Wednesday, May 2, 2018

ထိန်ပင်အမှိုက်ပုံမီး အပြီးငြိမ်းပြီဟု မီးသတ်တပ်ဖွဲ့ အတည်ပြု


ရန်ကုန်တိုင်းအတွင်း ဆယ်ရက်ကျော်ကြာ လောင်ကျွမ်းခဲ့သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံမီးကို မေ ၂ ရက်တွင် အပြီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။

ရှစ်လေးလုံးပြည်သူ့ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည်


၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ကျတဲ့အချိန်နဲ့ မီရင် အနည်းဆုံး သုံးနေရာဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ ပထမခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

Tuesday, May 1, 2018

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် ရွေးချယ်စရာမေးခွန်းပုဒ်ရေ လျှော့ချမည်


အလွတ်ကျက်မှတ်မှုအစား ကျောင်းသားကိုယ်တိုင် စဉ်းစားတွေးခေါ်မှုကို ဦးတည်ပြောင်းလဲမည်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် ရွေးချယ်စရာမေးခွန်းပုဒ်ရေ လျှော့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲ၏ မေးခွန်းပုံစံသစ် သိမှတ်ဖွယ်ရာ ဆောင်းပါးတွင် ဖော်ပြထားသည်။

အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းအတွက် ဂွါဒီယိုလာကို ညစာကျွေး၍ ဖာဂူဆန် ဂုဏ်ပြု


မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုညစာ တည်ခင်းကျွေးမွေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

'' မြန်မာစာမေးခွန်း ပုံစံသစ်''


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် စတင်အသုံးပြုမည့် မြန်မာစာမေးခွန်း ပုံစံသစ်ကို ပညာရေးဝန်ကြီးဌာနက ယနေ့တွင် အသိပေးထုတ်ပြန်လိုက်ပါသည်။

ရခိုင်ပြန်လာမည့် ဒုက္ခသည်အရေး ကုလ လက်အောက်ခံအေဂျင်စီများနှင့် အစိုးရပူးပေါင်းမည်


ရခိုင်ပြည်နယ်သို့ ဒုက္ခသည်များစိုးရိမ်မှုမရှိဘဲပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကုသမဂ္ဂနှင့် ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ မေလ ၁ ရက်နေ့ ရက်စွဲဖြင့် မေလ ၂ ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

ကင်မ်နှင့်သူ၏ တွေ့ဆုံပွဲ၏ အသေးစိတ်အချက်အလက်ကို ရက်ပိုင်းအတွင်း ကြေညာမည်ဟု ထရမ့်ပြောဆို


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းနှင့် တွေ့ဆုံမည့်သူ၏ သမိုင်းဝင်ထိပ်သီးစည်းဝေးပွဲကြောင့်   နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိနိုင်သည်ဆိုသော ပြောဆိုချက်များအပေါ် ကျေနပ်ပီတိဖြစ်လျက်ရှိပြီး ဆွေးနွေးပွဲကျင်းပမည့်နေရာနှင့် အချိန်ကို အသေးစိတ်ကြေညာသွားမည်ဟု အင်္ဂါနေ့ တွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအတွက် နေရာမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအတွက် နေရာမရှိကြောင်းနဲ့ စိန်ခေါ်မှုတွေကိုအဖြေရှာရာမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၈) ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အလုပ်သမားနေ့အခမ်းအနားသို့ သ၀ဏ်လွှာပေးပို့


အဓမ္မအလုပ်ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၈) ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့်ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၁ ရက်တွင်ကျရောက်သည့် အလုပ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သ၀ဏ်လွှာပေးပို့ရာတွင် ဖော်ပြထားသည်။

ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးပေးရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ပြောကြား


ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးပေးရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က မေ ၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်များ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်ရှိ ပြန်လည်လက်ခံရေး စခန်းများသို့ သွားရောက်လေ့လာပြီး နေရပ်စွန့်ခွာမှု မရှိသော ဘင်္ဂါလီ ကျေးရွာသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် တိုင်းရင်းသားများအား တွေ့ဆုံ


ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်ဒေသသို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များက ပြန်လည်လက်ခံရေး စခန်းများသို့ သွားရောက်လေ့လာပြီး နေရပ်စွန့်ခွာမှု မရှိသော ဘင်္ဂါလီကျေးရွာသားများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင်များ၊ တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများ စုပေါင်းတည်ထား ကိုးကွယ်မည့် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်



ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင် ဖာ့ပဒဲန်းမြို့၊ ဆုစ၀ပ်(၇၄)လမ်းရှိ ၀ပ်ချုံကျောင်းတိုက်၌  မြန်မာအလုပ်သမားများ စုပေါင်း၍တည်ထားကိုးကွယ်မည့် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ထီးတော်တင်မင်္ဂလာ အခမ်းအနားကို မေ ၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိန်ပင်အမှိုက်ပုံမီး နောက်ဆုံးအဆင့် ငြှိမ်းသတ်နေပြီး မီးခိုးထွက်ရှိမှု ထိန်းချုပ်နိုင်ပြီဟုဆို


၁၀ ရက်ကျော် ကြာမြင့် နေပြီဖြစ်သည့် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို နောက်ဆုံး အဆင့်အနေဖြင့် အပြီးသတ်ငြှိမ်း သတ်နေပြီး မီးခိုးထွက်ရှိမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

လက်ကျန်ထီ (၁၀)စောင်တွဲဝယ်ယူကံစမ်းရာမှ ကျပ်သိန်းတစ်သောင်းထီဆု ဆွတ်ခူး


ဘားအံမြို့သို့ သွား ရောက်အလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်း ဇနီးမောင်နှံက ထီဆိုင်၏လက်ကျန်ထီ ၁၀ စောင်ကို ဝယ်ယူကံစမ်းရာမှ ကျပ်သိန်းတစ်သောင်းဆုကံထူးခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
၁၃၈၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်
၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်

အလွတ်ကျက်ဖြေရသည့်ပုံစံကိုလျှော့ချရန် ဆယ်တန်းမေးခွန်းကို စဉ်းစားတွေးခေါ်ရသည့် ပုံစံ ပြောင်းလဲမည်


၂၀၁၉ ခုနှစ်၊ မတ်လတွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းပုံစံများကို စဉ်းစားတွေးခေါ်ရမည့် ပုံစံများ ထည့်သွင်းပြောင်းလဲသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးရှိ အင်းများလေလံပေးရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် ဒေသခံများမှ နိုင်ငံတော် သမ္မတရုံးသို့ အဆိုပြုလွှာတင်သွင်းမည်



ပဲခူးတိုင်းဒေသကြီးရှိအင်း(ငါးမွေးကန်) များကိုဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ဒေသခံများအနေဖြင့်နိုင်ငံတော် သမ္မတရုံးသို့ အဆိုပြုလွှာတင်သွင်းမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်း အင်းလေလံကြေး သိန်း ၅၆၀၀ ကျော်ရရှိ


မန္တလေးတိုင်းအတွင်းရှိ အင်းများနှင့် တင်ဒါလုပ်ကွက်များကို လေလံပစ်ခဲ့ရာမှ ကျပ်သိန်း ၅၆၀၀ ကျော်ရရှိထားကြောင်း မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

အစိုးရဝန်ထမ်းများ လစာတိုး၍ စက်ရုံအလုပ်သမားများ လုပ်ခလစာ မသတ်မှတ် ပေးသေးခြင်းသည် သမ္မတ ပြောကြားချက် တရားဥပဒေစိုးမိုးရေးနှင့် မကိုက်ညီဟု အလုပ်သမားရှေ့နေ ဦးဌေး ဝေဖန်


အစိုးရဝန်ထမ်းများ လစာတိုး၍ စက်ရုံ အလုပ်သမားများ နှင့် အခြားအလုပ်သမားများ လုပ်ခလစာကို မသတ်မှတ် ပေးသေးခြင်းသည် သမ္မတ ပြောကြားချက် တရားဥပဒေ စိုးမိုးရေးနှင့်မကိုက်ညီကြောင်း မေ ၁ ရက်တွင် အလုပ်သမားရှေ့နေ ဦးဌေးက ဝေဖန် ပြောကြားလိုက်သည်။

Monday, April 30, 2018

ပြည်ခိုင်ဖြိုးပါတီရဲ့ တစ်နိုင်ငံလုံးအဆင့်ညီလာခံကို မေလကုန်မှာကျင်းပသွားမည်


ပြည်ခိုင်ဖြိုးပါတီရဲ့ တစ်နိုင်ငံလုံးအဆင့်လူငယ်ညီလာခံကို မေလကုန်မှာကျင်းပသွားမှာဖြစ်ပြီး လူငယ်ညီလာခံအကြိုတွေ့  ဆုံပွဲတွေကိုတော့ မြို့ နယ်တိုင်းမှာ မေလအတွင်းကျင်းပနေမှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီကပြောပါတယ်။