Saturday, June 1, 2019

အီရတ်တွင် ဗုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရ


အီရတ်နိုင်ငံ ရေနံကြွယ်ဝရာ ကယ်ကွတ်မြို့မှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲတဲ့ အတွက် လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရတယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက မေလ ၃၀ ရက်နေ့မှာ ပြောပါတယ်။ 
ကယ်ကွတ်မြို့ အဓိက လမ်းမကြီး ၃ ခုမှာ လက်လုပ်ဗုံး ၆ လုံးထက်မနည်းပေါက်ကွဲခဲ့ပြီး နောက်ထပ် ဗုံး ၂ လုံးကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကြိုတင်တား ဆီးနိုင်ခဲ့တယ်လို့ ပူးတွဲစစ်ဆင်ရေးဌာနချုပ် ပြန်ကြားရေးရုံးက သတင်းထုတ်ပြန်ပါတယ်။ 

အဲဒီထုတ်ပြန်ချက်မှာတော့ လူ ၃ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ 

ရဲတပ်ဖွဲ့ဝင် တယောက်သေဆုံးပြီး ကျန် ၄ ယောက် ဒဏ်ရာရတယ်လို့ ကယ်ကွတ်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။ 

ပေါက်ကွဲမှုဖြစ်ရာ နေရာတွေမှာ ကုန်တိုက်နှစ်ခု၊ ရေခဲမုန့်ဆိုင်တဆိုင်နဲ့ အသားဆိုင် တဆိုင်တို့ ပါဝင်တယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။ 

ပေါက်ကွဲမှု ဖြစ်ရာနေရာကိုသွားတဲ့ လမ်းတွေအားလုံးကို လုံခြုံရေး တပ်ဖွဲ့တွေက ပိတ်ပြီး စတင် စုံစမ်းစစ်ဆေးနေတယ်လို့ ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment