Tuesday, September 24, 2019

ယာဥ္ငယ္တစ္စီးအား သာဂရ-ကိုးပင္ရိုးမျဖတ္ေက်ာ္ကားလမ္းေပၚတြင္ လုယက္ရုိက္ႏွက္မွုျဖစ္ပြား

Image may contain: one or more people, people standing and sunglasses

စက္တင္ဘာ ၂၄ ရက္ေန့လည္ ၁ နာရီ အခ်ိန္ခန္႔၌ ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ သာဂရ-ကိုးပင္ရိုးမျဖတ္ေက်ာ္ကားလမ္း၊ ၈ မိုင္ေက်းရြာ တြင္ ကားလမ္းေပၚ အတားအဆီးမ်ားခ်ထားကာ ယာဥ္ငယ္တစ္စီးအားတား၍ ၀ိုင္း၀န္းရိုက္ႏွက္ လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သာဂရနယ္ေျမရဲစခန္း မွ သိရွိရသည္။

ေရတာရွည္ၿမိဳ႕၊ အမွတ္ ၁ ရပ္ကြက္ေန ဦးေက်ာ္မ်ိဳးသန္႔ ၄၆ ႏွစ္ေမာင္းႏွင္ၿပီး တစ္ရပ္ကြက္တည္းေန ဦးတင္စိန္ ၅၅ ႏွစ္လိုက္ပါလာသည့္ ဟုိက္ဂ်က္ကားသည္ ၂၄ မိုင္မွ မီးေသြးဖုတ္လုပ္သားမ်ားျဖင့္ေတြ႕ဆံုၿပီးေနာက္ သာဂရ-ကိုးပင္ ရိုးမျဖတ္ေက်ာ္ကားလမ္းအတိုင္း ျပန္လာခဲ့ၾကသည္။ ၈ မိုင္ေက်းရြာ အိမ္တစ္အိမ္ေရွ႕အေရာက္တြင္ လူ ၈ ဦးခန္႔မွ ကားလမ္းေပၚတြင္ ပီပါႏွင့္သစ္ပင္မ်ားအားခုတ္လဲ၍လည္းေကာင္း၊ ၀ါးမ်ားကိုစုပံု၍လည္းေကာင္းလမ္းပိတ္ဆို႔ထားသည္ကိုေတြ႕ရွိရသျဖင့္ ယာဥ္ေပၚတြင္လုိက္ပါလာသူ ဦးတင္စိန္မွ ကၽြန္ေတာ္ ကိုတင္စိန္ပါဟုေျပာစဥ္ လမ္းပိတ္ဆို႔ထားသူမ်ားမွ ဘာေကာင္ျဖစ္ျဖစ္ရိုက္ ဟု ဆိုကာ ၀ိုင္း၀န္းရိုက္ႏွက္ခဲ့ၾကသသည္။ ဦးတင္စိန္မွာ လမ္းေတာင္ဘက္ေခ်ာက္အတြင္းသို ႔ေျပးဆင္း လြတ္ေျမာက္သြားခဲ့ၿပီး ယာဥ္ေမာင္း ဦးေက်ာ္မ်ိဳးသန္႔ မွာ ၀ိုင္း၀န္းရိုက္ႏွက္ျခင္းခံရၿပီး ဒါဏ္ရာမ်ား ရရွိသြားခဲ့သည္။ ယာဥ္အား ထားရွိထြက္ေျပးခဲ့ရသည့္အတြက္ ကာလတန္ဘုိး ၂ သိန္းခြဲက်ပ္တန္သည့္ ယာဥ္၏ေရွ့ေလကာမွန္အခြဲခံရၿပီးးေခါင္းခန္းတြင္က်န္ရစ္ခဲ့သည့္ ၅၀၀၀ က်ပ္တန္တစ္သိန္းအုပ္ တစ္အုပ္၊ တစ္ေသာင္းက်ပ္တန္ ၁၀ သိန္းအုပ္ ၃ အုပ္ စုစုေပါင္း ၃၁ သိန္းက်ပ္ႏွင့္ ႏုိင္ငံသားစီစစ္ေရး ကဒ္ျပားတစ္ခုတို႔ေပ်ာက္ဆံုးသြားသည္ဟု ရဲကုိတုိင္တန္းခ်က္အရ သိရသည္။
အခင္းျဖစ္ပြားသည့္ ၈ မိုင္ေက်းရြာသို႔ စခန္းမွဴး ရဲအုပ္ ေအာင္ႏိုင္ဦး ၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေအာင္ကိုကိုသန္႔ ဦးစီးအဖြဲ႕ကသြားေရာက္စစ္ေဆးခဲ့ရာ ကားလမ္းေပၚတြင္ အတားအဆီးမ်ားေဆာင္ရြက္ ထားသည္ကိုေတြ႕ရွိရၿပီး ျပစ္မႈက်ဴးလြန္သူမ်ားျဖစ္သည့္ ကိုလတ္(ခ)ေမာင္ေမာင္လတ္ ၅၂ ႏွစ္၊ ၈ မိုင္ ေက်းရြာ၊ တစ္ရြာတည္းသားမ်ားျဖစ္ေသာ မိုးဒီ(ခ)ေနဆန္းလင္း ၂၁ ႏွစ္၊ ကိုဂ်ိဳး(ခ)ေမာင္ေမာင္ဂ်ိမ္း ၁၆ ႏွစ္၊ ေအးေမာင္ေမာင္ေက်ာ္ ၂၁ ႏွစ္၊ ၿပံဳးေမာင္ေမာင္ ၁၉ ႏွစ္၊ သိန္းစိုးဦး ၁၉ ႏွစ္၊ ျပည့္ၿဖိဳးေအာင္ ၁၇ ႏွစ္၊ ေက်ာ္ရွိန္း ၂၄ ႏွစ္တို႔အား ဖမ္းဆီးရမိခဲ့ၿပီး သာဂရနယ္ေျမရဲစခန္းမွ (ပ)၉၆/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၉၇/၄၄၀/၃၄၁/၁၁၄ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရိွသည္။
No photo description available.
Image may contain: night

<<Unicode>>
ယာဉ်ငယ်တစ်စီးအား သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်ကားလမ်းပေါ်တွင် လုယက်ရိုက်နှက်မှုဖြစ်ပွား
Tuesday, September 24, 2019

စက်တင်ဘာ ၂၄ ရက်နေ့လည် ၁ နာရီ အချိန်ခန့်၌ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်ကားလမ်း၊ ၈ မိုင်ကျေးရွာ တွင် ကားလမ်းပေါ် အတားအဆီးများချထားကာ ယာဉ်ငယ်တစ်စီးအားတား၍ ဝိုင်းဝန်းရိုက်နှက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သာဂရနယ်မြေရဲစခန်း မှ သိရှိရသည်။
ရေတာရှည်မြို့၊ အမှတ် ၁ ရပ်ကွက်နေ ဦးကျော်မျိုးသန့် ၄၆ နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဦးတင်စိန် ၅၅ နှစ်လိုက်ပါလာသည့် ဟိုက်ဂျက်ကားသည် ၂၄ မိုင်မှ မီးသွေးဖုတ်လုပ်သားများဖြင့်တွေ့ဆုံပြီးနောက် သာဂရ-ကိုးပင် ရိုးမဖြတ်ကျော်ကားလမ်းအတိုင်း ပြန်လာခဲ့ကြသည်။ ၈ မိုင်ကျေးရွာ အိမ်တစ်အိမ်ရှေ့အရောက်တွင် လူ ၈ ဦးခန့်မှ ကားလမ်းပေါ်တွင် ပီပါနှင့်သစ်ပင်များအားခုတ်လဲ၍လည်းကောင်း၊ ဝါးများကိုစုပုံ၍လည်းကောင်းလမ်းပိတ်ဆို့ထားသည်ကိုတွေ့ရှိရသဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ဦးတင်စိန်မှ ကျွန်တော် ကိုတင်စိန်ပါဟုပြောစဉ် လမ်းပိတ်ဆို့ထားသူများမှ ဘာကောင်ဖြစ်ဖြစ်ရိုက် ဟု ဆိုကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသသည်။ ဦးတင်စိန်မှာ လမ်းတောင်ဘက်ချောက်အတွင်းသို့ပြေးဆင်း လွတ်မြောက်သွားခဲ့ပြီး ယာဉ်မောင်း ဦးကျော်မျိုးသန့် မှာ ဝိုင်းဝန်းရိုက်နှက်ခြင်းခံရပြီး ဒါဏ်ရာများ ရရှိသွားခဲ့သည်။ ယာဉ်အား ထားရှိထွက်ပြေးခဲ့ရသည့်အတွက် ကာလတန်ဘိုး ၂ သိန်းခွဲကျပ်တန်သည့် ယာဉ်၏ရှေ့လေကာမှန်အခွဲခံရပြီးးခေါင်းခန်းတွင်ကျန်ရစ်ခဲ့သည့် ၅၀၀၀ ကျပ်တန်တစ်သိန်းအုပ် တစ်အုပ်၊ တစ်သောင်းကျပ်တန် ၁၀ သိန်းအုပ် ၃ အုပ် စုစုပေါင်း ၃၁ သိန်းကျပ်နှင့် နိုင်ငံသားစီစစ်ရေး ကဒ်ပြားတစ်ခုတို့ပျောက်ဆုံးသွားသည်ဟု ရဲကိုတိုင်တန်းချက်အရ သိရသည်။
အခင်းဖြစ်ပွားသည့် ၈ မိုင်ကျေးရွာသို့ စခန်းမှူး ရဲအုပ် အောင်နိုင်ဦး ၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကိုကိုသန့် ဦးစီးအဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ကားလမ်းပေါ်တွင် အတားအဆီးများဆောင်ရွက် ထားသည်ကိုတွေ့ရှိရပြီး ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကိုလတ်(ခ)မောင်မောင်လတ် ၅၂ နှစ်၊ ၈ မိုင် ကျေးရွာ၊ တစ်ရွာတည်းသားများဖြစ်သော မိုးဒီ(ခ)နေဆန်းလင်း ၂၁ နှစ်၊ ကိုဂျိုး(ခ)မောင်မောင်ဂျိမ်း ၁၆ နှစ်၊ အေးမောင်မောင်ကျော် ၂၁ နှစ်၊ ပြုံးမောင်မောင် ၁၉ နှစ်၊ သိန်းစိုးဦး ၁၉ နှစ်၊ ပြည့်ဖြိုးအောင် ၁၇ နှစ်၊ ကျော်ရှိန်း ၂၄ နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး သာဂရနယ်မြေရဲစခန်းမှ (ပ)၉၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၉၇/၄၄၀/၃၄၁/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

0 comments:

Post a Comment