စက္တင္ဘာ ၂၃ ရက္ေန့တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈး အေနာက္ဘက္ရွိ မီးရထားသံလမ္းတြင္ လူငယ္ႏွစ္ဦးထံမွ လက္ကိုင္ဖုန္း လုယူေျပးသည့္ အမ်ိဳးသားသံုးဦးကို ရဲတပ္ဖြဲ႔က လုိက္လံဖမ္းဆီးစဥ္ ဒုတပ္ၾကပ္တစ္ဦးမွာ ဓားျဖင့္ ထုိးခံရေသာေၾကာင့္ ေသဆံုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
လက္ကုိင္ဖုန္း လုယက္ခံရသည့္ လူငယ္ႏွစ္ဦးက မီးရထားရဲစခန္းသို႔ သြားေရာက္တုိင္ၾကားသျဖင့္ ရထားရဲစခန္းမွ ဒုရဲအုပ္ ေအာင္ဘုိဘုိဦးႏွင့္အဖြဲ႔က ျပစ္မႈက်ဴးလြန္သူမ်ားကုိ ဖမ္းဆီးႏုိင္ရန္ လမ္းေၾကာင္းတစ္ေလွ်ာက္ ပိတ္ဆုိ႔ရွာေဖြစဥ္ လုယက္မႈက်ဴးလြန္သည့္ အဖြဲ႔၌ ပါဝင္သူ မဲလံုး (၁၉) ႏွစ္ကုိ ဖမ္းမိခဲ့သည္။
ဖမ္းမိသူ မဲလံုးမွာ သိမ္ျဖဴမီးရထားရပ္ကြက္တြင္ ေနထုိင္သူျဖစ္ၿပီး ၎ကုိ စစ္ေဆးရာ လြတ္ေျမာက္ေနသူ ႏွစ္ဦးမွာ ေအာင္သူ (၂၀ )ႏွစ္ ႏွင့္ ေစာကတ္ (၁၉) ႏွစ္တုိ႔ျဖစ္ေၾကာင္း သိရွိရသျဖင့္ ယင္းအမ်ိဳးသားႏွစ္ဦးကို လုိက္လံ ဖမ္းဆီးစဥ္ ရဲဒုတပ္ၾကပ္ မ်ိဳးျမင့္လြင္ကုိ ေအာင္သူက ဓားျဖင့္ထုိးေသာေၾကာင့္ ရင္အံုႏွင့္ ဝမ္းဗုိက္တြင္ ထုိးသြင္းဒဏ္ရာမ်ားရရွိခဲ့ကာ ေသဆံုးခဲ့ျပီး တရားခံမ်ားအား ဒဂုံၿမိဳ႕မရဲစခန္းမွ (ပ)၂၃၃/၁၉ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၂/၂၉၂ ျဖင့္ အမႈဖြင့္၍ လြတ္ေျမာက္ေနသူ ႏွစ္ဦးကုိ ဖမ္းဆီးအေရးယူႏုိင္ေရး စံုစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။
<<Unicode>>
မီးရထားသံလမ်းတွင် လက်ကိုင်ဖုန်းလုယူပြေးသည့် အမျိုးသားသုံးဦးကို လိုက်လံဖမ်းဆီးစဉ် ဒုတပ်ကြပ်တစ်ဦး ဓားဖြင့်ထိုးခံရ
Tuesday, September 24, 2019
စက်တင်ဘာ ၂၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက်ရှိ မီးရထားသံလမ်းတွင် လူငယ်နှစ်ဦးထံမှ လက်ကိုင်ဖုန်း လုယူပြေးသည့် အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ဒုတပ်ကြပ်တစ်ဦးမှာ ဓားဖြင့် ထိုးခံရသောကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လက်ကိုင်ဖုန်း လုယက်ခံရသည့် လူငယ်နှစ်ဦးက မီးရထားရဲစခန်းသို့ သွားရောက်တိုင်ကြားသဖြင့် ရထားရဲစခန်းမှ ဒုရဲအုပ် အောင်ဘိုဘိုဦးနှင့်အဖွဲ့က ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ရှာဖွေစဉ် လုယက်မှုကျူးလွန်သည့် အဖွဲ့၌ ပါဝင်သူ မဲလုံး (၁၉) နှစ်ကို ဖမ်းမိခဲ့သည်။
ဖမ်းမိသူ မဲလုံးမှာ သိမ်ဖြူမီးရထားရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို စစ်ဆေးရာ လွတ်မြောက်နေသူ နှစ်ဦးမှာ အောင်သူ (၂၀ )နှစ် နှင့် စောကတ် (၁၉) နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ယင်းအမျိုးသားနှစ်ဦးကို လိုက်လံ ဖမ်းဆီးစဉ် ရဲဒုတပ်ကြပ် မျိုးမြင့်လွင်ကို အောင်သူက ဓားဖြင့်ထိုးသောကြောင့် ရင်အုံနှင့် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့ပြီး တရားခံများအား ဒဂုံမြို့မရဲစခန်းမှ (ပ)၂၃၃/၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂/၂၉၂ ဖြင့် အမှုဖွင့်၍ လွတ်မြောက်နေသူ နှစ်ဦးကို ဖမ်းဆီးအရေးယူနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
#Myanmar_Online_News #မီးရထားသံလမ်း
0 comments:
Post a Comment