်ပင်ဘာ ကြောင့်ကိုင်းရတယ် အစရှိသည့်သံပေါက်လင်္ကာ တွင် ပါရှိသည့်အတိုင်းပင် နောက်ဆုံး၌ ““ငါ့ဝမ်းပူဆာ မနေသာ”” လို့သာဟူ၍ ဖြစ်သည်ဟုသာ ကောက် ချက်ချရပေတော့မည်။
မည်သို့ပင်ဖြစ်စေ ယခုအခါအပြောင်းအလဲ တစ်ရပ်အတွက် ပြည်သူများက မိမိတို့၏ဆန်္ဒကို ဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။ ယင်းတို့အထဲတွင် ကျေး လက်ဒေသ၌ မှီတင်းနေထိုင်လျက်ရှိကြသည့် တောင် သူလယ်သမားများ၏ဆန်္ဒမှာ အများဆုံးဖြစ်သည်ကို မည်သူမျှငြင်းနိုင်ကြမည်မဟုတ်ပေ။
တောင်သူလယ်သမားများအနေဖြင့် မိမိတို့ အား ကယ်တင်ပေးမည့်သူများကို အားကိုးတကြီးဖြင့် မျှော်လင့်စောင့်စားလျက်ရှိကြသည်။ သို့ဖြစ်ရာ အ မှန်တကယ်ပြောင်းလဲရန်လိုအပ်သည့် တောင်သူ လယ်သမားများ၏ဘ၀ ရှင်သန်တိုးတက်သာယာ လှပလာစေရေးအတွက် တောင်သူလယ်သမားများ ၏ အကျိုးကိုသယ်ပိုးလိုပါသည်ဆိုသော အင်အားစု အားလုံးတို့က စေတနာသန့်သန့်၊ သဘောထားမှန် မှန်ဖြင့်တောင်သူလယ်သမားကြီးများနှင့်အတူ ၀ိုင်း ၀န်းကြိုး ပမ်းဆောင်ရွက်ပေးကြရန် စေတနာကောင်း ဖြင့်တိုက်တွန်းတင်ပြလိုက်ရပေသည်။
မြေလတ်သား
The Hot News Weekly
0 comments:
Post a Comment