Saturday, June 1, 2019

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန်အပါအ၀င် လေးဦးကို ၀ရမ်းပြေအဖြစ်ကြေညာ


အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌဦးစိုးထွန်းရှိန် အပါအ၀င် လေးဦးကို အလိုရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေလ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ)၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများဖြစ်သည့် စိုးထွန်းရှိန်(၄၇)နှစ်၊ (ဖ)ဦးကြည်ရှိန်၊ အမှတ်(၄၂/B) ၊(၉)မိုင်၊ မစိုးရိမ်လမ်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂၁/၂၃)၊ ဓမ္မာရုံလမ်း၊ ကန်တော်လေး(တောင်)ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁၀၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ညီညီလွင်(၄၅)နှစ်၊ (ဖ)ဦးအုန်းလွင်၊အနောက်မြောက် ရပ်ကွက်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ခင်ဇော်(၅၆)နှစ်၊ (ဖ)ဦးခင်မောင်၊ ကျောက်ပုထိုး ကျေးရွာ၊ ကောလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းမင်းစိုး(၃၃)နှစ်၊ (ဖ)ဦးတင်အောင်၊ ကွံကြီးကုန်းကျေးရွာ၊ နတ်မောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စောမောင်(၃၁)နှစ် (ဖ)ဦးလှမြိုင်၊ ချောင်းကြီးကျေးရွာ၊ သပိတ်ကျင်းမြို့နယ်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

သတင်း - ကိုကို 
ဓာတ်ပုံ - ရဲဇာနည်ဖေစ့်ဘွတ်ခ်
The Standard Time Daily 

0 comments:

Post a Comment