Monday, September 23, 2019

ေတာင္ဥကၠလာပၿမိဳ႕နယ္အတြင္း ခိုးမႈက်ဴးလြန္ခဲ့သူ (၁)ဦးအား ဖမ္းဆီးရမိ

Image may contain: 1 person, standing

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉးမွ မိမိနယ္ေျမအတြင္း ခိုး၊ဆိုး၊လု၊ႏႈိက္ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ ဖမ္းဆီး အေရးယူေဆာင္႐ြက္သြားရန္ ၫႊန္ၾကားခ်က္အရ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းအကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာလ ၂၂ ရက္ေန႔ ၁၃၀ဝနာရီအခ်ိန္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ (၇)ရပ္ကြက္၊ ေ႐ႊနဝလီတန္းရွိ သိန္းတစ္ရာေ႐ႊဆိုင္ေရွ႕လမ္းမေပၚတြင္ ေ႐ႊဆြဲႀကိဳး(၁)ကုံးအား လိုက္လံေရာင္းခ်ေနသည့္ မေအးေအးမာ(ခ) မေအး အား ေတြ႕ရွိစစ္ေဆးရာ ၎ကိုင္ေဆာင္ထားသည့္ စုစုေပါင္းတန္ဖိုးေငြ (၂၀ဝ၀ဝ၀ဝိ/-)က်ပ္ခန္႔ရွိ ေ႐ႊဆြဲႀကိဳး (၁)ကုံး ႏွင့္ ေ႐ႊလက္စြပ္(၁)ကြင္း တို႔အား ပိုင္ဆိုင္ေၾကာင္းအေထာက္အထားမျပႏိုင္သျဖင့္ သက္ေသမ်ားေရွ႕တြင္ ရွာေဖြပုံစံ ေရးသြင္းသိမ္းဆည္းၿပီး ဖမ္းဆီးခဲ့ပါသည္။

ခိုးမႈမသကၤာသူ မေအးေအးမာ(ခ)မေအး အား အေသးစိတ္စစ္ေဆးရာ ၎သည္ စက္တင္ဘာလ ၁၉ ရက္ေန႔ ၁၂၃၀ နာရီအခ်ိန္တြင္ ၎အဝတ္ေလွ်ာ္/မီးပူတိုက္ လုပ္ကိုင္လ်က္ရွိသည့္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ (၄)လမ္းအတြင္းရွိ ေနအိမ္(၁)အိမ္မွ ခိုးယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ျပစ္မႈက်ဴးလြန္သူ မေအးေအးမာ(ခ)မေအး တရားဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ခဲ့ေၾကာင္း ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔မွ သတင္းရရွိပါသည္။
<Unicode>
တောင်ဥက္ကလာပမြို့နယ်အတွင်း ခိုးမှုကျူးလွန်ခဲ့သူ (၁)ဦးအား ဖမ်းဆီးရမိ
Tuesday, September 24, 2019

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မိမိနယ်မြေအတွင်း ခိုး၊ဆိုး၊လု၊နှိုက် ကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီး အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၂ ရက်နေ့ ၁၃၀ဝနာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ရွှေနဝလီတန်းရှိ သိန်းတစ်ရာရွှေဆိုင်ရှေ့လမ်းမပေါ်တွင် ရွှေဆွဲကြိုး(၁)ကုံးအား လိုက်လံရောင်းချနေသည့် မအေးအေးမာ(ခ) မအေး အား တွေ့ရှိစစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသည့် စုစုပေါင်းတန်ဖိုးငွေ (၂၀ဝဝဝ၀ဝိ/-)ကျပ်ခန့်ရှိ ရွှေဆွဲကြိုး (၁)ကုံး နှင့် ရွှေလက်စွပ်(၁)ကွင်း တို့အား ပိုင်ဆိုင်ကြောင်းအထောက်အထားမပြနိုင်သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံ ရေးသွင်းသိမ်းဆည်းပြီး ဖမ်းဆီးခဲ့ပါသည်။
ခိုးမှုမသင်္ကာသူ မအေးအေးမာ(ခ)မအေး အား အသေးစိတ်စစ်ဆေးရာ ၎င်းသည် စက်တင်ဘာလ ၁၉ ရက်နေ့ ၁၂၃၀ နာရီအချိန်တွင် ၎င်းအဝတ်လျှော်/မီးပူတိုက် လုပ်ကိုင်လျက်ရှိသည့် တောင်ဥက္ကလာပမြို့နယ်၊ (၃)ရပ်ကွက်၊ (၄)လမ်းအတွင်းရှိ နေအိမ်(၁)အိမ်မှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ မအေးအေးမာ(ခ)မအေး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

0 comments:

Post a Comment