Saturday, September 5, 2020

ပင်လုံမြို့တွင် ငွေကျပ်သိန်း ၆၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ငွေကျပ်သိန်း ၆၈၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက်နေ့ ၁၂၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံ-လဲချား သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်နေစဉ် လဲချားမြို့ဘက်မှ ပင်လုံမြို့ဘက်သို့ လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်နေ ကျော်ကျော်(ခ)အားတုံး ၃၀ နှစ်မောင်းနှင်ပြီး လားရှိုးမြို့၊ အမှတ်(၇)ရပ်ကွက်နေ ဝမ်လောင်ဝူ(ခ)ဝူတီး ၂၉ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး အလေးချိန် ၄၅.၇၅၈ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၈၆၃.၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
>zawgyi<

0 comments:

Post a Comment