Friday, September 30, 2016

သင့်အသက်အရွယ်နဲ့ သင့်ရဲ့ ရင့်ကျက်မှု ထပ်တူ ကျရဲ့လား

Ygdnq0hqkmk6mswzhzwi

သင့် ဦးနှောက်နဲ့ သင့် အသက် ထပ်တူညီမျှ ရှိလား မရှိလား သိချင်ရင် ဒီ Quiz လေးကို ခုပဲ ဖြေကြည့်လိုက်ပါ။ သင့် ရဲ့ ရင့်ကျက်မှု ကို လိုက်ပြီး သင့် အသက်အရွယ်ကို ခန့်မှန်းကြည့်ရအောင် . . . သင့်ဦးနှောက် အသက် ဘယ်လောက် ရှိပြီလဲ . .

Wednesday, September 28, 2016

မြန်မာ့သစ်တော ထိမ်းသိမ်းရေးအတွက် အရေးပါတဲ့ စီမံခန့်ခွဲမှု

Myanmar Logging

ရေရှည်ခံမယ့် သစ်တော ပြုပြင်ထိမ်းသိမ်းရေး အတွက် အရေးပါတဲ့ စီမံခန့်ခွဲမှုစံနစ် အကြောင်း သစ်တောပညာရှင် ဦးဝင်းမော်က ပြောပြပေးမှာပါ။

သစ်တော သယံဇာတနဲ့ နံမယ်ကြီးတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိမှာ သစ်တော စီမံခန့်ခွဲရေးနဲ့ ပါတ်သက်ပြီး ဘာတွေ လိုအပ်နေပါသလဲ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ ‘ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာရပ်’ဟောပြောပွဲမှ ဆွေးနွေးဟောပြောချက်များ

dr-ag-tun-thet
ဖြိုးထက်အောင်
စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ လွှတ်တော်မီဒီယာခန်းမတွင်ပြုလုပ်ခဲ့သော ပါမောက္ခ ဒေါက် တာ အောင်ထွန်းသက်၏ ဟောပြောပွဲတွင် ”ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာရပ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောချက်များမှ သိသင့် သိထိုက် သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
dr-ag-tun-thet
ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်သင့် မလုပ်သင့်
စီးပွားရေးပြုပြင်ပြောင်းလဲမှုတစ်ခု လုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ သိထားရမှာတစ်ခုက ကိုယ့်နိုင်ငံတစ်ခုတည်း ပြုပြ င်ပြောင်းလဲ နေတာမဟုတ်ဘူး။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်နေရတဲ့ နိုင်ငံတွေ မှ အများကြီးပဲ။ နည်းနည်းလေး စိတ်ပူတာ တစ်ခုကိုပြောပြရင် ပြည်သူ ပိုင်သိမ်းတဲ့ဟာကို အများကြီးပြောင်းသွားတဲ့ စီးပွားရေးကောင်းသွားတဲ့ အတွက်

ငွေကြေးဖောင်းပွမှုနဲ့ နှုတ်ဆိတ်နေတဲ့ဗဟိုဘဏ်

ဗဟိုဘဏ်
ဗဟိုဘဏ်ဥပဒေအရ ဒါရိုက်တာအဖွဲ့တွင် ဥက္ကဌတဦး၊ ဒုဥက္ကဌ ၃ ဦးနှင့် အစိုးရက ခန့်အပ်သော ဘဏ်လုပ်ငန်း ပညာရှင် ၅ ဦး စုစုပေါင်း ၉ ဦး တာဝန်ထမ်းဆောင်နေပါသည်။ (ဓာတ်ပုံ – Global New Light of Myanmar)

ဗဟိုဘဏ်ဆိုတာ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး အင်စတီကျူးရှင်း တခုဖြစ်သလို အစိုးရကို စီးပွားရေး၊ ငွေရေး ကြေးရေးနဲ့ ပတ်သက်ပြီး အကြံပေးရတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

ဒါအပြင် တိုင်းပြည်ရဲ့ငွေရေးကြေးရေးစနစ် တည်ငြိမ်ဖို့နဲ့ စီးပွားရေးတိုးတက်လာဖို့အတွက် ပံ့ပိုးပေးရတဲ့ အဖွဲ့အစည်းမျိုးဆို ရင်လည်း မမှားပါဘူး။ ဒါကြောင့် ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှပါတယ်။

Tuesday, September 27, 2016

ဒီမိုကရေစီ နိုင်ငံတော် နှင့် ဒီမိုကရေစီ ရဲတပ်ဖွဲ့

ရဲတပ်ဖွဲ့သမိုင်းအစ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သမိုင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ “ရဲတပ်ဖွဲ့”လို့ အမည် မပြောင်းခင် ပုလိပ် (Police) တပ်ဖွဲ့ကို စာရေးသူတို့ မြန်မာနိုင်ငံမှာ ထူထောင်ခဲ့တာ နှစ်ပေါင်း ၁၂ဝ နီးပါး ရှိခဲ့ပါပြီ။

ဒီကနေ့ မြန်မာ့တပ်မတော် ဖွဲ့စည်းခဲ့တာထက် နှစ်ပေါင်း ၆ဝ လောက်စောပြီး သက်တမ်း ရှည်ခဲ့တဲ့ တပ်ဖွဲ့ပါ။

ငြိမ်းချမ်းရေး အလှမ်းကျယ် အလယ်မလပ်စေလိုပါ

အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ကြည့်တဲ့အခါ a period of truce, esp one that is temporary and a preliminary step to establishing a more permanent peace on agreed terms ဆိုတဲ့ အချိန်ကာလတစ်ရပ် သတ်မှတ်ပြီး နှစ်ဖက် အပစ်ခတ်ရပ်စဲသာဖြစ်ပြီး ထာဝရ ငြိမ်းငြိမ်းချမ်းရေးကို သွားဖို့ ပထမအဆင့်အနေနဲ့ သဘောတူတာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား အပစ်ခတ်ရပ်စဲမှု လုပ်ထားတာတွေ ကြည့်မယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ပြည်နယ်အဆင့် ( သို့မဟုတ် ) တိုင်းဒေသကြီးအဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း ၊ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခြင်း ၊

ရင်ခွင်ပိုက် ကလေးငှားသည်

နံနက်စောစောဆိုလျှင်ပင် လှည်းတန်းခုံးကျော်တံတားအောက်တွင် ကြီးတော်အလုပ်ရှုပ်နေပြီ ဖြစ်သည်။ ကြီးတော်ဘေးတွင် ဆယ်နှစ်သားဝန်းကျင်အရွယ် ကောင်လေး သုံးဦးလည်းပါသည်။ ကောင်လေးသုံးဦးတွင်  အနှီးပတ်ထားသော လသားကလေးတစ်ဦးလည်း ပါလာသည်။ 

မကြာမီ အဖြူရောင်အင်္ကျီတစ်ခုကို ခေါင်းပေါင်းထားပြီး လွယ်အိတ်စလွယ်သိုင်း လွယ်ထားသည့် အမျိုးသမီးတစ်ဦးသည် ကြီးတော်ရှိရာသို့ ရောက်လာ၏။ ထို့နောက် ကလေးများထံမှ လသားကလေးကို ခေါင်းပေါင်းနှင့် အမျိုးသမီးထံ ကြီးတော်က လက်လွှဲပေးလိုက်လေသည်။ 

အနှိမ်ခံ အိမ်ဖော်များဘဝ

(CNN) မလေးရှားနိုင်ငံရောက် အင်ဒိုနီးရှား အိမ်ဖော်မလေး ဆူမာစရီ (ရေနွေးပူဖြင့် အလောင်းခံရပြီး နှိပ်စက်ခံထားရသည်)

လူ့အခွင့်အရေး ထောက်ခံအားပေးနေသူများက ဟောင်ကောင်တရားရုံး၏ လုပ်ဆောင်မှုများကို ထောက်ခံခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ဟောင်ကောင်တရားရုံးသည် အင်ဒိုနီးရှား အိမ်ဖော်မလေးတစ်ဦး၏ အမှုကို တရားမျှတစွာ စီရင်ပေးခဲ့သောကြောင့် ဖြစ်ပါသည်။

Monday, September 26, 2016

လော်နဲ့ အော်ပြီး မနှိပ်စက်ပါနဲ့

လော်စပီကာနှ
လော်စပီကာနှင့် အလှူခံသူများ (ဓာတ်ပုံ – သော်ဟိန်းထက်/ဧရာဝတီ)

မန္တလေးမြို့မှာ ကမ္ဘာလှည့်ခရီးသွားတယောက် ဓမ္မာရုံက အသံချဲ့စက်ဖွင့်တဲ့ ကြိုးတွေကို ဆွဲဖြုတ်ခဲ့တာကြောင့် ပုဒ်မ ၂၉၅ အရ အမှုဖွင့်ထားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်း စက်တင်ဘာ ၂၃ ရက် ညပိုင်း (၁၀း၄၅ နာရီ)လောက်မှာ ဖြစ်ခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ အဓိက ပြဿနာက ဓမ္မစကြာ တရားတော်တွေရွတ် ဖတ်လို့ ဖြစ်တာမဟုတ်ဘဲ ညလူခြေတိတ်ချိန်မှာ လော်စပီကာ အသုံးပြုခဲ့မှုကြောင့် ဖြစ်ပွားခဲ့ရတာသာ ဖြစ်ပါတယ်။

ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် ပြည်သူလူထု ငွေကြေးဆုံးရှုံးမှုများကြောင့် ဝေဖန်မှုများ မြင့်တက်နေသော Multi-level Marketing- MLM (ဆင့်ပွား ရောင်းဝယ်ရေး လုပ်ငန်း) များနှင့် ပတ်သက်၍ ယင်းဈေးကွက်ရေးရာပိုင်းကို နားလည် တတ်ကျွမ်းသူ တစ်ဦးဖြစ်သည့်အပြင် ဥပဒေရေးရာ ပညာရှင် တစ်ဦးဖြစ်သည့် ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံ၍  ယင်းလုပ်ငန်း၏ လူထုအပေါ် ဆိုးကျိုး သက်ရောက်စေမှုနှင့် မည်သို့ အရေးယူ ဆောင်ရွက်သင့်ပုံများကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။


Voice : MLM လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့ သဘောထားလေးကို အရင်ဆုံး သိပါရစေ ခင်ဗျ။

Sunday, September 25, 2016

ဒီချုပ်အဖြေထုတ်ရမယ့် ပုစ္ဆာ


မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်မှာ ဥပဒေပြဋ္ဌာန်းခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ အမိန့်အမှတ် (၂၃/ ၂၀၁၄) နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ် ပါတယ်။ အခုဆိုရင် သက်တမ်း အားဖြင့် ၂ နှစ်ကျော်လာခဲ့ပါပြီ။ ဥပဒေအရ သူ့ရဲ့သက်တမ်းက တော့ ငါးနှစ်ဖြစ်ပါတယ်။ သို့ပေ မဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ် ဦးနဲ့ ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကို ရာထူးက ရပ်စဲနိုင်တယ်လို့လည်း   ဥပဒေက ပြဋ္ဌာန်းထားပါတယ်။

အခက်စုံမဲ့ပင်လုံ

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ‘ရင်လေးဖွယ်ပင်လုံ’ အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ အခုနောက်ဆက်တွဲ တွေ့ရှိချက်အချို့နဲ့ အမြင်အချို့ကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဟာ ၂၁ ရာစုဆိုတဲ့ အမည်အတိုင်း ခေတ်တစ်ခုရဲ့ နောက်ဆုံး သုံးသပ်ချက်အမြင်များအဖြစ် ထူးခြားကွဲပြားစွာ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ယေဘုယျ ခြုံကြည့်ရင် အဖွဲ့အသီးသီးဟာ အမြင့်ဆုံးသော တောင်းဆိုချက်တွေနဲ့စပြီး ဈေးဖွင့်ခဲ့ကြတဲ့ သဘောပဲ ဖြစ်ပါတယ်။ သမိုင်းခေတ် အခြေအနေဟာ လွတ်လပ်ရေး တောင်းဆိုတဲ့ ကာလမျိုး သို့မဟုတ် ပြည်ပအန္တရာယ် အလွန်နီးကပ်နေတဲ့ အချိန်မျိုးနဲ့ မဖြစ်မနေ အလျင်အမြန် ဆုံးဖြတ်ရမယ့် အခြေအနေသာဆိုရင် အကျဉ်းအကျပ် တွေ့သွားနိုင်တဲ့ အခြေအနေပါ။ ပထမပင်လုံမှာ ဒီအခြေအနေမျိုးကို ကြုံခဲ့ရတာ ဖြစ်တယ်။  အောင်ဆန်းအက်တလီ စာချုပ်ဟာ လွတ်လပ်ရေးနဲ့ အနာဂတ်တိုင်းပြည် တည်ဆောက်ရေးအတွက် အခြေခံအချက်တွေ ပါဝင်ခဲ့တာ ဖြစ်တယ်။ 

Multi-level Marketing ဘာလဲ၊ ဘယ်လဲ

မြန်မာနိုင်ငံသို့ ၂ဝဝဝ ပြည့်နှစ်ခန့်က စတင် ဝင်ရောက်ခဲ့ပြီး မှေးမှိန်ပျောက်ကွယ် သွားခဲ့ရာမှ ၂ဝ၁၅ နှောင်းပိုင်းမှ စတင်၍ Multi-level Marketing (ဆင့်ပွား ရောင်းဝယ်ရေး လုပ်ငန်း) ကုမ္ပဏီများ ပြန်လည်ပေါ်ထွက် လာခဲ့သည်။ တရားမဝင်ဟု စီးပွားရေး ကျွမ်းကျင် ပညာရှင်များက ပြောဆိုနေသည့် ထို Multi-level Marketing ကုမ္ပဏီများ၏ လုပ်ကိုင်ပုံ စနစ်များ၊ ထိုကုမ္ပဏီများကြောင့် ထိခိုက်ရပုံနှင့် ထိုကုမ္ပဏီများ၏ ဈေးကွက် ဝင်ရောက် လာပုံများကို သိရှိနိုင်စေရန် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အမြင်များကို The Voice က ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

“MLM က ဘာကောင်းကျိုးမှ မရှိဘူး။ ဆိုးကျိုးတွေပဲ ရှိတယ်။ ရှင်းရှင်းပြောရရင် လူတွေကို လိုက်လိမ်နေတာ”
ပါမောက္ခဒေါက်တာ အောင်ထွန်းသက် (စီးပွားရေးပညာရှင်)

အောင်မြင်သူတွေ ပိတ်ရက်တွေမှာ အလုပ်မလုပ်ကြတဲ့ အကြောင်းရင်း

အလုပ်ကို အမြဲတမ်း လုပ်နေမှ အောင်မြင်သူတစ်ယောက် ဖြစ်မှာမဟုတ်ပါဘူး။

play

Saturday, September 24, 2016

သင့်ကျန်းမာရေးအတွက် အုန်းရည်သောက်မယ်ဆို သိထားသင့်တဲ့ အချက် (၃) ချက်

ကာဗွန်ဟိုက်ဒရိတ်နဲ့ ကယ်လိုရီ ပါဝင်ပါတယ်။

play

၁ - ကယ်လိုရီ

UMFCCI ဥက္ကဋ္ဌသစ် ဦးဇော်မင်းဝင်းနှင့် တွေ့ဆုံခြင်း

ပုံမှန်အားဖြင့် မြန်မာနိုင်ငံသို့ လာသော နိုင်ငံတကာ စီးပွားရေး အသင်းအဖွဲ့တိုင်း ဦးတည် တွေ့ဆုံသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဖြစ်သည်။ အသင်းချုပ် ဥက္ကဋ္ဌမှာ နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံခွင့် သာမက ပြည်တွင်း လုပ်ငန်းများ အပေါ်တွင်လည်း သြဇာ ကြီးမားသည်။ ဒုတိယ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း များစွာ တာဝန်ယူခဲ့သော ဦးဇော်မင်းဝင်းမှာ စက်တင်ဘာ ရွေးကောက်ပွဲပြီးနောက် ဥက္ကဋ္ဌ ဖြစ်လာသည်။ တစ်ချိန်တည်းတွင် မြန်မာ့ စီးပွားရေးအတွက် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ဖွင့်လှစ်မည်ဟူသည့် သတင်းစကားများကိုလည်း ကြားရသည်။ ထိုအခါ စီးပွားရေး ပိတ်ဆို့မှုအလွန် မြန်မာ့စီးပွားရေး မျှော်လင့်ချက်၊ UMFCCI အပြောင်းအလဲနှင့် အမေရိကန် ရင်းနှီး မြှုပ်နှံမှုများအကြောင်း ဥက္ကဋ္ဌသစ် ဦးဇော်မင်းဝင်းနှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။

အောက်အဆင့်များအတွက် မွဲဆေး - မြစ်ပွားနာ စီးပွားရေး


ခြစ်ကုပ် စုဆောင်းထားသည့် ချွေးနှဲစာအပြင် ချေးထားသည့် ငွေများကို ပြန်ဆပ်ပြီးနောက် မပိုပို တစ်ယောက် ရန်ကုန်မြို့ကို ကျောခိုင်းလိုက်ရပြီ ဖြစ်သည်။

သူနာပြု အောင်လက်မှတ် သင်တန်း တက်ပြီး သက်ကြီးရွယ်အိုကို ပြုစု စောင့်ရှောက်သည့် အလုပ် လုပ်ရာမှ မိတ်ဆွေ တစ်ယောက်၏  မိတ်ဆက်ပေးမှုဖြင့် အပြောအရ မယုံနိုင်လောက်အောင် ကောင်းမွန်သော စီးပွားရေး အခွင့်အလမ်း တစ်ခုကို ငွေဆယ်သိန်းဖြင့် စတင် လုပ်ကိုင်ခဲ့သည်။

Thursday, September 22, 2016

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ နိုင်ဖဲတချို့ကို တရုတ်က ကိုင်ထားနိုင်တာရှိတယ် – စာရေးဆရာကျော်ဝင်း

kyaw-win

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံပြင်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားရောက်ခဲ့သလို လက်ရှိမှာလည်း အမေရိကန်နိုင်ငံကို သွားရောက်ပြီး သမ္မတ အိုဘားမားအပါဝင် နိုင်ငံခေါင်းဆောင် အတော်များများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂမှာလည်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီ၊ မြန်မာ-တရုတ် ဆက်ဆံရေး၊ မြန်မာ-အမေရိကန်ဆက်ဆံရေး စတာတွေနဲ့ပတ်သက်ပြီး စာရေးဆရာ ကျော်ဝင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

''ဒီလို အင်းဝဆိုင် ပိုင်ရှင်တွေရဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကို ကော်မရှင်က တစ်ခုမှ ဝင်ရောက်ပြောဆိုခဲ့ခြင်း မရှိဘူး'' Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းနှင့် တွေ့ဆုံခြင်း

အင်းဝ အပ်ချုပ်ဆိုင်မှ အိမ်အကူ မိန်းကလေး နှစ်ဦးကို ဆိုင်ရှင် မိသားစုက ညှဉ်းပန်း နှိပ်စက်မှုကို စုံစမ်းဖော်ထုတ်ခဲ့ရုံ သာမက ရဲစခန်းနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့သူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို The Voice က သီးသန့် တွေ့ဆုံ၍ ၎င်းစုံစမ်း ဖော်ထုတ်ခဲ့မှု အခြေအနေ၊ ရဲစခန်းနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ အမှုဖွင့် တိုင်ကြားခဲ့ရာတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများကို တွေ့ဆုံမေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြပါသည်။

Voice : မိန်းကလေးတွေ ညှဉ်းပန်း နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ တိုင်ချက် စဖွင့်တုန်းက အခြေအနေကို ပထမဆုံး သိချင်ပါတယ်။

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာဝယ် ဘယ်အချက်တွေက လျှောက်ထားသူတွေကို အကျပ်ရိုက်စေခဲ့သလဲ

၂ဝ၁၆ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သော တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ၏ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာများကို ၁၈-၈-၂ဝ၁၆ ရက်မှ ၃၁-၈-၂ဝ၁၆ ရက်နေ့အထိ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များ အပါအဝင် ပိတ်ရက်မရှိ ရန်ကုန်ပညာရေး တက္ကသိုလ် အားကစားရုံကြီးတွင် လက်ခံပေးခဲ့ပါသည်။

အကြောင်း အမျိုးမျိုးကြောင့် သတ်မှတ်ရက်လွန် လျှောက်ထားသူများကိုလည်း အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ၌ လက်ခံပေးလျက် ရှိသည်ကို သတိ ပြုမိပါသည်။