Sunday, June 2, 2019

၁၄ ကြိမ်မြောက် OIC အစည်းအဝေးတွင် ဘင်္ဂါလီအရေးနဲ့စပ်လျဉ်းပြီး တိုက်တွန်းဖျောင်းဖျချက် ထုတ်ပြန်ခဲ့


အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ရဲ့ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ကျင်းပခဲ့ကြရာ အစ္စလာမစ်ကမ္ဘာကို ထိခိုက်နေတဲ့ အကြောင်းအရာအချို့အပေါ် ထားရှိတဲ့ ၄င်းတို့ရဲ့သဘောထားတွေကို ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။ 
အဆိုပါ ၁၄ ကြိမ်မြောက် OIC အစည်းအဝေးကို မေလ ၃၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမစ်နိုင်ငံတွေမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။ 
ဇွန်လ ၁ ရက်နေ့ အပိတ်ဆွေးနွေးပွဲ အဆုံးသတ်ချိန်မှာတော့ အစ္စရေး - ပါလက်စတိုင်းအရေးကိစ္စမှာ နှစ်နိုင်ငံသီးခြားနေရေးကို ပျက်ပြားစေမယ့် အစ္စရေးတို့ရဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း၊ ဂျေရုစလင်သို့ သံရုံးပြောင်းရွှေ့မယ့် နိုင်ငံတွေကို ဆီလျော်သလို အရေးယူတုံ့ပြန်စေလိုကြောင်း၊ ပါလက်စတိုင်းအစိုးရအား ထောက်ပံ့ရန် ဘတ်ဂျက်စုဆောင်းဖို့ လိုအပ်ကြောင်း ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။ 
ဘင်္ဂါလီမွတ်စလင်များ အတိဒုက္ခရောက်ရခြင်းနဲ့ပတ်သက်ပြီး ၄င်းတို့အပေါ် အကြမ်းဖက်တိုက်ခိုက် နေမှုများအား ရပ်တန့်ပေးစေလိုကြောင်း ၊ မြန်မာအစိုးရဟာ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူတွေကို ကာကွယ်ရမယ့်တာဝန် ရှိနေကြောင်း ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။ 
ထို့နောက်မှာတော့ အကြမ်းဖက်ဝါဒကို ထောက်ပံ့ကူညီနေတဲ့နိုင်ငံအဖြစ် ဆူဒန်နိုင်ငံအား သတ်မှတ်ထားတာကို အမေရိကန်အနေဖြင့် ဖယ်ရှားပေးရန် တိုက်တွန်းပြောကြားခဲ့ကြပါတယ်။ 
ဒါ့ပြင် အစ္စလာမ်မုန်းတီးရေးစိတ်အစွဲဟာ လူမျိုးရေးနဲ့ဘာသာရေး ခွဲခြားဆက်ဆံမှုရဲ့ အသွင် တစ်မျိုးဖြစ်ပြီး မွတ်စလင်များအပေါ် ခန္တီတရား နည်းပါးလာခြင်း၊ မုန်းတီးအကြမ်းဖက်လာခြင်းများ တိုး၍ဖြစ်ပေါ်နေခြင်းဟာ ကမ္ဘာတစ်ဝန်းမှာ အစ္စလာမ်မုန်းစွဲ ကြီးထွားလာနေခြင်းရဲ့ သက်သေ တစ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ 



(Ref : Reuters)
ZHO (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment