Wednesday, September 28, 2016

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ ‘ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာရပ်’ဟောပြောပွဲမှ ဆွေးနွေးဟောပြောချက်များ

dr-ag-tun-thet
ဖြိုးထက်အောင်
စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ လွှတ်တော်မီဒီယာခန်းမတွင်ပြုလုပ်ခဲ့သော ပါမောက္ခ ဒေါက် တာ အောင်ထွန်းသက်၏ ဟောပြောပွဲတွင် ”ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာရပ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောချက်များမှ သိသင့် သိထိုက် သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
dr-ag-tun-thet
ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်သင့် မလုပ်သင့်
စီးပွားရေးပြုပြင်ပြောင်းလဲမှုတစ်ခု လုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ သိထားရမှာတစ်ခုက ကိုယ့်နိုင်ငံတစ်ခုတည်း ပြုပြ င်ပြောင်းလဲ နေတာမဟုတ်ဘူး။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လုပ်နေရတဲ့ နိုင်ငံတွေ မှ အများကြီးပဲ။ နည်းနည်းလေး စိတ်ပူတာ တစ်ခုကိုပြောပြရင် ပြည်သူ ပိုင်သိမ်းတဲ့ဟာကို အများကြီးပြောင်းသွားတဲ့ စီးပွားရေးကောင်းသွားတဲ့ အတွက်
Privatization  လို့ခေါ်တဲ့ ပုဂ္ဂလိက လက်ထဲပြန်ထည့်မယ်ဆိုတဲ့ အတွေးကို နည်းနည်းပြန်ကြည့်စေချင်တယ်။ ဘာကြောင့်လဲဆိုရင် အထူး သဖြင့် မြင်သာထင် သာတဲ့ဥပမာကတော့ ရုရှားပဲ။ ရုရှားဟာ ၁၉၈၉ အရေးကိစ္စပြီးတဲ့အခါမှာ ရုရှားသည် ကိုယ့်ထက်တောင် အဆင့်မြင့်တဲ့ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့အတွက် နေရာတိုင်းလိုလိုအား လုံးဟာ နိုင်ငံတော်ပိုင်လုပ်ငန်းတွေအများကြီးပဲ။ ဒါတွေအားလုံးကို လက် ကားပြည် သူပိုင်ကနေ ပုဂ္ဂလိကအဖြစ် လုပ်ပစ်လိုက်ကြတယ်။ လုပ်ပစ် လိုက်တဲ့အခါကျတော့ တကယ်ကိုတန်ဖိုးရှိတဲ့ အစိုးရပိုင်နိုင်ငံပိုင်ပစ္စည်း အားလုံးက သူဌေးတွေ လက်ထဲရောက်သွားတယ်။ သူဌေးတွေချမ်းသာ သွားတော့ တစ်ပြားမှမရှိတဲ့လူဟာ ပတ်သက်ရာ ပတ်သက်ေ ကြာင်း အစိုးရ အလုပ်ရုံတွေ စက်ရုံတွေ၊ ရေနံတွေအားလုံးကို ရုံခါတဲ့ဈေးနဲ့ ရ သွားရော။ အဲဒီလို Privatization လုပ်တဲ့အခါမှာ သူတို့ ကတိကဝတ်ပြု ထားတာက ပစ္စည်းတွေကိုတကယ်ပဲ လုပ်ပါ့မယ်၊ အာမခံတာက တစ်မျိုး နော်။
လက်တွေ့မှာကျ ရောင်းလို့ရတဲ့ပစ္စည်းတွေ ထုတ်ရောင်းလိုက်ပြီး တော့ ဝန်ထမ်းတွေအားလုံးဖြုတ်လိုက်တယ်။ လူမှုရေးပြဿနာတွေ အများကြီးတက်လာတယ်။ နိုင်ငံရေးပြဿနာတွေ အများကြီး တက်လာ တယ်။ ဒါကြောင့်မို့ နည်းနည်းစိတ်ပူတာက နိုင်ငံပိုင် ပစ္စည်းတွေ ကို ပုဂ္ဂလိ ကကို တန်းမလုပ်ဘဲနဲ့ တရုတ်ပြည်မှာလုပ်သလို ဗီယက်နမ်မှာလုပ်သလို လုပ်တာရှိတယ်။ တကယ်တော့ အခြေခံစီးပွားရေး ကပိုင်တဲ့သူနဲ့ စီမံ ခန့်ခွဲမှုကအခြေခံပဲ။ နောက်ပြီး နိုင်ငံပိုင်တာ မပိုင်တာ အရေးမကြီးဘူး။ ပုဂ္ဂလိကပိုင်တာ မပိုင်တာ အရေးမကြီးဘူး။ အစိုးရပိုင်တယ် သို့ပေမယ့် စီမံတဲ့သူကလွတ်လပ်တဲ့သူ။ အစိုးရဝန်ထမ်းတွေမဟုတ်ဘူး။ တကယ့်ကို စီးပွားရေးတွက်ခြေကိုက်အောင် အလုပ်တွေကို အောင်မြင်အောင်လုပ်တဲ့ ပုံစံရှိပါတယ်။ အဲဒီပုံစံသာလုပ်နိုင်ရင် နိုင်ငံပိုင်ပစ္စည်းလည်း မဆုံးဘူး။ တစ်ဖက်ကလည်း အရှုံးပေါ်နေတဲ့ အခု မြန်မာပြည်မှာဖြစ်နေတဲ့ အခက် ဆုံးပြဿနာက အစိုးရပိုင်လုပ်ငန်းမှန်သမျှ ရှုံးနေတယ်။ မြတ်တဲ့ အစိုးရ လုပ်ငန်း တစ်ခုမှကိုမရှိဘူး။ အဲ့ဒီလိုလုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ ဒီ အတိုင်းမအပ်ဘဲနဲ့ ပိုင်ရှင်ကနိုင်ငံတော်အစိုးရ၊ အုပ်ချုပ်တဲ့သူကို တကယ့် ကို စီမံခန့်ခွဲမှု တော်တဲ့သူတွေကိုထားမယ်ဆို အဆင်ပြေတယ်။ တစ်ခြား နိုင်ငံတွေလုပ်နေပြီ မြန်မာပြည်မှာ အရင်ကလုပ်ဖူးတယ်။ အခု ပြန်လုပ် စေချင်တယ်။ မဟုတ်ဘဲနဲ့ ပုဂ္ဂလိက တန်းသွားလိုက်ရင် အစိုးရပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ အကုန် ကုန်သွားလိမ့်မယ်။
ဝန်ထမ်းတွေကို တွန်းမလား၊ ဆွဲမလား
အစိုးရဌာနတွေမှာတစ်ခုမှHuman Resources  မရှိဘူး။ ဘယ်ထဲ ထည့်ထားလဲဆိုတော့ အုပ်ချုပ်ရေးထဲ ထည့်ထားတယ်။အုပ်ချုပ်ေ ရးနဲ့ HR နဲ့က တခြားစီနော်။HR ဆိုတာ တကယ်တမ်းတော့ ဝန်ထမ်းတွေ  လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် လုပ်ပေးရတာ။HR  အတော် ဆုံး ပါရမီရှိ တဲ့လူတွေကိုခေါ်တာ  HR ။ ဒါကြောင် HR မရှိတဲ့အတွက် ဝန်ထမ်းတွေကို ကိုင်တာဟာ အုပ်ချုပ်ရေးရှုထောင့်ကသွားကိုင်ေ တာ့ ဝန်ထမ်းတွေ ကိုယ့် ဘက်မပါဘူး။ အခုဖြစ်နေတဲ့ ပြဿနာတွေအတွက် ပြည်သူ့ဝန်ထမ်း တွေကို အပြစ်မတင်ဘူး။ အပြစ်တင် တာက ခေါင်းဆောင်မှုအပိုင်းပါ။ ဦးဆောင်မှု ညံ့လို့။ ဦးဆောင်မှုကောင်းရင် ကိုယ့်ဘက်ပါတယ်နော်။ ပြီး တော့ ဝန်ထမ်းတွေ ကိုယ့်ဘက် ပါလာအောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပညာမှာ ၂ မျိုးရှိပါတယ်။ Push  နဲ့ Pull  နဲ့။ တွန်းမလား၊ ဆွဲမလား။ အခုဖြစ်နေတာက
အနှစ်ြေ ခာက်ဆယ်လုံး တွန်းတဲ့ယဉ်ကျေးမှု။ တွန်း တဲ့အတွက် တွန်းတဲ့ဘက်ကို ပြန်ပြီးခံပြောတယ်။ ဒါကြောင့်မို့ လွှတ်တော် ကိုယ်စား လှယ်တွေ မြင်သာအောင် ဥပမာပေးရရင် ကြိုးတစ်ချောင်းကို ဆွဲကြည့်ပါ။ တွန်းလို့ မရပါဘူး။ တွန်းလို့မရတဲ့ ကြိုးဟာ ဆွဲလို့ရပါတယ်။ ကနေ့ကစပြီး ဝန်ထမ်းတွေကို ဆွဲရအောင်။ တွန်းတာထက် ဆွဲလုပ်လိုက်။ အခုက အမိန့်နဲ့ တွန်းနေတာ။ ဝန်ထမ်းတွေ ကိုယ့်ဘက်ပါ လာအောင် မလုပ်နိုင်ဘူး။
မဟာဗျူဟာမြောက် စဉ်းစားခြင်း
နောက်တစ်ချက် ဖြစ်နေတာက ဝန်ထမ်းဘယ်လောက်ရှိတယ်ဆို တာကStructure ကို ပြောတာ အဆောက်အအုံ။ အဲဒီအဆောက် အအုံကို ဘာနဲ့ကြည့်ရမလဲဆိုရင် မဟာဗျူဟာနဲ့ကြည့်ရမယ်၊ အခုတော့ အဆောက် အအုံကသပ်သပ်၊ မဟာဗျူဟာကသပ်သပ်။ ဒီဝန်ကြီးဌာနရဲ့ အလုပ်က ဘာလဲ၊ မဟာဗျူဟာဘာလဲ မစဉ်းစားဘဲနဲ့ ဖွဲ့စည်းပုံကို အရင်စဉ်းစားတယ်။နေရာတိုင်းမှာ ဖွဲ့စည်းပုံကို သိပ်စဉ်းစားနေကြတယ်။ တကယ်တမ်း စပြီး စဉ်းစားရမှာက မဟာဗျူဟာ။ မဟာဗျူဟာကိုကြည့်ပြီးတော့မှ ဘယ်လိုလူ တွေလိုတယ်၊ ဘယ်နှယောက်လိုတယ်ဆိုတာ စဉ်းစားရမှာဖြစ်တယ်။
အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုတာ လုံးဝမတူဘူး
အစိုးရက ဖြစ်နိုင်ရင် နည်းလေလေ ကောင်းလေလေပဲ။Small Government ပေါ့။ အစိုးရသစ်အနေနဲ့တော့ ဒါကိုကြိုးစားနေတာ သတိ ထားမိတယ်။ အစိုးရတစ်ရပ်ရဲ့ အောင်မြင်မှုဟာ Size   မဟုတ်ဘူးနော်။Speed  ဖြစ်တယ်။ မြန်ဖို့လိုတယ်။ စီမံခန့်ခွဲမှု ရှုထောင့်နဲ့ ကြည့်ရင် အဖွဲ့အစည်းတစ်ခု မြန်ရင်၊ သွက်ရင် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့် ပေးနိုင်တယ်။ အခုတော့ ဗျူရိုကရေစီယန္တရားက သိပ်ကြီးတယ်။ မလို အပ်ဘဲနဲ့ လူတွေအများကြီးခန့်ထားတယ်။ ဒါကို ပြင်မှရမယ်။ အနည်းဆုံး ထိ စဉ်းစားရမယ်။ ပြီးတော့မှ တစ်ယောက် တည်း မလုပ်ဘဲနဲ့ အများနဲ့ ဆက်ဆံနိုင်တဲ့ အနေအထားရှိအောင်လုပ်ရပါမယ်။ အုပ်ချုပ်ရေးယန္တရား ကို ပြင်မှရမယ်။ ပြင်မယ်ဆိုရင် အခြေခံကစပြီး ပြင်ရမယ်။ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ မရှိတဲ့ပုံစံဖြစ်ပါတယ်။ ကျွန်တော် ကျောင်းသား ကလေးတွေလည်း ပြော ပါတယ်။ အဲဒါကဘာလဲဆိုတော့ တော်တဲ့သူ တွေကို အားပေးဖို့ လိုပါတယ်။ နေရာပေးဖို့ လိုပါတယ်။ အခုဖြစ်နေတာ က ဘယ်လောက် ကြီး တော်တော် နေရာမရပါဘူး။ နေပြည်တော်မှာ တက်ပြောပါတယ် ဝန်ကြီးဌာနတွေကို။ နေပြည်တော်မှာ ရာထူးတိုးချင် ရင် လုပ်စရာ ၂ခုပဲ ကျန်တယ်။ တစ်ခုက ကျန်းမာအောင်နေ။ ကျန်း မာနေရင် အသက်ကြီးလာလိမ့်မယ်။ အသက်ကြီးလာရင် ရာထူးတိုးမယ်။DG ဖြ စ်တယ်ဆိုရင် ဘယ်တော့လောက်မှ ဖြစ်သလဲ ၅၈ လောက်မှDG  ဖြစ်တယ်။ ပင်စင်ရခါနီးမှဖြစ်တော့ လုပ်စရာ ဘာမှမရှိတော့ဘူး၊ အား လည်းမရှိတော့ဘူး။ အဲဒီတော့ ကျန်းမာအောင်နေဖို့လိုသလို နောက် တစ်ဖက်ကလည်း ပါးစပ်ပိတ်ထားမှရမယ်။ ဟောင်ဖွာ ဟောင်ဖွာ လုပ်တဲ့ လူက မခံဘူး။ ပြောသမျှ အားလုံးခေါင်းညိတ်တဲ့ လူဟာ ရေရှည်ခံတယ်။ အဲဒါတွေကို ပြင်မှရမယ်။ တော်တဲ့သူတွေကို ချီးမြှောက်ပေးဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၃ဝ-၄ဝ နဲDG ဖြစ်ရင်မကောင်းဘူးလား။ အဲဒီလို စဉ်းစားစမ်းပါ။ အရေးကြီးတာက အသက်နဲ့မဆိုင်ဘူးနော်။ အတွေ့ အကြုံနဲ့မဆိုင်ဘူး။ တော်တာနဲ့ဆိုင်တယ်။ အခုလွှတ်တော်မှာ လူငယ် တွေ အများကြီးတက်လာတယ်။ ကျွန်တော် သိပ်အားရတယ်။လူငယ်တွေ ရွေ့မှရမယ်။ ကျွန်တော်တို့က တော်တာကို အသိအမှတ်ပြုမှရမယ်။ တော် တာကို ကြောက်နေ ကြတယ်။ အဲဒီတော့ မတော်တဲ့လူတွေကို ရွေးခန့် တယ်။ အစိုးရဌာနတွေမှာရော၊ ကုမ္ပဏီတွေမှာရော ကိုယ့်ထက်သာတဲ့ လူတွေအား လုံး ဖြုတ်ပစ်ခဲ့ကြတယ်။ ညံ့တဲ့ လူတွေနဲ့ပဲ ကျေနပ်နေကြ တယ်။ ကျွန်တော်တို့ နိုင်ငံရွေ့ဖို့ဆိုရင် အတော်ဆုံးလူတွေနဲ့ ရွှေ့မှရမှာပါ။
ဖြိုးထက်အောင်
Popular News

0 comments:

Post a Comment