Sunday, January 8, 2023

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လျှပ်စစ်ကဏ္ဍမှာ အများဆုံးဝင်ရောက်တယ်လို့ MIFER ပြော

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကိုဝင်ရောက်တဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေက လျှပ်စစ်ကဏ္ဍမှာ အများဆုံး မြှုပ်နှံထားကြတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန(MIFER) က သိရပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုစာရင်းတွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော်နဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ် ၇၈၉ ဘီလီယံကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ လျှပ်စစ်ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊စက်မှုကဏ္ဍ တို့မှာ အများဆုံးဝင်ရောက်ခဲ့ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနဲ့ စက်မှုကဏ္ဍတို့မှာ အများဆုံးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုစာရင်းတွေအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၂၇ ရက်ထိကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၀ နဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၂ ခု ဝင်ရောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

MyanmaPlatform

0 comments:

Post a Comment