Monday, April 30, 2018

ပြည်ခိုင်ဖြိုးပါတီရဲ့ တစ်နိုင်ငံလုံးအဆင့်ညီလာခံကို မေလကုန်မှာကျင်းပသွားမည်


ပြည်ခိုင်ဖြိုးပါတီရဲ့ တစ်နိုင်ငံလုံးအဆင့်လူငယ်ညီလာခံကို မေလကုန်မှာကျင်းပသွားမှာဖြစ်ပြီး လူငယ်ညီလာခံအကြိုတွေ့  ဆုံပွဲတွေကိုတော့ မြို့ နယ်တိုင်းမှာ မေလအတွင်းကျင်းပနေမှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ တစ်နိုင်ငံလုံးအဆင့်ကျင်းပသွားမယ့်လူငယ်ညီလာခံမတိုင်ခင် မြို့ နယ်အဆင့်လူငယ်ညီလာခံအကြိုတွေ့  ဆုံပွဲတွေကို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊တနသာင်္ရီတိုင်းဒေသကြီးတို့ နဲ့ ရှမ်းပြည်နယ်၊ကယားပြည်နယ်စတဲ့ပြည်နယ်များမှ မြို့  နယ်များမှာ လက်ရှိကျင်းပနေပြီိး မေလအတွင်း ခရိုင်အဆင့်၊ တိုင်းအဆင့် အကြိုတွေ့ ဆုံပွဲများဆက်လက်ကျင်းပသွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ပြောရေးဆိုခွင့်ဖြစ်သူ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

”ဗဟိုအဆင့် လူငယ်ညီလာခံကိုတော့ မေလကုန်မှာကျင်းပနိုင်မယ်လို့ ကျွန်တော်တို့ ရည်မှန်းထားတယ်။ အခု မြို့ နယ်အဆင့်လူငယ်ညီလာခံအကြိုတွေ့ ဆုံပွဲတွေလုပ်နေတယ်။ အဲဒီကနေတစ်ဆင့် တိုင်းအဆင့်လူငယ်ညီလာခံအကြိုတွေ့ ဆုံပွဲအတွက် ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ကြလိ့မ်မယ်။ ပြည်နယ်တွေမှာရောပဲ။ မေလအကုန်မှာတော့ တစ်နိုင်ငံလုံးအဆင့်ထိ အဆင့်ဆင့်ရွေးချယ်ပြီးစီိးနိုင်မယ်ထင်ပါတယ်” လို့ သူကပြောပါတယ်။

လုပ်ဆောင်သွားမယ့် ဗဟိုလူငယ်ညီလာခံအတွက် လူငယ်ပါတီဝင်အသစ်များ ထောင်နဲ့ ချီ ပါတီတွင်းသို့ အသစ်ဝင်ရောက်ထားမှုရှိနေပြီး ပါတီတွင်းရှိနေပြီးသား လူငယ်ပါတီဝင်များနဲ့ ပူးပေါင်းကာ စာတမ်းတင်သွင်းခြင်း၊ စာတမ်းဖတ်ကြားခြင်းအပါအ၀င် အခြားလုပ်ဆောင်မှုတွေကိုလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

” အသစ်ဝင်ရောက်လာတဲ့ လူငယ်လေးတွေက တက္ကသိုလ်တက်ဆဲပါတယ်။ဘွဲ့  ရတွေပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူငယ်ပညာတက်တွေအများကြီးပါဝင်လာတာတွေ့ ရပါတယ်။ ကျွန်တော်တို့ ဆိုရင်လည်း ၁၉၉၃ ခုနှစ်က လူငယ်ညီလာခံကနေ လူငယ်ပါတီဝင်အဖြစ်ပါဝင်လှုပ်ရှားပြီးတော့ အခု ဒီတာဝန်တွေကိုထမ်းဆောင်နေတာပဲ။ သူတို့ ကို အဖွဲ့ အစည်းအတွက် ၊ နိုင်ငံအတွက် အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်တက်စေဖို့ ၊ ပရဟိတစိတ်ရှိဖို့ တွေကို လေ့ကျင့်ပေးသွားမှာပါ။ ” လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ပါတီရဲ့ ဗဟိုအဆင့်ဒုတိယအကြိမ်လူငယ်ညီလာခံကို ယခုနှစ် ဧပြီလဆန်းပိုင်းက ကျင်းပပြီးစီးခဲ့ပြီး လူငယ်ပါတီဝင်အသစ် ၇ သောင်းကျော် အသစ်ဝင်ရောက်လာခဲ့တယ်လို့ ဒီချုပ်ပါတီက ထုတ်ပြန်ထားပါတယ်။

ဖြိုးထက်အောင်
Popular News Journal

0 comments:

Post a Comment