Tuesday, May 1, 2018

မန္တလေးတိုင်း အင်းလေလံကြေး သိန်း ၅၆၀၀ ကျော်ရရှိ


မန္တလေးတိုင်းအတွင်းရှိ အင်းများနှင့် တင်ဒါလုပ်ကွက်များကို လေလံပစ်ခဲ့ရာမှ ကျပ်သိန်း ၅၆၀၀ ကျော်ရရှိထားကြောင်း မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ငါးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှုကို ကာကွယ်ရန်၊ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိစေရန်၊ အင်းများ၊ တင်ဒါလုပ်ကွက်များ တိမ်ကောပျက်စီးခြင်းမှ ကာကွယ်ရန်နှင့် ရေချိုငါးထုတ်လုပ်မှုများ တိုးတက်လာစေရန်ရည်ရွယ်ကာ ဧပြီလ ၂၄ ရက် မှ ၃၀ ရက်နေ့ထိ လေလံတင်ရောင်းချခဲ့သည်ဟု မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးလှဝင်းက ပြောကြားသည်။

မန္တလေးတိုင်းအတွင်းရှိ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့မှ အင်းပေါင်း ၁၇၅ အင်းနှင့် တင်ဒါချက် ၁၇ ချက်တို့ကို လေလံပစ်ခဲ့ရာ၌ စဥ့်ကူး၊ မတ္တရာနှင့် အမရပူရမြို့နယ်တို့မှ အင်း ၂၅ အင်းခန့် လေလံမအောင်ခဲ့ကြောင်း၊ ယင်းအင်းများကို သက်ဆိုင်ရာ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးများတွင် ထပ်မံ လေလံတင် ရောင်းချမည်ဖြစ်ကြောင်း တိုင်းငါးလုပ်ငန်းဦးစီးဌာနထံမှ ထပ်မံ သိရသည်။

ပြီးခဲ့သောဘဏ္ဍာနှစ်က မန္တလေး တိုင်းအတွင်းရှိ ခရိုင်လေးခုမှ အင်းများ၊ တင်ဒါ လုပ်ကွက်များကို နတ်ရေကန်ကျေးရွာ ငါးလုပ်ငန်းစခန်း၌ လေလံပစ်ခဲ့ရာတွင် ကျပ်သိန်း ၆၀၀၀ ကျော် ရရှိခဲ့သည်။ 

The Voice

0 comments:

Post a Comment