Saturday, June 1, 2019

ဆူဒန်တွင် အယ်လ်ဂျာဇီးယားသတင်းဌာနရုံးကို ပိတ်ပစ်ရန် အမိန့်ပေး


ဆူဒန်နိုင်ငံ မြို့တော်ခါတွန်မှာရှိတဲ့ အယ်လ်ဂျာဇီးယားသတင်းဌာနရုံးကို ပိတ်ပစ်ဖို့ ဆူဒန် အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီ (TMC) က အမိန့်ပေးခဲ့တယ်ဆိုပြီး သတင်းဌာန ၀က်ဘ်ဆိုက်မှာ မေ ၃၀ ရက်နေ့ ဖော်ပြခဲ့ပါတယ်။ 
ဒါ့အပြင် သတင်းဌာန ၀န်ထမ်းတွေရဲ့ အလုပ်လုပ်ခွင့်ကို ရုပ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

ကာတာအခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနဟာ ဆူဒန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကို ပုံမှန်ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ 

အဲဒီလို ပိတ်ပင်တာနဲ့ ပတ်သက်ပြီး ဗျူရို ဒါရိုက်တာကို စာရေးအကြောင်းကြားခဲ့တာ မရှိဘူးလို့ သတင်းဌာနက ဆိုပါတယ်။ 

သတင်းဌာနရုံးကို ပိတ်သိမ်းပြီး လိုင်စင်ကိုပါ ရုပ်သိမ်းဖို့ TMC က ဆုံးဖြတ်လိုက်တယ်ဆိုပြီး ပြောသွားကြောင်း ဗျူရိုဒါရိုက်တာ အယ်လ်ကတ်ဘာရှီက ပြောခဲ့တာပါ။ 

ဒီအတွက် TMC ကို သတင်းဌာနရုံးနဲ့ ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့လည်း အယ်လ်ကတ်ဘာရှီက ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment