Monday, September 30, 2019

ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦး ကျောင်းမှအပြန်လမ်းတွင် အသတ်ခံရ

Image may contain: sky, tree, outdoor and natureImage may contain: one or more people, people sitting and indoor

စက်တင်ဘာ ၃ဝရက်နေ့ ညနေတွင် တောင်တွင်းကြီးမြို့နယ် တက်ပုအောင်းရွာနှင့် သရက်ခုံရွာအကြား ကိုင်းတောအနီးလူသွားလမ်းပေါ်တွင် ( တက်ပုအောင်း-အထက)တွင် အထွေထွေလုပ်သားတာဝန်ထမ်းဆောင်နေသူ မိုင်သန်းသန်းစိုး ၃၄နှစ်၊ချင်းတိုင်းရင်းသူ၊ သရက်ခုံကျေးရွာသူသည် ကျောင်းမှအပြန်လမ်းတွင် ဓားဒဏ်ရာ၆ချက်ဖြင့်သတ်ခံရကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါအခင်းဖြစ်နေရာတွင် မိုင်သန်းသန်းစိုး၏လက်ဆွဲခြင်း ထီးနှင့်ဖိနပ်တို့ကိုတွေ့ရပြီး သေဆုံးသူတွင် ဦးခေါင်းနောက်စေ့၊ ယာပါး ကန့်လန့်ဖြတ်၊ ယာ လက်နှင့်ပေါင်၊ တင်ပါးဝဲယာ တို့တွင် ဓားဒဏ်ရာများရှိနေပြီး ဖြစ်စဉ်အနေအထားနှင့် ကွင်းဆက်များကိုဆက်စပ်စုံစမ်းချက်အရ သူမအားသတ်သူမှာ တက်ပုအောင်းရွာနေ ဖိုးပြူး(ခ)ဇော်လေး ၂ဝနှစ် ဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
ယင်းဖြစ်စဉ်ကို တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ (ပ) ၃၄/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုရေးဖွင့်ကာ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျှက်ရှိကြောင်း ကနဦးသတင်းများအရသိရသည်။
<<Zawgyi>>
Tuesday, October 1, 2019


0 comments:

Post a Comment