Thursday, March 3, 2016

သရုပ်ဆောင်၊ ထုတ်လုပ်သူ မိုးဟေကိုနှင့်တွေ့ဆုံခြင်း

‘‘ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ကြည့်တယ်၊ ပရိသတ်တစ်ယောက် အနေနဲ့လည်းကြည့်တယ်၊ အပြောင်းအလဲလည်း လိုချင်တယ်’’


သရုပ်ဆောင်မိုးဟေကို၏ မိုးရုပ်ရှင်ထုတ်လုပ်ရေးမှ ပွဲဦးထွက်ရုပ်ရှင် ‘‘ရုံးပတီသီးလေးများ’’ဇာတ်ကားကို ပရိသတ်များ အားပေးခဲ့ကြပြီး ၎င်းတို့ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် ခိုးဆိုးလုနှိုက်ရုပ်ရှင်သည် မေလတွင် ရုံတင်တော့မည်ဖြစ်သည်။ ယင်းရုပ်ရှင်ရုံမတင်မီ မိုးရုပ်ရှင်ထုတ် လုပ်ရေး၏ ပဉ္စမမြောက်ဇာတ်ကားဖြစ်သည့် ခိုးဆိုးလုနှိုက်(၂) ဇာတ်ကားကို ရိုက်ကူးနေပြီဖြစ်ရာ သရုပ်ဆောင်တစ်ဦးအနေဖြင့်သာမဟုတ်ဘဲ ထုတ်လုပ်သူတစ်ဦးအနေဖြင့်ပါ လုပ်ငန်းများလုပ်ကိုင်လာသည့် မိုးဟေကိုအား ၎င်း၏ အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။မိုးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမ ဆုံးရုပ်ရှင် ရုံးပတီသီးလေးများ လည်း အောင်မြင်ခဲ့တယ်။ မေလ မှာ ရုံတင်မယ့် ခိုးဆိုးလုနှိုက်က လည်း ရုံမတင်ခင်ကတည်းက ပရိသတ်အားပေးမှုရနေတာဆို တော့ ထုတ်လုပ်သူအနေနဲ့ အ ကျိုးပေးတယ်လို့ ပြောလို့ရမ လား

ထုတ်လုပ်သူဆိုတာက လည်း အနုပညာနယ်ပယ်ထဲမှာပဲ ဆက်လုပ်ဖြစ်တာဆိုတော့ ထုတ် လုပ်သူအနေနဲ့ အကျိုးပေးတယ် ဆိုတာထက် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်လာတယ် လို့ ပြောလို့ရပါတယ်။ ရုံတင်တိုင်း တော့ ရင်တုန်တာပေါ့။ ရုံးပတီ သီးလေးများကလည်း ပရိသတ် အားပေးမှု ရတယ်ဆိုတော့ နောက်ကားတွေမှာလည်း အား ပေးကြပါဦးလို့ ပြောချင်တယ်။ ဒါ မှလည်း အနုပညာလောကမှာ သရုပ်ဆောင်အနေနဲ့ရော၊ ထုတ် လုပ်မှုအပိုင်းမှာရော ကိုယ်မရိုက် ရင်တောင် တခြားအနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ ရိုက်ခွင့် ရမှာ။

ကိုယ်တိုင်ထုတ်ရိုက်တဲ့ ဇာတ် ကားတွေမှာ သရုပ်ဆောင်လေ့မ ရှိပေမယ့် ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ဖြစ်တာက ဘာ ကြောင့်လဲ။

ပထမကားတွေကတည်းက လည်း ကမ်းလှမ်းတယ်။ ကမ်း လှမ်းပေမယ့် မိုးက ငြင်းခဲ့တာ။ ဒီ ကားကျတော့လည်း ဒါရိုက်တာ က ရိုက်ပေးပါလို့ ကမ်းလှမ်းတာနဲ့ ကိုယ်ကလည်း တစ်ကားလုံးကို ကြိုက်တဲ့အတွက် ရိုက်ဖြစ်တာပါ။

အခုနောက်ပိုင်းမှာ ဇာတ်ကား တွေ အရိုက်ကျဲနေတာဆိုတော့ သရုပ်ဆောင်အလုပ်ကို ဘယ်လို အချိန်ပေးပြီး လုပ်ဖြစ်သလဲ။

နဂိုကတည်းကလည်း မိုး ဇာတ်ကားတွေလျှော့ရိုက်တယ်။ အလုပ်ပိုင်းတွေမှာပေါ့။ အခုဆို ကိုယ့်ကုမ္ပဏီကရိုက်တဲ့ကား တောင် ကားတိုင်းဝင်မရိုက်ဘူး။ အဓိကကတော့ မိုးအနေနဲ့ သရုပ် ဆောင်အလုပ်မလုပ်ဘူးမဟုတ် ဘူး လုပ်တယ်။ အများကြီးရွေး ချယ်တယ်။ အလုပ်လုပ်နေတာ လည်းဖြစ်တဲ့အတွက် အားလုံး ဘက်မျှချင်လို့ပါ။ အချိန်အတိုင်း အတာတစ်ခုရယ်၊ အစ်မအရမ်း ကြိုက်တဲ့ဇာတ်လမ်းတွေဆို ရိုက် ဖြစ်တယ်။

သရုပ်ဆောင်အလုပ်ကိုလျှော့ လိုက်တဲ့အချိန်မှာ ကိုယ့်အတွက် ဘယ်လိုအပြောင်းအလဲတွေကြုံ ရလဲ။

အဲဒီအတွက် ပရိုဂျူဆာအ လုပ်ကို ပိုပြီးအချိန်ပေးလုပ်ဖြစ် တယ်။ အစ်မအတွက် စဉ်းစားချိန် ရတယ်။ စဉ်းစားရမယ့်အပိုင်းတွေ ဘာလုပ်ရမယ်ဆိုတဲ့လုပ်ငန်းစဉ် တွေအတွက်လည်း အချိန်ပိုရ တယ်။ အရင်တုန်းကကျတော့ အစ်မအတွက် အပြင်အလုပ်တွေ မလုပ်သေးဘူး။ အနုပညာအလုပ် ပဲလုပ်မယ်လို့ သတ်မှတ်ထားတဲ့ အချိန်မှာ သရုပ်ဆောင်အလုပ် တစ်ခုကိုပဲ ဦးတည်တယ်။ အပြင် စီးပွားရေးတွေမလုပ်သေးဘူး။ လုပ်တော့မယ်။ လုပ်ရတော့မယ် ဆိုတဲ့အချိန်မှာ လျှော့လိုက်တာ ပေါ့။ ကိုယ်တစ်ယောက်တည်း ဟိုဟာလည်းလုပ်၊ ဒီဟာလည်း လုပ်၊ နေရာတကာကိုယ်လုပ်လို့ မရဘူးလေ။ သူ့အပိုင်းလေးနဲ့သူ အချိန်ပေးရတာ။

ရှေ့ဆက်ပြီး ထုတ်လုပ်သူတစ် ယောက်အနေနဲ့ ရပ်တည်ဖို့များ လား။ ထုတ်လုပ်သူတစ်ယောက် အတွက် ရပ်တည်ဖို့ဘယ်လိုအရာ တွေလိုအပ်သလဲ။

အစ်မရှေ့ဆက်ပြီး သရုပ် ဆောင်ရော၊ ထုတ်လုပ်သူရော အားလုံးမျှပြီး လုပ်သွားမှာပါ။ နောက်ထပ်ရိုက်ဖို့လည်း တည် ထားတာတွေရှိတယ်။ မင်းသား မင်းသမီး ဒါရိုက်တာတွေ ချိတ် ထားတာတွေလည်းရှိတယ်။ အ ကုန်လုံး သေချာရင် ပြောပြပေး မှာပါ။ အစ်မက မလုပ်ခင်ကြိုမ ပြောတတ်လို့ပါ။

အရင်က ဟာသတွေ၊ ဒရာမာ တွေရိုက်တော့ အက်ရှင်ကားတွေ ရိုက်ဖို့က ထုတ်လုပ်သူအတွက် ဘယ်လိုစိန်ခေါ်မှုတွေရှိသလဲ။

ကိုယ်က ထုတ်လုပ်သူတစ် ယောက်အနေနဲ့ကြည့်တယ်။ ပရိ သတ်တစ်ယောက်အနေနဲ့လည်း ကြည့်တယ်။ အပြောင်းအလဲ လည်းလိုချင်တယ်။ အဲဒီအတွက် မိုးတို့အများကြီးစဉ်းစားပြီး တိုင် ပင်ခဲ့တယ်။ အစ်မတို့ တိုက်အနေ နဲ့ကတော့ ဟာသလည်းရိုက်မယ်။ ဒရာမာလည်းရိုက်မယ်။ အက်ရှင် လည်းရိုက်မယ်။ အကုန်လုံးစုံ အောင်ရိုက်ရမှာပေါ့။

သရုပ်ဆောင်ကနေ ထုတ်လုပ်သူ လုပ်ရင် ကိုယ်လုပ်ကွက်ရတဲ့ ရုပ် ရှင်တွေ ရိုက်ကြတာများတယ်။ မိုးဟေကိုက အဲဒီလိုဘာဖြစ်လို့ မ ရိုက်တာလဲ။

အဲဒီလိုအတွေးနဲ့ မရိုက်လို့ အမေးခံရတာတော်တော်များပါ တယ်။ ကားတိုင်းကိုလည်း ၀င်မ ရိုက်လို့ မေးကြတယ်။ ဘာဖြစ်လို့ ၀င်မရိုက်ဖြစ်တာလဲဆိုတော့ အ လုပ်တစ်ခုအနေနဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ချင်လို့ပါ။

ကျေးဇူးတင်ပါတယ်။

7Day Daily

0 comments:

Post a Comment