Saturday, June 1, 2019

ဟွန်းဒူးရပ်စ်နိုင်ငံရှိ အမေရိကန်သံရုံးကို ဆန္ဒပြပြည်သူများ မီးရှို့ဖျက်ဆီး


ဟွန်းဒူးရပ်စ်နိုင်ငံ၊ Tegucigalpa မြို့တော်ရှိ အမေရိကန်သံရုံးကို ဆန္ဒပြသူတွေက မေ(၃၁)ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဟွန်းဒူးရပ်စ်သမ္မတ Juan Orlando Hernandez ကို ရာထူးကနေဆင်းပေးဖို့ ပြည်သူထောင်ပေါင်းများစွာ ချီတက်တောင်းဆိုခဲ့ပြီး နောက်တစ်ရက်မှာ ဆန္ဒပြသူတွေက အမေရိကန်သံရုံးကို မီးရှို့ခဲ့ ကြတာပါ။ 
  
အမေရိကန်သံရုံးရဲ့ အ၀င်ဝမှာ မီးရှို့ခဲ့တာဖြစ်လို့ သံရုံးရဲ့ဝင်ပေါက်တစ်ခုလုံး မီးလောင်သွားပြီး မီးခိုးငွေ့တွေ တလိပ် လိပ်ထွက်နေတာကို တွေ့ရပါတယ်။ ဒီမြင်ကွင်းကို အနီးနားကလူတွေကလည်း ဟမ်းဖုန်းနဲ့ မှတ်တမ်းတင်ရိုက်ယူခဲ့ကြ ပါတယ်။ မီးလောင်မှုကိုတော့ ဒေသခံမီးသတ်သမားတွေက လာရောက်ငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 
သမ္မတရဲ့ အစိုးရဟာ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကို ပုဂ္ဂလိကကို လွှဲပြောင်းပေးဖို့ ကြိုးစားနေတာ ကြောင့် မေ(၃၀)ရက်က ကျောင်းဆရာ/ဆရာမတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းသားတွေဟာ Tegucigalpa မြို့တော်က လမ်းမတွေပေါ်တက်ပြီး သမ္မတကို ရာထူးကနေဆင်းပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 


ဘာသာပြန် - စုစံစိုး
One News Myanmar 

0 comments:

Post a Comment