Tuesday, January 5, 2016

ဗီဒီယို အကြိုခံစားခြင်း- မစ်(စ်)ကောလ်


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ မိသားစုပညာပေးဇာတ်ကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

ဝဿန်နဲ့ လမင်းတို့က စေ့စပ်ထားတဲ့ချစ်သူတွေပါ။ သူတို့နှစ်ယောက်ကို နှစ်ဖက်မိဘတွေ ကလည်း သဘောတူ ထားကြပါ တယ်။ နောက်ပြီး လမင်းနဲ့ ဝဿန်တို့က ဆရာဝန်တွေပါ။ နှစ် ယောက်စလုံးဆရာဝန်တွေ ဖြစ်တာကြောင့် အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေသလို တစ်ခါတ လေမှပဲ တွေ့ဖြစ်ကြပါတယ်။ လမင်းရဲ့မိဘတွေကလည်း သူတို့နှစ်ယောက်ကို အိမ်ထောင်ပြုစေချင်နေပါတယ်။ ဒါပေမဲ့ ဝဿန်နဲ့ လမင်းကတော့ တစ်နှစ်လောက်ထပ်ပြီး အချိန်ယူဦးမယ်လို့ တိုင် ပင်ထားကြပါတယ်။ရဲရဲရဲ့မိဘတွေက ကွဲနေတာပါ။ ရဲရဲရဲ့ အဖေက ဖဲသမားပါ။အဲဒါကြောင့် ရဲရဲရဲ့ အမေနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ထောင်ကွဲနေကြ တာပါ။ ရဲရဲကတော့ သူ့အမေနဲ့ အတူနေပါတယ်။ ဒါပေမဲ့ ရဲရဲကို နွေးနွေးထွေးထွေးဆက်ဆံကြ တာတော့မရှိပါဘူး။ အဲဒီ့အပြင် ရဲရဲကို သူ့အဖေနဲ့ နှိုင်းပြီးအမြဲ မာန်လေ့ ရှိပါတယ်။ အဲဒီလိုမိသားစု မှာနေနေရတဲ့ ရဲရဲကလည်း စာရိတ္တမကောင်းပါဘူး။ သူ့ဘဝကို အဆင်ပြေသလို ဖြတ်သန်းပြီး ရဲရဲမှာ မကောင်းတဲ့ အကျင့်တစ်ခု က ခိုးတတ်တာပါ။ ရဲရဲက သူ ပိုက်ဆံလိုတိုင်း သူ့အဖေကို သွားပြီး ပိုက်ဆံတောင်းလေ့ ရှိပါတယ်။ နောက်ပြီးရဲရဲက သူ့အဖေကို အဖေလို့ မခေါ်ပါဘူး။ လောင်းကစားသမားပေမယ့် ကိုယ့်ကိုယ် ကိုယ်ဖက်ရှင်ကျကျနေတတ်တာ ကြောင့် ဘီးကျဲလို့ ခေါ်ပါတယ်။ ရဲရဲအဖေကချမ်းသာတဲ့ သူတစ် ယောက်မဟုတ်ပေမယ့် ရဲရဲပိုက် ဆံတောင်းတဲ့အခါတိုင်းတော့ ပေးလေ့ရှိပါတယ်။ သူ့သမီးကို မခိုးဖို့ဆုံးမတတ်ပေမယ့် သူကိုယ်တိုင်က ဖဲရိုက်ပြီး ပိုက်ဆံရှာနေတဲ့ သူဖြစ်တာကြောင့် ထိရောက် အောင်တော့ မဆုံးမနိုင်ပါဘူး။

မိဘတွေ ဂရုစိုက်မခံရသလို ဖြစ်သလိုနေတတ်တဲ့ ရဲရဲမှာ တီဘီရောဂါ ဖြစ်နေပါတယ်။ ဒါပေမဲ့လည်းချောင်းအရမ်းဆိုးတဲ့ အချိန် ရောက်မှသာ ဆေးခန်းသွားလေ့ရှိပါတယ်။ ပေးလိုက်တဲ့ ဆေးကို လည်း တစ်ခါမှမသောက်ဘဲ
ပြန်ရောင်းစားလေ့ရှိပါတယ်။ ရဲရဲအမြဲတမ်းပြဖြစ်တာက အခမဲ့ဆေးခန်းပါ။ နောက်ပြီးသူက လစ်ရင် လစ်သလို အဲဒီ့ဆေးခန်းမှာ ရှိတဲ့ ပစ္စည်းတွေကို ခိုးသွားတတ်ပါတယ်။ အဲဒါကိုလည်း ဆေးခန်းကလူတွေသိပေမယ့် လက်ပူးလက် ကြပ်မမိတာကြောင့် လွှတ်ပေးထားရပါတယ်။ ရဲရဲဆေးခန်းလာပြတဲ့ဆေးရုံက ဝဿန်ရဲ့ သူငယ်ချင်းဆေးရုံပါ။ ဝဿန်လည်း အဲဒီဆေးခန်းမှာ အချိန်ပိုင်းထိုင်ပေးဖို့ ရောက်လာခဲ့ပါတယ်။

မိဘတွေဆုံးမလို့ မရအောင်ဆိုးနေတဲ့ ရဲရဲကို ဝဿန်ဘာတွေ ပြောင်းလဲပေးနိုင်မှာလဲ။ လမင်းနဲ့ကော ဘယ်လို စခန်းဆက်သွားမလဲဆိုတာကိုတော့ ရွှေစည်တော်ထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ မစ်(စ်) ကောလ်ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ဝဿန် အဖြစ်မြင့်မြတ်၊ လမင်းအဖြစ် ခင်ဝင့်ဝါ၊ ရဲရဲအဖြစ် စင်ဒီဝင်း၊ ထွန်းထွန်းတို့က ပါဝင်သရုပ် ဆောင်ထားပါတယ်။ JOYCE ရဲ့ဇာတ်လမ်းကို အင်ကြင်းဟန် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးပုံ ဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment