Tuesday, February 14, 2023

နှစ်လအတွင်း ပြည်ပသို့ ဆန်နဲ့ဆန်ကွဲ တန်ချိန် သုံးသိန်း တင်ပို့မည်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လ နှစ်လတာကာလအတွင်း ပြည်ပနိုင်ငံတွေဆီ ဆန်နဲ့ ဆန်ကွဲတန်ချိန် သုံးသိန်း ဆက်လက်တင်ပို့သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေသို့ ဆန်နဲ့ဆန်ကွဲတန်ချိန် နှစ်သန်း တင်ပို့ဖို့ ရည်မှန်းထားပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ယခုဖေဖော်ဝါရီလနဲ့ လာမယ့်မတ်လမှာ ဆန်နဲ့ဆန်ကွဲတန်ချိန် တစ်သိန်းခွဲစီနဲ့ တန်ချိန် သုံးသိန်း ပြည့်အောင် ပြည်ပသို့ ဆက်လက်တင်ပို့ဖို့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၁၀လတာကာလအတွင်း ဆန်နဲ့ဆန်ကွဲတင်ပို့မှု ပမာဏကို ကြည့်မယ်ဆိုရင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂၆၀၀၀၀ ကျော်နဲ့ အများဆုံးတင်ပို့ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ဆန်နဲ့ဆန်ကွဲကို ပြည်ပတင်ပို့တဲ့ကုမ္ပဏီတွေက နိုင်ငံပေါင်း ၅၀ ကျော်ကို လစဉ် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးတို့မှ တစ်ဆင့်တင်ပို့နေတာဖြစ်ပြီး ဆန်ကို တရုတ်၊ ဥရောပ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖရိကနိုင်ငံတွေက ဝယ်ယူမှုများကာ ဆန်ကွဲကို တရုတ်နဲ့ ဥရောပနိုင်ငံတွေက အဓိက ဝယ်ယူတယ်လို့ သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment