Thursday, August 1, 2019

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ဘက်စုံဒေသဖွံ့ဖြိုးရေး လုပ်မည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးပြီးနောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ဘက်စုံဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအတွက် ဂျပန်အခြေစိုက် နိပွန်ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ခြောက်သောင်းခြောက်ထောင်ကျော်ဖြင့် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မြစ်ရေတက်နေသဖြင့် မကွေးတိုင်းတွင် လူသုံးထောင်ကျော် ရွှေ့ပြောင်းထားရ

ဧရာဝတီမြစ်ရေမြင့် တက်လာခြင်းကြောင့် မကွေး တိုင်းအတွင်းရှိ လူဦးရေ ၃,၀၀၀ ကျော်ကို ရွှေ့ပြောင်းနေရာချပေး ထားကြောင်း မကွေးတိုင်းဒေသ ကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာန တိုင်းညွှန်ကြားရေးမှူးဦးမြင့် စိုးက ပြောသည်။

NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ပိတ်ပင်ခံရဟု တရားစွဲဆိုခံ ကရင်နီလူငယ်များ ပြော

Image may contain: 3 people, people standing, tree and outdoor
NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခံထားရကြောင်း တရားစွဲဆိုခံ ကရင်နီလူငယ်များက ယနေ့ ရုံးထုတ်တွင် ပြောဆိုလိုက်သည်။

ယင်းမာပင်မြို့နယ် လျှပ်စစ်မီးသွယ်တန်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသဖြင့် ရဲက ပစ်ခတ်လူစုခွဲ ၄ ဦးဒဏ်ရာရ


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာမှာ ဇူလိုင် ၃၁ ရက်က မီးလိုင်းသွယ်တန်းသူတွေက ရွာထဲက ဖြတ်ကာ အုန်းတောကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီးသွယ်တန်းဖို့ လုပ်ဆောင်ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဆရာမ နှင်းနုကို သံသယတရားခံအဖြစ် လျှောက်ထားမှု ဥပဒေနဲ့ မညီညွတ်ဟု ဆို

ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူမှ ဆရာမ နှင်းနုကိုသံသယတရားခံအဖြစ် ရုံးတော်ရှေ့ ခေါ်ဆောင်စစ်ဆေးပေးရန် ဦးတိုက်လျှောက်ထားမှုနှင့်ပတ်သက်၍ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ယနေ့ရုံးချိန်းတွင် ဥပဒေအရာရှိက တင်ပြခဲ့သည်။

ပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ်ကတ် အတိုးနှုန်းများ တိုးမြှင့်သတ်မှတ်

မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ အကြွေးဝယ်ကတ် (Credit Card) အတိုးနှုန်းများ ဘဏ်တစ်ခုချင်းစီ၏ မူဝါဒအလိုက် အသီးသီးတိုးမြှင့် သတ်မှတ်ကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။

အောင်ဘာလေထီ ကျပ်သိန်းပေါင်းတစ်သောင်းခွဲဆု ပိုင်ရှင်မပေါ်သေး

၆ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးကို ဟင်္သာတမြို့၊ ကမ္ဘောဇဘဏ်ရှေ့ အမှတ် ၂၁၀ နတ်မော်လမ်းရှိ မင်္ဂလာစွယ်တော်ထီဆိုင်မှ ဆွတ်ခူးခဲ့သော်လည်း ကံထူးရှင်ကိုမူ ယနေ့မွန်းလွဲ ၂ နာရီကျော်သည့်တိုင်အောင် ရှာဖွေဆက်သွယ်၍ မရသေးကြောင်း ထီဆိုင်ပိုင်ရှင် ဦးသိန်းအောင်က ပြောကြားသည်။

ဟောင်ကောင်ဆန္ဒပြမှုအပေါ် သည်းမခံတော့ဟု တရုတ်စစ်ဘက် သတိပေး

Image may contain: one or more people, shoes and outdoor
လတ်တလောဖြစ်ပွားလျက်ရှိသည့် ဆန္ဒပြမှုများသည် အများပြည်သူ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေပြီး ဆက်လက်သည်းခံတော့မည် မဟုတ်ဟု ဟောင်ကောင်ရှိ တရုတ်စစ်ဘက် အကြီးအကဲက ပြောဆိုလိုက်ကြောင်း Guardian သတင်းဌာနက ဖော်ပြသည်။

မောက်မယ်မြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်

No photo description available.

သြဂုတ်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၂၉)မိနစ်၊ (၅၃)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် (၅၈)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ‌မောက်မယ်မြို့၏ အရှေ့တောင်ဘက် (၂၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၀.၁၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၅)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

NLD နှင့် တပ်မတော်ပူးပေါင်းကာ ပြည်သူ့မျက်နှာကို ရှေ့ရှုပြီး ညှိညှိနှိုင်းနှိုင်းဖြင့် ဖွဲ့စည်းပုံကိုပြင်ဆင်ပေးရန် ရှမ်းနှင့် ရခိုင် တိုက်တွန်း

Image may contain: 7 people, people sitting, hat and child

လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် အဓိက အခရာကျသည့် အင်းအားစုကြီး နှစ်ခုဖြစ်သော အာဏာရ NLD ပါတီနှင့် တပ်မတော်တို့ ပူးပေါင်းကာ ပြည်သူ့မျက်နှာကို ရှေးရှုပြီး ညှိညှိ နှိုင်းနှိုင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့ က တိုက်တွန်းလိုက်သည်။

အထွေထွေအာမခံလုပ်ငန်းနှင့် အသက်အာမခံလုပ်ငန်း ဖက်စပ်လုပ်ကိုင်ခွင့်ရရှိမည့် ပြည်တွင်း၊ ပြည်ပ အာမခံကုမ္ပဏီများစာရင်း ထုတ်ပြန်


ဖက်စပ်အထွေထွေအာမခံလုပ်ငန်းနဲ့ ဖက်စပ်အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမယ့် ပြည်တွင်း၊ပြည်ပ အာမခံကုမ္ပဏီတွေ စာရင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ်(၁)ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကားဖြင့်တိုက်မိသေဆုံးသွားသည့် ဇနီးမောင်နှံ၏သမီးနှစ်ဦးကို ဘတ် ၄၅ သန်း လျော်ကြေး ပေးပြီး မွေးစား

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ ဧပြီလက လုပ်ငန်းရှင်သူဌေးတဦးမောင်းလာတဲ့ ကားနဲ့ ဒုရဲမှူးကြီးမိသားစု စီးလာတဲ့ကားတို့ တိုက်မိပြီး ဒုရဲမှူးကြီးရော ဇနီးဖြစ်သူပါ အခင်းဖြစ်နေရာမှာ သေဆုံးကာ အသက် ၁၂ နှစ်ရွယ် သမီးလေးပါ ဒဏ်ရာပြင်း စွာရခဲ့ပါတယ်။

ဒဂုံဧရာ အဝေးပြေးကားဝင်းရှေ့တွင် ခရီးသည် လုခေါ်ရာမှ လူသတ်မှုဖြစ်

လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်းရှေ့တွင် သြဂုတ် ၁ ရက် (ယနေ့) နံနက် ၅ နာရီက ခရီးသည် လုခေါ်သည့် ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားနှစ်ဦး စကားများရာမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

မှိုဆိပ်နှင့် ဓာတုဓာတ်ကြွင်းတိုင်းတာသည့် ဓာတ်ခွဲခန်း တည်ဆောက်မည်

မန္တလေးတိုင်းဒေသကြီးတွင် ပထမဆုံးအဖြစ် အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် ဓာတုဓာတ်ကြွင်းတိုင်းတာသည့် ဓာတ်ခွဲခန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း အစားအသောက်ဘေးကင်းလုံခြုံရေးအစီအစဉ် (Food Safety Project) အရ သိရသည်။

နေပြည်တော် ဗစ်တိုးရီးယားအမှုကို နှစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည်

Image may contain: text

သက်ငယ် မုဒိန်းမှု တခု ဖြစ်သည့် နေပြည်တော်မှ ဗစ်တိုးရီးယား အမှုကို လာမည့်ရုံးချိန်းများမှစ၍ ဗုဒ္ဓဟူးနေ့တိုင်း နှစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း အောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က သြဂုတ် ၁ ရက် ကပြုလုပ်သည့် တတိယအကြိမ်ရုံးချိန်းတွင် မီဒီယာများသို့ ပြောဆိုလိုက်သည်။

ကချင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ဦးဇော်ဝင်းကိုခန့်အပ်

Image may contain: 3 people, people sitting
တနိုင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းအား ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အဖြစ် ခန့်အပ် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဘီယာဆိုင်တွင် လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သက်ဖြတ်ခဲ့မှု ရဲတပ်ဖွဲ့က လူ ၁၀ ဦးကို ညတွင်းချင်းဖမ်းမိ

Image may contain: 9 people, people standing
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မူ (၁) ရပ်ကွက်၊ (၅၈) လမ်းနှင့် ကျန်စစ်သားလမ်းထောင့်ရှိ ဘီယာဆိုင်တွင် ဇူလိုင် (၃၁) ရက် ညနေပိုင်းက အမျိုးသားတစ်ဦးကို လူ (၁၀) ဦးက အုတ်ခဲဖြင့်ထု၊ ဝိုင်းရိုက်သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျုးလွန်သူများကို ညပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။

တိုင်းရင်းသားများနှင့် EAO များပါဝင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းရန် တစ်သီးပုဂ္ဂလ အမတ်အကြံပြု

ကန့်ကွက်မှုများဖြင့် ကြုံတွေ့နေရသည့် အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ၏ အစီ ရင်ခံစာနှင့်ပတ်သက်၍ တိုင်းရင်းသားများနှင့် EAO များပါဝင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရန် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ တစ်သီးပုဂ္ဂလအမတ်ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက အကြံပြုပြောဆိုလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၁၂၃ နိုင်ငံအဖြစ် တိုဂိုသမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်

Image may contain: 4 people, people sitting, table and indoor

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တိုဂိုသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူကြီးများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက် ခိုင်မာစေရန် ဆန္ဒရှိကြသည့်အားလျော်စွာ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့ကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

တရုတ်ခရီးသွားများထံမှ ထိုက်သင့်သည့်ဝင်ငွေများ ရရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရှိရပြီး Zero Budget ဆိုသည်မှာ တင်စားပြောဆိုခြင်းသာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

တရုတ်ခရီးသွားများထံမှ ထိုက်သင့်သည့် ဝင်ငွေများ ရရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရှိရပြီး Zero Budget ဆိုသည်မှာ တင်စားပြောဆိုခြင်းသာဖြစ်ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။