Wednesday, May 2, 2018

ရှစ်လေးလုံးပြည်သူ့ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည်


၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ကျတဲ့အချိန်နဲ့ မီရင် အနည်းဆုံး သုံးနေရာဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ ပထမခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

မတ် ၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပါတီအလံနဲ့ ပါတီရဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေ လာရောက်တင်တာမှာ မီဒီယာတွေကို အခုလို ပြောတာပါ။

“ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဘယ်အချိန်လုပ်မယ်တော့ မသိဘူး။ တကယ်လို့ ပါတီ မှတ်ပုံတင်ကျတဲ့ အချိန်နဲ့ မီတယ်ဆိုရင် ဥပဒေအရကတော့ အနည်းဆုံး သုံးနေရာဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဥပဒေပြဋ္ဌာန်းချက်ပေါ့။ ကျန်တာကတော့ ၂၀၂၀ မှာ ရွေးကောက်ပွဲ မဟာဗျုဟာတွေ၊ စည်းရုံးရေးအခြေအနေတွေကို အားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့မှ ထုတ်ပြန်မှာဖြစ်ပါတယ်” လို့ ဦးကိုကိုကြီးက ပြောပါတယ်။

DVB

0 comments:

Post a Comment