Sunday, January 8, 2023

အာဆီယံနိုင်ငံများအကြား ထုတ်လုပ်မှုအပြင်းထန်ဆုံးကျဆင်းခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

အာဆီယံဒေသအတွင်း ထုတ်လုပ်မှု အပြင်းထန်ဆုံးကျဆင်းခဲ့သည့် မြန်မာ

အာဆီယံထုတ်လုပ်မှုကဏ္ဍတစ်ဝန်းတွင် တိုးတက်ထုတ်လုပ်မှုသည် ဒီဇင်ဘာတွင် ထပ်မံအားပျော့လာခဲ့ပြီး အော်ဒါအသစ်များ ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာခဲ့၍ ထုတ်လုပ်မှုမှာ အသင့်အတင့်မျှသာ တိုးလာခဲ့ကြောင်း၊ ယင်းတစ်ချိန်တည်းတွင် ငွေကြေး ဖောင်းပွမှု ဖိအားပေးမှုများ ဆက်ပြီးအား ပျော့လာနေသည့် လက္ခဏာများကို ထပ်တွေ့ နိုင်ပြီး သွင်းအားစုအတွက် ကုန်ကျမှုများနှင့် ရောင်းစျေးနှစ်ရပ်စလုံး၏ ငွေကြေးဖောင်းပွမှုမှာ ဒီဇင်ဘာလတွင် အသင့်အတင့်ဖြစ်လာခဲ့ ကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရ သည်။

S&P Global အာဆီယံထုတ်လုပ်မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိ လစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များ မှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိ သည့်ဖြေကြားချက်အပေါ်အခြေခံပြီး S&P Global မှ တွက်ချက်ကြောင်း ဖော်ပြထား သည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ်ဒုတိယလဝက်ပိုင်းမှာ ကောက်ခံခြင်း ဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို  ညွှန်ပြကြောင်း၊ နိုင်ငံအဆင့် စစ်တမ်း၏ ကိန်းရှင်တိုင်းအတွက် ပျံ့နှံ့မှုအညွှန်းကို တွက် ချက်ကြောင်း၊ အညွှန်းများမှာ သုညနှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး ၅၀ အောက်ဆိုပါက ခြုံကြည့်လျှင် ကျ ဆင်းမှုကို ညွှန်ပြနေကြာင်းသိရသည်။

အဓိကအကျဆုံးကိန်းဂဏန်းကို ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများ၏အညွှန်း Purchasing Manager Index( PMI)  ဖြစ်သည်။ PMI ကို အော်ဒါသစ်များ (ရာခိုင် နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊  အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေး သွင်းသူတို့၏ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့် ကုန်များ  (၁၀ ရာခိုင်နှုန်း) တို့ကို ချိန်ဆတွက် ထားခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် သုံးနိုင်ငံတို့က တိုးတက် ထုတ်လုပ်နိုင်ခဲ့ကြောင်း အစီရင်ခံခဲ့ကြရာ  ဖိ လစ်ပိုင်၏ PMI ၅၃ ဒသမ ၁၊ ထိုင်း၏ PMI ၅၂ ဒသမ ၅ နှင့် အင်ဒိုနီးရှား၏ PMI ၅၀ ဒသမ ၉ တို့ဖြစ်ကြပြီး သုံးနိုင်ငံစလုံးတွင် နိုဝင် ဘာလမှစပြီး လုပ်ငန်းအခြေအနေများ အရှိန် ရ တိုးတက်လာခြင်းကို မြင်ရကြောင်း၊ ဖိလစ် ပိုင်ထုတ်လုပ်သူတို့က အာဆီယံဒေသတစ် ဝန်းတွင် တိုးတက်မှုကိုထိပ်ဆုံးမှ ဦးဆောင် လာသည်မှာ ၃၄ လအ တွင်း ပထမအကြိမ် ဖြစ်လာခြင်းဖြစ်သည်။

ထုတ်လုပ်မှုအခြေအနေများ ဆုတ်ယုတ် လာခဲ့ကြောင်း အစီရင်ခံကြသည့်နိုင်ငံများကို လေ့လာကြည့်ပါက စင်ကာပူနိုင်ငံတွင် မြင်ခဲ့ ရသည့်အကျဘက်သို့ ဦးတည်မှုမှာ အား အပျော့ဆုံးဖြစ်သည်။ သို့သော်လည်း တစ်နှစ် အကြာ ထိပ်ဆုံးအဆင့်တွင် ရှိနေခဲ့သည့် နောက် PMI စစ်တမ်းသမိုင်းတွင် အကြီးမား ဆုံး ထိုးဆင်းသွားမှုဖြစ်သည်။

မလေးရှားနိုင်ငံ၏ ထုတ်လုပ်မှုအခြေအ နေသည်လည်း ဒီဇင်ဘာတွင် ဆုတ်ယုတ် လာခဲ့ရာ လက်ရှိကျဆင်းမှုအစဉ်ကို လေးလ သို့ ဆွဲဆန့်ပေးလိုက်သည်။ ထို့ပြင် အညွှန်း ကိန်း ၄၇ ဒသမ ၈ တွင်ရှိနေခြင်းက ယင်းကျ ဆင်းမှုကို ၁၆ လအတွင်းမှာ အမြန်ဆုံးဖြစ် သည်။

ဗီယက်နမ်နိုင်ငံ၏ PMI ကို ၄၆ ဒသမ  ၄ တွင် မှတ်တမ်းတင်ခဲ့ရာ ဒီဇင်ဘာလသည် အခြေအနေများ နှစ်လဆက်တိုက် ဆုတ် ယုတ်လာခြင်းကို အချက်ပြနေသည်။

အပြင်းထန်ဆုံး (၄၂ ဒသမ ၁) ကျဆင်း မှုကို မြန်မာနိုင်ငံတစ်ဝန်းတွင်  မြင်ခဲ့ရ ကြောင်း၊ နောက်ဆုံး PMI အညွှန်းကိန်း၏တန်ဖိုးကို ကြားနေအမှတ် ၅၀  ဒသမ ၀ ၏အောက်တွင် မှတ်တမ်းတင်ခဲ့သည့် အဋ္ဌမ မြောက်လဖြစ်သည်။ ထို့ပြင် အကျဘက် ဦး တည်မှုမှာ နှစ်လမြောက် ဆက်တိုက်အရှိန်ရ လာခဲ့ လျက် ၂၀၂၁ ခုနှစ် စက်တင်ဘာမှစပြီး အမြန်ဆုံးဖြစ်လာခဲ့သည်ဟု ဖော်ပြထား သည်။

၁၆ လအတွင်း အမြန်ဆုံးလျော့ကျခဲ့သည့် မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှု ၁၆ လအတွင်း အမြန်ဆုံးလျော့ ကျသွားပြီး အော်ဒါဝင်လာမှုများမှာလည်း တစ်ဟုန်ထိုး ကျဆင်းသွားကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွက် S&P Global Market Intelligence က ထုတ်ပြန်သည့် မြန်မာ ထုတ်လုပ်မှု PMI စစ်တမ်းတွင် ဖော်ပြထား သည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုက ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက် ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံး PMI ဒေတာအရ မြန်မာ နိုင်ငံတစ်ဝန်းက ထုတ်လုပ်ရေးအခြေအနေ များသည် ဒီဇင်ဘာတွင် ဆက်လက်ဆုတ်ယုတ် လာခဲ့ကြောင်း၊ ဝယ်လိုအားအခြေအနေ များ ဆုတ်ယုတ်လာနေခြင်းက ထုတ်လုပ်မှုကိုသာ မက စက်ရုံအော်ဒါများကိုပါ ဖိစီးနေခဲ့ရာ နှစ်ခုစလုံး နိုဝင်ဘာလထက် အရှိန်ရ ကျဆင်း လာခဲ့ကြောင်း၊ ထို့ပြင် ထုတ်လုပ်မှုကဏ္ဍတစ် ဝန်းရှိ ကုမ္ပဏီများက ကုန်ကျစရိတ်များကို လျှော့ချရန် ကြိုးပမ်းနေကြရာ သိုလှောင်ကုန် များ ကုန်ခန်းလာနေခြင်းကို မြင်တွေ့ခဲ့ရ ကြောင်း၊ ထို့ကြောင့် ဝယ်ယူရေးလုပ်ငန်းများ နှင့် ဝန်ထမ်းဦးရေ ကျဆင်းလာခဲ့ကြောင်း အစီရင်ခံခဲ့ကြသည်။

သို့သော် မကြာသေးမီက ဝယ်လိုအား ကျဆင်းလာမှုကြောင့် စျေးနှုန်းများ၏ ဖိ အားပေးမှုများ သည် တတိယသုံးလပတ်မှစပြီး သိသိသာသာ ပြောင်းလဲလာခဲ့ကြောင်း၊ ထို့ ပြင် အချို့သော ကုမ္ပဏီများသည် ငွေကြေး လဲလှယ်မှုနှုန်း ပိုကောင်းလာခြင်းကို အ ကြောင်းပြပြီး အကျိုးအမြတ်ထုတ်ယူနိုင်ခဲ့ကြ သောကြောင့် ကုန်ကျမှုစရိတ်စကများနှင့် စက်ရုုံများ၏ ရောင်းစျေးများမှာ အသင့်အ တင့်မျှသာ မြင့်တက်လာခဲ့ကြောင်း ဒီဇင် ဘာတွင် အစီရင်ခံကြသည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွှန်းကိန်း PMI -ထုတ်လုပ် ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်း  စပ်ထားသည့် တစ်ခုတည်းသော အညွှန်း ကိန်းမှာ နိုဝင်ဘာလ၏ ၄၄ ဒသမ ၆မှ ဒီဇင် ဘာလတွင် ၄၂ ဒသမ ၁ သို့ ကျဆင်းသွားခဲ့ သည်။ ထုတ်လုပ်မှုကဏ္ဍ၏ အခြေအနေမှာ ၂၈ လမြောက် ဆက်တိုက်ဆုတ်ယုတ်လာခဲ့ ရာ ယခုနှစ်အစောပိုင်း ဧပြီလအတွင်း တိုး ထုတ်လုပ်မှုကို ချေဖျက်လိုက်သည်။

အော်ဒါအသစ်များ နည်းလာခြင်း၊ ကုန် ကြမ်းပစ္စည်းများနှင့် လျှပ်စစ်မီးပြတ်တောက် မှုများ၏ ရလဒ်အဖြစ် စက်မှုထုတ်လုပ်မှုကျ ဆင်းလာမှုမှာ ပိုမြန်လာခဲ့ကြောင်း၊ ရာသီအ လိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းမှာ ကျဆင်းမှုနယ်ပယ်တွင် ရှိ နေသေးလျက် ၁၆ လအတွင်းမှာ အနိမ့်ဆုံး ဖြစ်လာကြောင်း၊ ထို့ပြင် စျေးဝယ်များအ ကြားရှိ ဘဏ္ဍာရေးဆိုင်ရာ စိုးရိမ်မှုများက ဝယ်လိုအားအပေါ် အနုတ်လက္ခဏာ သက် ရောက်မှုရှိခဲ့သည့်အတွက် စက်ရုံအော်ဒါများ ရရှိမှု ပိုနည်းလာခဲ့ကြောင်း သိရသည်။

“နောက်ဆုံး PMI ဒေတာက မြန်မာ နိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းမှာ ထပ်ပြီး ကျဆင်းလာမှုကို ဖော်ပြနေပါတယ်။ ဝယ်လို အားနဲ့ ကုန်ကြမ်းပစ္စည်းဆိုင်ရာအားပျော့မှု များက စွမ်းဆောင်နိုင်စွမ်းအပေါ် ကြီးမားစွာ  ဖိစီးနေကြတယ်။ လုပ်ကိုင်မှုအခြေအနေများ က ၁၅ လ အတွင်းမှာ အမြန်ဆုံးနှုန်းနဲ့ ဆုတ် ယုတ်လာခဲ့ကြပါတယ်”ဟု S&P Global Market Intelligence  မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

ထုတ်လုပ်ရေးလိုအပ်ချက်များ ကျဆင်း လာမှု၏ ရလဒ်အဖြစ် ထုတ်လုပ်မှုစရိတ်စက များကို ဖြတ်တောက်ရန် ကြိုးပမ်းမှုများ ကြောင့် ဒီဇင်ဘာဒေတာက ဝယ်ယူရေးလုပ် ငန်းများ ပိုပြီးပြင်းထန်စွာ လျော့နည်းလာမှုကို ညွှန်ပြနေသည်။ ကျဆင်းမှုအရှိန်မှာ သုံးလ အတွင်းတွင် အမြန်ဆုံးဖြစ်လာသည်။

စက်ရုံအော်ဒါများ ဆက်လက်ကျဆင်း လာမှု၏ရလဒ်အဖြစ် ဝန်ထမ်းအရေအတွက် ဖြတ်တောက်ခံရမှုများနှင့် မိမိတို့ဆန္ဒအ လျောက် အလုပ်မှ နုတ်ထွက်မှုများကို ကျယ် ပြန့်စွာ အစီရင်ခံနေကြချိန်မှာ အလုပ်နေရာ များသည်ပါ လျော့နည်းလာခဲ့သည်။ ထို့ပြင် နောက်ဆုံးလတွင် အလုပ်နေရာ ဖြတ်တောက် ခံရမှုမှာ ခြောက်လကြာ လက်ရှိကျဆင်းမှု အစဉ်ထဲတွင် အမြန်ဆုံးဖြစ်လာခဲ့သည်။ သို့ သော်လည်း ပါဝင်ဖြေခဲ့ကြသူ ရာခိုင်နှုန်း ၉၀ နီးပါးတို့ကမူ ဝန်ထမ်းဦးရေ မပြောင်းလဲခဲ့ ဟု အစီရင်ခံခဲ့ကြသည်။

ထုတ်လုပ်ရေးကဏ္ဍ၏ ထုတ်လုပ်မှု ထပ်ပြီးကျဆင်းခဲ့ရသည်မှာ အဓိကအားဖြင့် ဝယ်လိုအား လိုက်မလာမှုကြောင့်ဖြစ်ခဲ့သော် လည်း ထိုအချက်ကပင် စျေးနှုန်းများကျဆင်း လာစေရန် ထောက်ကူခဲ့သည်။

“နောက်ဆုံးသုံးလပတ်တွင် စျေးနှုန်း များရဲ့ ဖိအားပေးမှုတွေ သိသာစွာ ကျဆင်း လာခြင်းက သတင်းကောင်းဖြစ်သော်လည်း ထိုသို့ ဖြစ်လာရခြင်းရဲ့ အဓိကအကြောင်း ရင်းမှာ ဝယ်လိုအားကျဆင်းလာမှုနဲ့ ထည့် ကုန်ဝယ်ယူမှုတွေကို ကြီးမားစွာ ဖြတ်တောက် ခံရမှုကြောင့် ပစ္စည်းပေးသွင်းရေးကွင်းဆက် တွေရဲ့အခြေအနေ မသိမသာ သက်သာလာ ခဲ့လို့ပါ”ဟု စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။ 

ထည့်ကုန်စရိတ်များအတွက်ရော ရောင်းစျေးများအတွက်ပါ  ငွေကြေးဖောင်းပွ မှု စံချိန်တင်မြင့်တက်နေခဲ့သည့် တတိယ သုံးလပတ် နောက်ပိုင်းလများအတွင်း ကိန်း ဂဏန်းများမှာ သိသိသာသာအားပျော့လာခဲ့ သည်။ သို့သော် ပစ္စည်းများရှားပါးမှုနှင့် ပို့ ဆောင်ရေးဆိုင်ရာ အခက်အခဲများမှာ ထည့် ကုန်စရိတ်များကို တွန်းတင်ပေးနေသည့် ဖိ အားပေးမှုဖြစ်လာသည်။

မြန်မာနိုင်ငံ၏ထုတ်လုပ်မှုကဏ္ဍတစ် ဝန်းဆိုင်ရာ နောက်ဆုံးစစ်တမ်းဒေတာက နောက်ဆုံး သုံးလပတ်တွင် ပစ္စည်းပေးသွင်း ရေးကွင်းဆက်ထဲက ဖိအားပေးမှုများ အ နည်းငယ် အားပျော့လာမှုကိုပါ ထောက်ပြနေ သည်။ သို့သော်လည် း ပေးသွင်းမှုပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များ တိုးလာသည့်နှုန်းမှာမူ နိုဝင်ဘာလမှစပြီး မသိမသာ ပိုမိုဆုတ်ယုတ် လာခဲ့သည်။

“ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ လည် ပတ်ရေး လိုအပ်ချက်တွေ ကျဆင်းလာတာ နဲ့အမျှ ဝန်ထမ်းဦးရေကို ဆက်ဖြတ်တောက် လာခဲ့ကြပါတယ်။ လာမယ့် ၁၂ လအတွင်း မှာ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ပြော ရရင် လုပ်ငန်းတွေရဲ့ ယုံကြည်မှုက များစွာမှ အားနည်းနေခဲ့ပါတယ်”ဟု စီးပွားရေးပညာ ရှင် Maryam Baluch က ပြောကြားခဲ့ သည်။ 

ခြုံကြည့်ပါက နောက်ဆုံးစစ်တမ်းရလဒ် များအရ အနာဂတ်မျှော်မှန်းချက်အားနည်း လာမှုကို ဖော်ပြနေသည်။ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းတွင် လုပ်ငန်းဆိုင် ရာ ယုံကြည်မှုမှာ နိုဝင်ဘာလနှင့် နှိုင်းယှဉ် လျှင် ဒသမဂဏန်းမှ တိုးတက်လာခဲ့သော် လည်း စစ်တမ်း၏ သမိုင်းစဉ် ပျမ်းမျှနှုန်းများ နှင့်လည်းကောင်း၊ ခြုံကြည့်လျှင်သော်လည်း ကောင်း အားနည်းလျက်ရှိနေသည်။

စစ်တမ်းတွင် ပါဝင်ဖြေခဲ့ကြသူတို့၏ ၉၈ ရာခိုင်နှုန်းတို့က လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်မှု ပြောင်းလဲလာမည်မဟုတ်ဟု ခန့်မှန် းနေကြချိန်တွင် တိုးတက်လာမည် ဟု တွက်ဆသူ နှစ်ရာခိုင်နှုန်းခန့်မျှသာ ရှိနေ ကြောင်း ဖော်ပြထားသည်။ 


Eleven

0 comments:

Post a Comment