Tuesday, May 1, 2018

ထိန်ပင်အမှိုက်ပုံမီး နောက်ဆုံးအဆင့် ငြှိမ်းသတ်နေပြီး မီးခိုးထွက်ရှိမှု ထိန်းချုပ်နိုင်ပြီဟုဆို


၁၀ ရက်ကျော် ကြာမြင့် နေပြီဖြစ်သည့် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို နောက်ဆုံး အဆင့်အနေဖြင့် အပြီးသတ်ငြှိမ်း သတ်နေပြီး မီးခိုးထွက်ရှိမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

‘‘မီးငြှိမ်းသတ်နိုင်မှု အခြေအ နေက တိုးတက်လာပါပြီ။ အခုဆို အတွင်းရော၊ အပြင်ရော မီးခိုး ငွေ့ကို ထိန်းချုပ်ထားနိုင်ပြီ။ မီးခိုး ထွက်မှုကတော့ တဖြည်းဖြည်းနဲ့ ရာခိုင်နှုန်းနည်းလာပြီ’’ဟု ဦးမျိုး ၀င်းက မေလ ၁ ရက် ညနေတွင် ပြောသည်။

လှိုင်သာယာမြို့နယ် ထိန် ပင်သုသာန်အနီးရှိ ထိန်ပင်အ မှိုက်ပုံမီးကို ဧပြီ ၂၉ ရက်က စတင်ကာ ဇုန်အေ၊ ဘီ၊ စီ၊ ဒီ ဟူ၍ လေးဇုန်ခွဲကာ ငြှိမ်းသတ်နေပြီး မေလ ၁ ရက်တွင် ဇုန်ဒီကို အပြီး သတ် ငြှိမ်းသတ်နေကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ဧပြီ ၂၇ ရက်ကစတင်ကာ ထိုင်းနိုင်ငံမှ မှာယူထား သည့် Bio Foam ဆေးရည်အ သုံးပြုကာ မီးငြှိမ်းသတ်ခဲ့သည်။

မီးငြှိမ်းသတ်ရာတွင် မီးသတ်ဦးစီးဌာနက အင်အား ၆၀၀ ကျော်၊ စစ်သည်အင်အား ၁၅၀ ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင် အား ၃၅၀ ကျော်၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော် မတီက အင်အား ၄၀၀ ကျော်နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်း များမှ အင်အားများအပါအ၀င် စုစုပေါင်း လူအင်အားတစ်ထောင်ကျော်ဖြင့် မီးငြှိမ်းသတ်နေသည်။

ထိန်ပင်အမှိုက်ပုံသို့ ရန်ကုန် မြောက်ပိုင်းခရိုင်နှင့် အနောက် ပိုင်းခရိုင်မှ အမှိုက်များနေ့စဉ်တန် ချိန် ၁,၂၀၀ ကျော် စွန့်ပစ်နေသည်။ အမှိုက်ပုံမီးငြိမ်းခဲ့ပါက အမှိုက်စွန့်ပစ်သည့် စနစ်ကိုပြောင်းလဲ ရန် သင့်၊ မသင့် တာဝန်ရှိသူများ ဆွေးနွေးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားထားသည်။

7Day

0 comments:

Post a Comment