Friday, September 30, 2016

သင့်အသက်အရွယ်နဲ့ သင့်ရဲ့ ရင့်ကျက်မှု ထပ်တူ ကျရဲ့လား

Ygdnq0hqkmk6mswzhzwi

သင့် ဦးနှောက်နဲ့ သင့် အသက် ထပ်တူညီမျှ ရှိလား မရှိလား သိချင်ရင် ဒီ Quiz လေးကို ခုပဲ ဖြေကြည့်လိုက်ပါ။ သင့် ရဲ့ ရင့်ကျက်မှု ကို လိုက်ပြီး သင့် အသက်အရွယ်ကို ခန့်မှန်းကြည့်ရအောင် . . . သင့်ဦးနှောက် အသက် ဘယ်လောက် ရှိပြီလဲ . .

Hcoouel8cq82hsgdxelw 1. နေ့စွဲတွေ ချိန်းဆိုချက်တွေကို မှတ်မိနေစေဖို့ သင် ဘာလုပ်လေ့ရှိလဲ။ A. မှတ်ထားစရာ မလိုပါဘူး။ အနားနီးတဲ့အခါ သတိပေးမယ့်လူ ပေါ်လာတာပဲကို။ (၁ မှတ်) B. ကိုယ့်ဖာသာ သတိထားနိုင်တယ် ဒါ ကိစ္စကြီးတစ်ခု မဟုတ်ပါဘူးလေ။ (၂ မှတ်) C. ချက်ချင်းပဲ ပြက္ခဒိန်မှာ ကောက်မှတ်လိုက်မယ် ဒါမှမဟုတ်ရင် မေ့သွားမှာ (၃မှတ်) D. ပြောထားတဲ့ အစီအစဉ်တွေ ကိစ္စတွေ လုပ်ဖို့ စီစဉ်ထားတာတွေ အကုန်လုံးကို ချမှတ်တယ်။ (၄ မှတ်) 2. သူငယ်ချင်းတွေကို ညစာ စားဖို့ ဖိတ်တော့မယ် ဆိုရင် သင် တွေ စီစဉ်မလဲ။ A. အင်တာနက်ကနေ ဟင်းချက်နည်းတွေ ရှာမယ် ပြီးတဲ့အခါ အဲ့တိုင်းလုပ်ပြီး အကောင်းဆုံး ညစာကို ပြင်ဆင်မယ်။ (၁ မှတ်) B. စားသောက်ဆိုင်မှာပဲ လုပ်မယ်။ သန့်ရှင်းရေးလုပ်စရာလည်း မလို သလို၊ ပင်လည်း မပင်ပန်းတော့ဘူးပေါ့။ (၂ မှတ်) C. လူတိုင်း စားချင်လောက်မယ့် ရင်းနှီးပြီးသား ဟင်းလျာတွေကို ပဲ ပြင်ဆင်မယ်။ (၃မှတ်) D. ချက်ဖူးနေကျ ဟင်းလျာတွေကို ပဲ ချက်မယ်။ ဒါမှပဲ ကိုယ်ချက်တဲ့ ဟာ ပေါ်မှာကိုယ် ယုံကြည်ချက်ရှိမှာ။ (၄ မှတ်) 3. ပါတီပွဲတစ်ခု မှာ သင့် သူငယ်ချင်းက သင့်ကို စနောက်ပြီး သင်စားတဲ့ ပန်းကန်ထဲက ဟင်းတွေကို ယူထားလိုက်မယ်ပေါ့ အဲ့လိုဆို သင်ဘာလုပ်မလဲ။ A. ရယ်နေလိုက်မယ် (၁ မှတ်) B. အဲ့အစားအစာတွေကို ဘယ်လို ပြန်ယူရမလဲ စဉ်းစားမယ် (၂ မှတ်) C. နောက်ထပ် စားစရာတွေ ထပ်မှာမယ် (၃မှတ်) D. အဲ့လို လူတွေကို လျစ်လျှူရှုပြီး ခပ်ဝေးဝေးနေလိုက်မယ် (၄ မှတ်) 4. သင့်ရဲ့ ဆံပင်ပုံစံက ဘယ်လို မျိုးလဲ။ A. မကြာခဏ ပုံစံပြောင်းတယ် (၁ မှတ်) B. တခါတလေတော့လည်း အပြောင်းအလဲလေး ဖြစ်အောင် ဆံပင်ကို ညှပ်ကြည့်တယ်။ ဒါပေမယ့် တအားကြီး ပုံစံပြောင်းတာတော့ မဟုတ်ပါဘူး။ (၂ မှတ်) C. ဘယ်လို ဆံပင်ပုံ ပဲ ဖြစ်ဖြစ် ကိုယ်နဲ့ လိုက်ပြီးသားပဲ။ (၃မှတ်) D. ဆံပင်ပုံစံ တစ်မျိုးတည်းကို ပဲ ထားရတာ ကြိုက်တယ်။ (၄ မှတ်) 5. သင်နဲ့ တူတူ အပြင်ထွက်နေကျ သူငယ်ချင်းတွေက ဘယ် အသက်အရွယ်လောက် တွေလဲ။ A. တော်တော်များများက ကိုယ့်ထက်ငယ်တယ်။ (၁ မှတ်) B. အများကြီးပဲ တချို့ကတော့ ငယ်တယ်၊ တချို့ကျတော့လည်း အသက်ပိုကြီးတယ် (၂ မှတ်) C. တော်တော်များများက ရွယ်တူပဲ (၃မှတ်) D. အများစုက အသက်ပိုကြီးတယ်။ (၄ မှတ်) 6. သင်နဲ့ သင့်သူငယ်ချင်းတွေ အများဆုံး ပြောဖြစ်ကြတာ ဘာအကြောင်းလဲ။ A. နောက် ခရီးတစ်ခု ဘယ်တော့ စထွက်ကြမလဲ။ (၁ မှတ်) B. အနာဂတ် အစီအစဉ်တွေ (၂ မှတ်) C. လက်ရှိ ဖြစ်နေတဲ့ ပြသနာတွေ (၃မှတ်) D. အရင်တုန်းက ကိစ္စတွေ အမှတ်တရတွေ နဲ့ အတိတ်ကာလက အကြောင်း အရာတွေ (၄ မှတ်) Egcdcxnt2x8io8lovraa အဖြေတွေကတော့ A. အသက် ( ၆- ၁၀) သင့် ဦးနှောက် က ကလေး တစ်ယောက်လိုပဲ။ နုနယ်တယ် ဖြူစင်တယ် ကြင်နာပြီး ဖော်ရွေ တတ်တယ်။ သင့်ပတ်ဝန်းကျင်က လူတွေကတော့ သင့်ကို မကြာခဏ ကျယ်စယ်ကြလိမ့်မယ် ဒါပေမယ့် သင် စိတ်ထဲမထားပါဘူး ဟုတ်တယ်မလား။ သင် ပြသနာနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း အကောင်းမြင်တတ်တဲ့ သင့်အကျင့်လေးကြောင့် သင့်ရဲ့ အခက်အခဲတွေကို ကျော်လွှားသွားနိုင်မှာပါ။ လူတွေ ရဲ့ အမြင်မှာလည်း သင် က တအားကို ရိုးသားပြီး ချစ်စရာကောင်းတယ် ဖော်ရွေတယ်လို့ ကောက်ချက်ချထားပါ။ သင့်မှာ သူငယ်ချင်းကောင်းတွေ အများကြီး ရှိနေမယ် ဆိုတာ အသေအချာပါပဲ။ B. အသက် (၁၁-၁၅) သင့်ဦးနှောက်ကတော့ နုနယ်တယ် ရိုးသားတယ် ဆိုတဲ့ ကာလကို ကျော်လွန်သွားပါပြီ။ ဒါပေမယ့် ဆယ်ကျော်သက်လေးလိုပါပဲ။ သင်က အရိုင်းဆန်တယ် တဇွတ်ထိုးလုပ်တတ်တယ်။ ပတ်ဝန်းကျင်က ပျော်ရွင်မှုတွေကို တခြားလူတွေထက်ပိုပြီး ခံစားနိုင်တယ်။ သင်နဲ့ တူတူနေရတဲ့ လူတိုင်း ကို သက်တောင့်သက်သာ ရှိပြီး စိတ်ကျေနပ်စေတယ်။ တခါတစ်လေမှာတော့ နက်နက်နဲနဲတွေ တွေးနေတတ်ပေမယ့် သင်က နူနယ်ပါသေးတယ်။ C. အသက် (၁၆ -၂၀) သင့် ဦးနှောက်က လူကြီး တော့မ ဆန်သေးဘူး။ ဒါပေမယ့် လူငယ်ကြိုက်တွေ မကြိုက်တတ်တော့ တာ အသေအချာပဲ.။ ရှေ့ဆက်ရမယ့် ဘ၀ခရီးနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို ပဲ စိတ်ဝင်စားတော့တယ်။ အင်း… ဒါပေမယ့် မျှမျှတတ လေး တွေးတတ်ထို့တော့ လိုသေးတယ်။ ပိုပြီး အကောင်းမြင်တတ်ပါစေ။ D. အသက် (၂၁-၂၄) သင့်အတွေးအခေါ်တွေကတော့ ရင့်ကျက်နေပါပြီ။ သင်က တွေးတွေးဆဆ လုပ်တတ်တဲ့လူတစ်ယောက်ပါ။ သင်ကိုယ်က ရဲ့ အနာဂတ်ကိုတင်မကဘူး မိသားစုကိုပါ ဂရုစိုက်တတ်တဲ့ လူမျိုးပါ။ ဘယ်အရာကို မဆို စမလုပ်ခင် သေသေချာ စဉ်းစားတတ်ပါတယ်။ လူတွေရဲက မျက်စိမှာတော့ သင်က လုံးဝကို ရင့်ကျက်ပြီး ယုံကြည်ရတဲ့ လူတစ်ယောက်ပါ။ အဖေ ဘက် ကပဲ ကြည့်ကြည့် အမေ့ဘက်ကပဲ ကြည့်ကြည့် ယောက္ခမ ဘက်က ပဲ ကြည့်ကြည့် သင်ဟာ အပြစ်ပြောစရာ တစ်ကွက်လေးတောင် မရှိတဲ့ လူတစ်ယောက်ပါ <3 ကောနီ (မိုမိုလေး)
Momolay Facebook Page

0 comments:

Post a Comment