Monday, February 20, 2023

အမြင့်ဈေးရောက်နေတဲ့ ဓာတ်ဆီနဲ့ဒီဇယ် တစ်လီတာ ၅ ကျပ်ကနေ ၃၀ ကျပ်အထိ ဈေးထပ်တက်

စက်သုံဆီကော်မတီရဲ့နေ့စဉ်ဈေးနှုန်း ထုတ်ပြန်ချက်တွေအရ ဒီကနေ့မှာ မနေ့ကထက် ဓာတ်ဆီ နဲ့ ဒီဇယ်ဈေး တစ်လီတာကို ၅ကျပ်ကနေ၃၀အထိဈေးတွေပြန်တက်လာကြောင်းစက်သုံးဆီကော်မတီရဲ့ဖော်ပြချက်အရသိရပါတယ်။

ယနေ့ စက်သုံးဆီဈေးနှုန်းများမှာ ၉၂တစ်လီတာကို ၂၁၃၀ကျပ် ၊ ၉၅တစ်လီတာကို ၂၂၀၀ကျပ် ၊ ရိုးရိုးသာမာန်ဒီဇယ်တစ်လီတာကို ၂၁၆၀၅ကျပ် နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၂၄၅ကျပ် ဈေးတွေသတ်မှတ်ထားပါတယ်။

မနေ့ကစက်သုံးဆီဈေးတွေ အနေနဲ့က ၉၂တစ်လီတာကို ၃၀ကျပ် ၊ ၉၅တစ်လီတာကို ၂၅ကျပ် ၊ ရိုးရိုးသာမာန်ဒီဇယ်တစ်လီတာကို ၅ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၅ကျပ်ဈေးတွေ ဈေးနှုန်း တွေအနည်းငယ်ပြန်တက်လာပါတယ်။

စက်သုံးဆီဈေးတွေဟာ ပြီးခဲ့တဲ့၂ရက်အတွင်း အကျဈေးနဲ့ရှိခဲ့ပြီး နယ်မြို့အချို့မှာ ဒီဇယ်တစ်လီတာ ငွေ ၃၀၀၀ကျပ်ကျော်အထိ စံချိန်တင်မြင့်တက်မှုတွေလည်းရှိနေကြောင်း စက်သုံးဆီကော်မတီရဲ့နေ့စဉ်ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေဟာ အရှေ့တောင်အာရှ ရှိသန့်စင်ပြီးထုတ်ကုန်များစွာ အတွက် ဈေးနှုန်းအခြေခံဖြစ်တဲ့ Mean of platts singapore (MOPS) က သတ်မှတ်တဲ့ဈေးနှုန်းအညွှန်းကိန်းမြင့်တက်လာခြင်းအရ ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းမှု ၊ သိုလှောင်မှုနဲ့ ဖြန့်ဖြူးရေးကြီးကြပ်ကော်မတီက သိရပါတယ်။

MyanmaPlatform

0 comments:

Post a Comment