Tuesday, September 24, 2019

ပုသိမ္ႀကီး၌ စိတ္ႂကြေဆးျပား ၉၆၀၀ သိမ္းဆည္းရမိ

Image may contain: one or more people

၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၂၃ ရက္ေန႔ ၁၂ နာရီတြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာေက်း႐ြာ “တမာရိပ္”စားေသာက္ဆိုင္ေရွ႕၌ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ား ဦးစီးပူးေပါင္း အဖြဲ႕သည္ လမ္းေလွ်ာက္လာသူ ေအးေအးၿမိဳင္ႏွစ္အား သတင္းအရ စစ္ေဆးရွာေဖြရာ ၎ကိုင္ ေဆာင္လာေသာ ႂကြပ္ႂကြပ္အိတ္အတြင္းမွ ကပ္ခြာအိတ္ျဖင့္ ထည့္ထားသည့္ WY စိတ္ႂကြေဆးျပား ၉၆၀၀ ျပားႏွင့္ ဖုန္း ၂ လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားပါသည္။

အဆိုပါ ေအးေအးၿမိဳင္အား စစ္ေမးရာ မူးယစ္ေဆးဝါးမ်ားအား ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကြၽန္းလုံး ဥေသွ်ာင္ရပ္ကြက္၌ Toyota Caldina ယာဥ္ႏွင့္အတူ ေတြ႕ရွိသည့္ ေမာင္ေလး ႏွင့္ ဇနီးျဖစ္သူ နီနီမာ ထံမွ ျပန္လည္ေရာင္းခ်ရန္ ဝယ္ယူခဲ့ေၾကာင္း ထြက္ဆိုခဲ့သျဖင့္ အဆိုပါပူးေပါင္းအဖြဲ႕သည္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကြၽန္းလုံးဥေသွ်ာင္ရပ္ကြက္ အတြင္း၌ စုံစမ္းရွာေဖြေနစဥ္ ေမာင္ေလးႏွင့္ နီနီမာတို႔ ၂ ဦးအား ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔ထံမွ မူးယစ္ေဆးဝါးမ်ား ေတြ႕ရွိျခင္းမရွိဘဲ ဖုန္း ၃ လုံးအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရပါသည္။
ေအးေအးၿမိဳင္၊ ေမာင္ေလးႏွင့္ နီနီမာ(ဖမ္းမိ)တို႔ ၃ ဦးအား အုန္းေခ်ာနယ္ေျမရဲစခန္း မယ(ပ)၆၂/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရွိရပါသည္။
<<unicode>>
ပုသိမ်ကြီး၌ စိတ်ကြွဆေးပြား ၉၆၀၀ သိမ်းဆည်းရမိ
Tuesday, September 24, 2019

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ၁၂ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ “တမာရိပ်”စားသောက်ဆိုင်ရှေ့၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ဦးစီးပူးပေါင်း အဖွဲ့သည် လမ်းလျှောက်လာသူ အေးအေးမြိုင်နှစ်အား သတင်းအရ စစ်ဆေးရှာဖွေရာ ၎င်းကိုင် ဆောင်လာသော ကြွပ်ကြွပ်အိတ်အတွင်းမှ ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၉၆၀၀ ပြားနှင့် ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါ အေးအေးမြိုင်အား စစ်မေးရာ မူးယစ်ဆေးဝါးများအား ချမ်းမြသာစည်မြို့နယ် ကျွန်းလုံး ဥသျှောင်ရပ်ကွက်၌ Toyota Caldina ယာဉ်နှင့်အတူ တွေ့ရှိသည့် မောင်လေး နှင့် ဇနီးဖြစ်သူ နီနီမာ ထံမှ ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် အဆိုပါပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အတွင်း၌ စုံစမ်းရှာဖွေနေစဉ် မောင်လေးနှင့် နီနီမာတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ မူးယစ်ဆေးဝါးများ တွေ့ရှိခြင်းမရှိဘဲ ဖုန်း ၃ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
အေးအေးမြိုင်၊ မောင်လေးနှင့် နီနီမာ(ဖမ်းမိ)တို့ ၃ ဦးအား အုန်းချောနယ်မြေရဲစခန်း မယ(ပ)၆၂/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
#Myanmar_Online_News #ပုသိမ်ကြီး

0 comments:

Post a Comment