Sunday, June 2, 2019

ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အသင့်ရှိဟု တရုတ် ပြောကြား


ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အမေရိကန်ကို ယှဉ်ပြိင်တိုက်ပွဲဝင်ဖို့ အသင့်ရှိကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးက ဇွန်လ ၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။ သို့ပေမယ့်လည်း ဆွေးနွေးမှုတွေလုပ်ဖို့ အချိန်မရွေး တံခါးဖွင့်ထားဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

တရုတ်သည် အာရှဒေသ၏ တည်ငြိမ်အေးချမ်းမှုအတွက် အန္တရယ်တစ်ရပ်ဖြစ်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောကြား


အာရှဒေသ၏ တည်ငြိမ်အေးချမ်းမှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ခြိမ်းခြောက်လျက်ရှိသည်ဟု အမေရိကန် ပြည်ထောင်စု၏ ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ပက်ထရစ်ရှန်နန်ဟန်က ပြောကြားလိုက်ကြောင်း CAN သတင်းဌာနက ရေးသားဖော်ပြသည်။ 

လူမှုကာကွယ်ရေးစောင့်ရှောက်နိုင်မှုအပေါ်သုံးစွဲနေသည့် ငွေကြေးအလွန်နည်းပါးဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညည်းညူ


လူမှုကာကွယ်ရေးစောင့်ရှောက်နိုင်မှုအပေါ်တွင်သုံးစွဲနေသည့် ငွေကြေးလောက်ငှနိုင်မှုနှင့် ပြည့်စုံနိုင်မှု အလွန်နည်းပါးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ 

၁၄ ကြိမ်မြောက် OIC အစည်းအဝေးတွင် ဘင်္ဂါလီအရေးနဲ့စပ်လျဉ်းပြီး တိုက်တွန်းဖျောင်းဖျချက် ထုတ်ပြန်ခဲ့


အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ရဲ့ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ကျင်းပခဲ့ကြရာ အစ္စလာမစ်ကမ္ဘာကို ထိခိုက်နေတဲ့ အကြောင်းအရာအချို့အပေါ် ထားရှိတဲ့ ၄င်းတို့ရဲ့သဘောထားတွေကို ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။ 

YBS ယာဉ်လိုင်းအရှုံးမပေါ်ဘဲ ယာဉ်လိုင်းသစ်ဖြင့် အစားထိုးပြေးဆွဲခြင်းကြောင့် အမြတ်ငွေနည်းပါးခြင်းဟုဆို


မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ အရှုံးပေါ်နေခြင်းမဟုတ်ဘဲ ယာဉ်အသစ်များဖြင့် အစားထိုး ပြောင်းလဲပြေးဆွဲခြင်း ကြောင့် အမြတ်ငွေနည်းပါးခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ 

ရှုံးနိမ့်မှုအပေါ် ဝမ်းမနည်းဟု ပြည်ခိုင်ဖြိုး အမတ်ဟောင်း ဦးနေမျိုးအောင်ပြော


ရှုံးနိမ့်သွားသည့်အပေါ် စိတ်မကောင်းခြင်း ဝမ်းနည်းခြင်းမရှိဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိပ်ကမ်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။ 

အခွန်သည်လုပ်ငန်းရှင်တွေအတွက် မက်လုံးဖြစ်ဖို့လိုတယ်ဟု ဒေါက်တာအောင်ထွန်းသက်ပြော


အခွန်သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် မက်လုံးဖြစ်ရန်လိုအပ်ကြောင်း ယခင်အစိုးရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ 

ဆယ်ဘီးယာဉ်ပေါ်တွင် ပိုင်ရှင်မဲ့သစ် ၁၀ တန်ကျော် ဖမ်းမိ


ဆော - ကျောက်ထု ကားလမ်မပေါ် မိုင်တိုင်အမှတ် ၉ မိုင် ၃ဖာလုံ နှင့် ၄ ဖာလုံကြား ချောင်းခွစခန်းဟောင်းတွင် ဆယ်ဘီကားယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသား ၁၀ ကျော် ပိုင်ရှင်မဲ့ဖမ်းမိခဲ့ကြောင်း ဆော့မြို့ သစ်တောဦးစီးထံမှ သိရသည်။ 

မူဆယ်တွင် ခြိမ်းခြောက်စာပို့ ငွေတောင်းသည့် အမျိုးသမီးတစ်ဦးဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ခြိမ်းခြောက်စာပေးပို့ပြီး ငွေတောင်းခံသူ အမျိုးသမီးတစ်ဦးကို ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

မန္တလေးမြို့၌ ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အသွင်ယူဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များအား စေခိုင်းထားပြီး လိုအပ်ပါက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် မန္တလေးတိုင်းရဲမှူးချုပ် အမိန့်ပေးထား


မန္တလေးမြို့၌ ဖြစ်ပွားနေသည့် မှုခင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ အသွင်ယူဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များအား စေခိုင်းထားသည့်အပြင် လိုအပ်ပါက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် မန္တလေးတိုင်းဒေသကြီး ရဲမှူးချုပ် စိန်လွင်က တပ်ဖွဲ့ဝင်များကို အမိန့်ပေးထားကြောင်း သိရသည်။ 

ဓမ္မစက်ဖြင့် သြ၀ါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူခြင်းကိုခံယူမည်ဟု ဦးဝီရသူ မိန့်ကြား


ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဆရာတော်ကြီး၏ သြ၀ါဒခံယူပြီးမှသာ အာဏာစက်ဖြင့် အရေးယူမည့်ကိစ္စကို ဆက်လက်ရင်ဆိုင်သွားမည်ဟု အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူက မေ ၃၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ Video ဖိုင်တစ်ဖိုင် လွှင့်တင်၍ မိန့်ကြားခဲ့သည်။ 

Saturday, June 1, 2019

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန်အပါအ၀င် လေးဦးကို ၀ရမ်းပြေအဖြစ်ကြေညာ


အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌဦးစိုးထွန်းရှိန် အပါအ၀င် လေးဦးကို အလိုရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေလ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

ဟွန်းဒူးရပ်စ်နိုင်ငံရှိ အမေရိကန်သံရုံးကို ဆန္ဒပြပြည်သူများ မီးရှို့ဖျက်ဆီး


ဟွန်းဒူးရပ်စ်နိုင်ငံ၊ Tegucigalpa မြို့တော်ရှိ အမေရိကန်သံရုံးကို ဆန္ဒပြသူတွေက မေ(၃၁)ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဟွန်းဒူးရပ်စ်သမ္မတ Juan Orlando Hernandez ကို ရာထူးကနေဆင်းပေးဖို့ ပြည်သူထောင်ပေါင်းများစွာ ချီတက်တောင်းဆိုခဲ့ပြီး နောက်တစ်ရက်မှာ ဆန္ဒပြသူတွေက အမေရိကန်သံရုံးကို မီးရှို့ခဲ့ ကြတာပါ။ 
  

တရုတ်အစိုးရနဲ့ဟွာဝေး နီးစပ်လွန်း ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော


ဟွာဝေးနည်းပညာကုမ္ပဏီက တရုတ်အစိုးရနဲ့နီးစပ်လွန်းတယ်လို့ အမေရိကန်ကာကွယ်ရေးယာယီဝန်ကြီး ပတ်ထရစ် ရှာနာဟန်ကပြောပါတယ်။ 

အင်းလေးကန် ရေခန်းခြောက်မှုမြင်ကွင်များ


ရှမ်းပြည်နယ်က အင်းလေးကန်ထဲမှာ အရင်ကထက် ရေတွေ ခန်းခြောက်ပြီး သွားနေကျ လှေလမ်းတွေလည်း မရှိတော့တာကို တွေ့ရပါတယ်။ 

ချောက်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်၊ ကျပ်သန်း ၇၅၀၀ ထုတ်ချေး


မကွေးတိုင်း၊ ချောက်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သန်းပေါင်း ၇၅၀၀ ကို ​တောင်​သူဦး​ရေ ၁၂၀၀၀ အတွက်​ ပြီးခဲ့တဲ့နှစ်ထက် တဆ တိုးမြှင့်​ ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။ 

အီရတ်တွင် ဗုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရ


အီရတ်နိုင်ငံ ရေနံကြွယ်ဝရာ ကယ်ကွတ်မြို့မှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲတဲ့ အတွက် လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရတယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက မေလ ၃၀ ရက်နေ့မှာ ပြောပါတယ်။ 

ဆူဒန်တွင် အယ်လ်ဂျာဇီးယားသတင်းဌာနရုံးကို ပိတ်ပစ်ရန် အမိန့်ပေး


ဆူဒန်နိုင်ငံ မြို့တော်ခါတွန်မှာရှိတဲ့ အယ်လ်ဂျာဇီးယားသတင်းဌာနရုံးကို ပိတ်ပစ်ဖို့ ဆူဒန် အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီ (TMC) က အမိန့်ပေးခဲ့တယ်ဆိုပြီး သတင်းဌာန ၀က်ဘ်ဆိုက်မှာ မေ ၃၀ ရက်နေ့ ဖော်ပြခဲ့ပါတယ်။ 

တိုက်ပွဲအတွင်း သူပုန် ၂၆ ဦးကို သုတ်သင်ခဲ့ဟု ကွန်ဂိုတပ်ဖွဲ့ ပြော


ကွန်ဂိုနိုင်ငံ၊ ဘန်နီမြို့၊ ကျေးရွာတရွာမှာ မေလ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကွန်ဂိုတပ်ဖွဲ့ဝင်တွေက အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်တယ်လို ယူဆရတဲ့ သူပုန် ၂၆ ယောက်ကို သုတ်သင်ခဲ့တယ်လို့ ကွန်ဂိုစစ်တပ်က ပြောပါတယ်။ 

မွန်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူမည်



မွန်ပြည်နယ် လွှတ်တော်မှာ အထူးအစည်းအဝေး တရပ် ခေါ်ယူသွားမယ်လို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။