၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၃ ရက္ေန႔ ၂၀၀၀ အခ်ိန္ ဟိုပန္ခ႐ိုင္ ဟိုပန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံ သို႔ ေသနတ္ဒဏ္ရာျဖင့္ လူ ၃ ဦး ေရာက္ရွိေနေၾကာင္း သတင္းအရ ဟိုပန္ၿမိဳ႕မရဲစခန္းရွိ ရဲတပ္ဖြဲ႕ ဝင္တို႔မွ သြားေရာက္စစ္ေဆးခဲ့ရာ ဟိုပန္ၿမိဳ႕ ေကာင္းယုန္ရပ္ကြက္ေန ဦးစံရီ(၅၇)ႏွစ္တြင္ ဝဲတံေတာင္ ေဘာေစ့ထိမွန္ဒဏ္ရာ(မစိုးရိမ္ရ)၊ ဇနီး ေဒၚေအးဆင့္(၄၉)ႏွစ္ႏွင့္ သမီး မနန္းခမ္းေအာင္ (၂၅)ႏွစ္တို႔တြင္ ရင္ဘတ္၊ ခါး၊ ဝဲလက္ေမာင္း၊ လက္ေကာက္ဝတ္ ေဘာေစ့ထိမွန္ ဒဏ္ရာ(စိုးရိမ္ရ) ရရွိထားသည္ကို စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ဦးစံရီ၏ေနအိမ္သို႔ သားမက္ျဖစ္သူ စိုင္းသိန္းေအာင္ (၄၀)ႏွစ္ ေရာက္ရွိလာၿပီး မနန္းခမ္းေအာင္အား ျပန္လည္ေပါင္းသင္းရန္ေခၚယူရာတြင္ ျငင္းဆိုေန၍ မေက်နပ္သျဖင့္ ေဘာေစ့အသုံးျပဳ၍ပစ္ခတ္ရသည့္ လုပ္ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရပါသည္။
ရဲတပ္ဖြဲ႕ဝင္မ်ားမွ စိုင္းသိန္းေအာင္၏ေနအိမ္သို႔ သြားေရာက္ရွာေဖြရာ ၎မွာ ထြက္ေျပးတိမ္းေရွာင္ေနၿပီး ၎၏ ေနအိမ္အိပ္ခန္းအတြင္းမွ ပို႔က်ည္ ၄၂ ေတာင့္၊ ေဘာေစ့ ၁၀၀ လုံးတို႔အား ေတြ႕ရွိ သိမ္းဆည္းခဲ့ေၾကာင္း သိရွိရပါသည္။
အဆိုပါ စိုင္းသိန္းေအာင္အား ဟိုပန္ၿမိဳ႕မရဲစခန္း (ပ)၁၄/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၇ (လူသတ္ရန္ အားထုတ္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရပါသည္။
<<unicode>>
ဟိုပန်မြို့တွင် ဇနီးဖြစ်သူအား ပြန်လည်ပေါင်းသင်းရန်ခေါ်ယူရာ ငြင်းဆိုသဖြင့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
Tuesday, September 24, 2019
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ ၂၀၀၀ အချိန် ဟိုပန်ခရိုင် ဟိုပန်မြို့ပြည်သူ့ဆေးရုံ သို့ သေနတ်ဒဏ်ရာဖြင့် လူ ၃ ဦး ရောက်ရှိနေကြောင်း သတင်းအရ ဟိုပန်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ ဝင်တို့မှ သွားရောက်စစ်ဆေးခဲ့ရာ ဟိုပန်မြို့ ကောင်းယုန်ရပ်ကွက်နေ ဦးစံရီ(၅၇)နှစ်တွင် ဝဲတံတောင် ဘောစေ့ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဇနီး ဒေါ်အေးဆင့်(၄၉)နှစ်နှင့် သမီး မနန်းခမ်းအောင် (၂၅)နှစ်တို့တွင် ရင်ဘတ်၊ ခါး၊ ဝဲလက်မောင်း၊ လက်ကောက်ဝတ် ဘောစေ့ထိမှန် ဒဏ်ရာ(စိုးရိမ်ရ) ရရှိထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဦးစံရီ၏နေအိမ်သို့ သားမက်ဖြစ်သူ စိုင်းသိန်းအောင် (၄၀)နှစ် ရောက်ရှိလာပြီး မနန်းခမ်းအောင်အား ပြန်လည်ပေါင်းသင်းရန်ခေါ်ယူရာတွင် ငြင်းဆိုနေ၍ မကျေနပ်သဖြင့် ဘောစေ့အသုံးပြု၍ပစ်ခတ်ရသည့် လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရဲတပ်ဖွဲ့ဝင်များမှ စိုင်းသိန်းအောင်၏နေအိမ်သို့ သွားရောက်ရှာဖွေရာ ၎င်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်း၏ နေအိမ်အိပ်ခန်းအတွင်းမှ ပို့ကျည် ၄၂ တောင့်၊ ဘောစေ့ ၁၀၀ လုံးတို့အား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စိုင်းသိန်းအောင်အား ဟိုပန်မြို့မရဲစခန်း (ပ)၁၄/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ (လူသတ်ရန် အားထုတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
#Myanmar_Online_News #ဟိုပန်
0 comments:
Post a Comment