Sunday, June 2, 2019

ရှုံးနိမ့်မှုအပေါ် ဝမ်းမနည်းဟု ပြည်ခိုင်ဖြိုး အမတ်ဟောင်း ဦးနေမျိုးအောင်ပြော


ရှုံးနိမ့်သွားသည့်အပေါ် စိတ်မကောင်းခြင်း ဝမ်းနည်းခြင်းမရှိဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိပ်ကမ်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။ 
ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်က ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်ပြီး ဥပဒေနှင့် မညီသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည့်အတွက် တိုင်ကြားသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသန်းထိုက်အောင်ကို ပြန် လည်အနိုင်ပေးလိုက်သည့် အမိန့်ချမှုအပေါ် မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
“ကန့်ကွက်လွှာ သွားတင်တဲ့နေ့ နောက်တစ်နေ့ အချိန်ကတည်းကစပြီး မြို့နယ်အဆင့် ပါတီရဲ့ တာဝန်ရှိတဲ့ သူတွေက ကိုယ့် မြို့နယ်ထဲမှာ သတင်းလွှင့်တယ်။ ဦးနေမျိုးအောင် နောက်ငါးလကြာရင်ပြုတ်မယ်။ အခုလည်း သတင်းလွှင့်ခဲ့တဲ့အတိုင်း ငါးလ ပြည့်တဲ့ နေ့မှာပဲ ကျွန်တော် ပြုတ်သွားပါပြီ။ အဲဒီအပေါ်မှာ စိတ်မကောင်းခြင်း၊ ဝမ်းနည်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကန့် ကွက်လွှာတင်ကတည်းက ဘယ်လို အမိန့်ချလိုက်ပါဆိုပြီးတော့ ပါတီရဲ့လွှမ်းမိုးမှုရှိနေတယ်ဆိုတာကို သိထားပြီး လို့ဖြစ်ပါတယ်” ဟု ဦနေမျိုး အောင်က ပြောသည်။ 
လက်ရှိဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း စိတ်မကောင်းမဖြစ်ရန်၊ ဝမ်းနည်း အားငယ်မှုမဖြစ်ရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်သည့် အရှုံးကို ရင်ဆိုင်ရသော်လည်း ပြည်သူအားလုံး၏ တညီတညွှတ်တည်း အားပေးထောက်ခံခြင်း ရရှိခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ ကြောင်း ၎င်းက ပြောသည်။ 
ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးနေမျိုးအောင်သည် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်မဲဆွယ် ကာလအတွင်း ဥပဒေနှင့်မညီသည့် ငွေချေးလုပ်ငန်းလုပ်ဆောင်ခြင်း၊ ရွေးကောက်ပွဲအသုံးစရိတ် အချိန်မီတင်ပြနိုင်ခြင်းမရှိခြင်း၊ ဌာနပိုင်မြေပေါ်တွင် အဆောက်အဦဆောင်လုပ်ခြင်းနှင့် မဲဆွယ်စည်းရုံးရာတွင် ဘာသာရေးကို အကြောင်းပြုကာ မဲဆွယ်စည်းရုံး ခြင်းပြုလုပ်ခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းက တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မေလ ၃၁ ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်ကြားသူကို အနိုင်ပေးသည့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ အမိန့်အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒုတိယမဲအများဆုံးရရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စား လှယ်လောင်း ဦးသိန်းထိုက်အောင်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်သည်။ 

ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment