Saturday, June 1, 2019

တိုက်ပွဲအတွင်း သူပုန် ၂၆ ဦးကို သုတ်သင်ခဲ့ဟု ကွန်ဂိုတပ်ဖွဲ့ ပြော


ကွန်ဂိုနိုင်ငံ၊ ဘန်နီမြို့၊ ကျေးရွာတရွာမှာ မေလ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကွန်ဂိုတပ်ဖွဲ့ဝင်တွေက အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်တယ်လို ယူဆရတဲ့ သူပုန် ၂၆ ယောက်ကို သုတ်သင်ခဲ့တယ်လို့ ကွန်ဂိုစစ်တပ်က ပြောပါတယ်။ 
မဟာမိတ် ဒီမိုကရက်တစ်တပ်ဦး(ADF) အဖွဲ့က သူပုန်တွေဟာ အဲဒီရွာမှာရှိတဲ့ စစ်စခန်းတခုကို ၀င်တိုက်တာကြောင့် ကွန်ဂိုတပ်ဖွဲ့ဝင်တွေက ပြန်ပစ်ခဲ့တာလို့ ကွန်ဂိုအရှေ့ပိုင်း စစ်တပ်ပြောခွင့်ရ အရာရှိတဦးက ပြောပါတယ်။ 

ADF အဖွဲ့ဟာ ကွန်ဂိုနဲ့ ယူဂန်ဒါ နယ်စပ်တလျောက် နှစ် ၂ဝ ကျော်ကြာ လှုပ်ရှားနေပြီး အိုင်အက်စ်အဖွဲ့အပေါ် သစ္စာခံတာကို ဘယ်တုန်းကမှ ၀န်မခံခဲ့ပါဘူး။ 

ဘန်နီမြို့ဟာ ပြည်သူ့စစ်အဖွဲ့တွေနဲ့ လက်နက်ကိုင်ဂိုဏ်းတွေ လှုပ်ရှားနေတဲ့ နယ်မြေတခု ဖြစ်သလို ဆိုးရွားတဲ့ အီဘိုလာရောဂါပျံ့ပွားနေတဲ့ ဗဟိုချက်လည်း ဖြစ်ပါတယ်။ 

ကွန်ဂိုနိုင်ငံမှာ ၂၀၁၈ သြဂုတ်က အီဘိုလာရောဂါ စတင်ပျံ့ပွားခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၁၃ဝဝ ကျော် ရှိလာပါပြီ။ 

ဘန်နီမြို့ ၀န်းကျင်မှာ ပဋိပက္ခတွေ တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေကြောင့် အီဘိုလာရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနေရပါတယ်။

DVB

0 comments:

Post a Comment