Sunday, June 2, 2019

အခွန်သည်လုပ်ငန်းရှင်တွေအတွက် မက်လုံးဖြစ်ဖို့လိုတယ်ဟု ဒေါက်တာအောင်ထွန်းသက်ပြော


အခွန်သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် မက်လုံးဖြစ်ရန်လိုအပ်ကြောင်း ယခင်အစိုးရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ 
လက်ရှိတွင် အခွန်နှုန်းသာ တိုးသွားသော်လည်း ပေးဆောင်မည့်သူ နည်းပါးသည့်အတွက် ဝင်ငွေခွန် ဥပဒေကို အသစ်ပြန်လည် ရေး ဆွဲနေပြီး မူကြမ်းအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ဝင်ငွေခွန် ဥပဒေသစ်တွင် လက်ရှိ အသုံးပြုနေသည့် ဝင်ငွေခွန်ခေါင်းစဉ် ခုနှစ်မျိုးအနက် လေးမျိုးကို လျှော့ချထားပြီး ပြန် လည်ကောက်ခံမည့် ဝင်ငွေခွန်တွင် စီးပွားရေးလုပ်ငန်းမှ ရငွေနှင့် လစာရငွေတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 
သို့သော် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံရရှိမှုကို GDP အချိုးချ လိုက်ပါက နိမ့်ကျနေသေးကြောင်း သိရသည်။ 
“ သူဌေးတွေချမ်းသာမှ ဝန်ထမ်းတွေ အများကြီးကို အလုပ်ပေးနိုင်မှာ။ နိုင်ငံတော်အစိုးရက အာရုံစိုက်ပြီးလုပ်တဲ့အချိန်မှာ ပုဂ္ဂလိ က ကဏ္ဍကလည်း လုပ်ဖို့လိုတယ်။ အခွန်ကောက်တာက တစ်ခု၊ အခွန်ရဖို့က တစ်ခု၊ အခွန်ရဖို့ လိုတယ်။ အခွန်ပေး ချင်အောင် ဘယ်လိုလုပ်မလဲ။ အခွန်လုံးဝ မကောက်ဘူးဆိုတာလည်း မဖြစ်နိုင်ဘူး။ အခွန်သည် လုပ်ငန်းရှင်တွေအတွက် မက်လုံးဖြစ်ဖို့လို တယ်။ လုပ်ငန်းရှင်တွေအတွက် ဈေးဖြစ်နေတာကိုး။ လွယ်လွယ်ကူကူ ပေးနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားဖို့ လို တယ်”ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။ 
ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုအပါအဝင် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် ဟိုတယ် ၊တည်းခိုခန်းနဲ့ စားသောက်ဆိုင် ၄၀၀ ဝန်းကျင်ကို အရေးယူခဲ့ရာမှ ဒဏ်ငွေကျပ် ၈၇ ဒဿမ ၂၂၅ သန်းရရှိခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်း ပသည့် နိုင်ငံတော် ဒုသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားထားသည်။ 
ငွေရှင်းပြေစာပေါ်တွင် အခွန်ကျသင့်ငွေအတိုင်း အခွန်တံဆိပ် မကပ်နှိပ်ခြင်း၊ ငွေသာကောက်ခံပြီး အခွန်တံဆိပ် ကပ်နှိပ်မပေး ခြင်းများ အပါအဝင် အခွန်နှင့်ပတ်သက်ပြီး စားသုံးသူတွေမှ တစ်ဆင့် ဟိုတယ် ၊တည်းခိုခန်းနဲ့ စားသောက်ဆိုင် ၄၀၀ ဝန်းကျင်ကို တိုင်ကြားမှုရှိခဲ့သည့်အတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

စုသက်နှင်း (အကုန်သိသတင်းဌာန)

0 comments:

Post a Comment