Sunday, June 2, 2019

YBS ယာဉ်လိုင်းအရှုံးမပေါ်ဘဲ ယာဉ်လိုင်းသစ်ဖြင့် အစားထိုးပြေးဆွဲခြင်းကြောင့် အမြတ်ငွေနည်းပါးခြင်းဟုဆို


မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ အရှုံးပေါ်နေခြင်းမဟုတ်ဘဲ ယာဉ်အသစ်များဖြင့် အစားထိုး ပြောင်းလဲပြေးဆွဲခြင်း ကြောင့် အမြတ်ငွေနည်းပါးခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ 
YBS စနစ်ပြောင်းလဲပြေးဆွဲချိန်တွင် ယာဉ်းအဟောင်းများကို ယာဉ်အို/ဟောင်းအပ်နှံပြီး ယာဉ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲ ခဲ့ခြင်းကြောင့် ယာဉ်၏အရင်းကြေကာလမှာ ၅ နှစ်နှင့် ၇ နှစ်သတ်မှတ်ထားပြီး အရင်းကြေကာလ ကျော်လွန်ပြီးသာလျှင် အမြတ် ငွေရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် YBS ယာဉ်လိုင်းများ အရှုံးမပေါ်စေရန်အတွက် တိုင်းအစိုးရအဖွဲ့အနေဖြင့် ကူညီပေးမှုများ ရှိကြောင်း သိရသည်။ “YBS ယာဉ်လိုင်းတွေဟာ တစ်ကယ်တော့ အရှုံးမပေါ်ပါဘူး။ ယာဉ်အသစ်တွေနဲ့ အစားထိုးပြေးဆွဲတာဖြစ်တဲ့အတွက် အမြတ် ငွေနည်းတာပါ။ ပြီးတော့ ယာဉ်အသစ်ရဲ့ ကာလတန်ဖိုးဆိုတာရှိပါတယ်။ သူ့ရဲ့ အရင်းကြေကာလ ကျော်လွန်ရင်တော့ အမြတ် ငွေ ရရှိလာမှာ ဖြစ်ပါတယ်။ YBS ယာဉ်လိုင်းတွေ အရှုံးမပေါ်စေဖို့အတွက် တိုင်းအစိုးရအဖွဲ့ကလည်း ကူညီပေးထားတာတွေ ရှိပါ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။ 
YBS ယာဉ်လိုင်းပိုင်ရှင်အများစုသည် အရှုံးခံပြေးဆွဲနေရပြီး ဝန်ဆောင်မှုကောင်းသည့် ယာဉ်လိုင်းနှင့် မကောင်းသည့် ယာဉ်လိုင်း တို့သည် ယာဉ်စီးခနှုန်းထားမှာ တန်းတူဖြစ်နေသည့်အတွက် ပြန်လည်ဆန်းစစ်ပေးရန်လိုအပ်ကြောင်း ယာဉ်ပိုင်ရှင်များ၏ ပြော ကြားထားသည်။ လက်ရှိတွင် မြို့တွင်း၌ YBS ယာဉ်လိုင်းပေါင်း ၁၀၀ ယာဉ်အစီးရေ ၄၀၀၀ ကျော်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၂ ဒဿမ ၃ သန်းခန့်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment